ကွမ်ကျိုး၊ မေ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ကုလသမဂ္ဂ (UN) အာရှ-ပစိဖိတ် စီးပွားရေးနှင့်လူမှုရေးကော်မရှင် (ESCAP) ၇၈ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ မေ ၂၃ ရက်က ကွမ်ကျိုးမြို့မှ ဗွီဒီယိုဖြင့် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
ပေကျင်း ၊ မေ ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ချင်းဟိုင်-တိဗက် ကုန်းပြင်မြင့်ပေါ် နှင့် ယန်ဇီမြစ်ဝှမ်း ၊ မြစ်ဝါမြစ်ဝှမ်းတို့တွင် အမျိုးသားဥယျာဉ် လုပ်ငန်းအသစ်များ ထူထောင်သွားမည် ဖြစ်ကြောင်း အမျိုးသားသစ်တောလုပ်ငန်း နှင့် မြက်ခင်းပြင် စီမံခန့်ခွဲရေး အဖွဲ့ က မေ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
ကူမင်း၊ မေ ၂၃ ရက်(ဆင်ဟွာ) ဆောက်လုပ်ရေးသမားများ၏ မဆုတ်မနစ်ကြိုးပမ်းမှုများကြောင့် မေ ၂၀ ရက်တွင် ပိုင်ဟဲ့ထန်း(Baihetan) ညာဘက်ကမ်းရှိ မြေအောက်စက်ရုံအတွင်း အမှတ် ၉ စက်အုပ်စု တပ်ဆင်မှုလုပ်ငန်း အားလုံးပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ ၎င်းမှာ ပိုင်ဟဲ့ထန်း(Baihetan) ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ခြင်း၏ ကြီးမားသော တိုးတက်မှုဖြစ်သလို ပိုင်ဟဲ့ထန်း(Baihetan) ရေအားလျှပ်စစ်စက်ရုံ...
ကွမ်ကျိုး၊ မေ ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Bilawal Bhutto Zardarတို့သည် မေ ၂၂ ရက် တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲ အတူကျင်းပခဲ့သည်။
ဖရန့်ဘတ် ၊ မေ ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ ဂျာမနီနိုင်ငံ ဖရန့်ဘတ်မြို့(Frankfurt) သို့ မကြာသေးခင်က တတိယမြောက် ကုန်တင်ရထားတစ်စင်း ဆိုက်ရောက်လာရာ ယင်းမှာ ဖရန့်ဘတ်မြို့အတွက် စီးပွားရေးအခွင့်အလမ်းများကို ပိုမိုဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ဒေသဆိုင်ရာ အထွေထွေမန်နေဂျာတစ်ဦးက ပြောကြားခဲ့သည်။
ပေကျင်း ၊ မေ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ရေကြောင်းကုန်စည်ပို့ဆောင်မှုပမာဏသည် ယခုနှစ် ပထမလေးလတာအတွင်း နှစ်အလိုက် ၄ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။
ပေကျင်း ၊ မေ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ယခုနှစ် ရေကြီးရာသီတွင် တုံ့ပြန်မှုဆောင်ရွက်ရန်အတွက် ယွမ်သန်း ၅၀၀ (အမေရိကန်ဒေါ်လာ ၇၄ သန်းခန့်) လျာထားကြောင်း တာဝန်ရှိသူများက မေ ၂၁ ရက်တွင် ပြောကြားခဲ့သည်။အဆိုပါရန်ပုံငွေအား ဘဏ္ဍာရေးဝန်ကြီးဌာန နှင့် ရေအရင်းအမြစ်ဝန်ကြီးဌာနတို့က ပူးတွဲခွဲဝေသတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပေကျင်း ၊ မေ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က BRICS နိုင်ငံများအား အားလုံးအတွက် ကမ္ဘာ့လုံခြုံရေးအသိုက်အဝန်းတစ်ခု တည်ဆောက်ရန် မေ ၁၉ ရက် BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဖွင့်ပွဲ၌ ရုပ်သံမိန့်ခွန်းတစ်ရပ် ပြောကြားရာတွင် တိုက်တွန်းခဲ့သည်။
ပေကျင်း ၊ မေ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ပြည်တွင်းလိုအပ်ချက်ပြည့်မီရေး တိုးချဲ့ရန် ၊ ၎င်း၏ စီးပွားရေးတည်ငြိမ်စေရန် နှင့် အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ကြိုးပမ်းအားထုတ်နေစဉ်အတွင်းမှာပင် ရေသိုလှောင်ထိန်းသိမ်းကန် စီမံကိန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုင်ရို၊ မေ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အာရပ်အဖွဲ့ချုပ် (AL) တို့သည် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေးအတွက် ကတိပြုခဲ့ကြကြောင်း အီဂျစ်နိုင်ငံရှိ တရုတ်သံရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။ အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Liao Liqiang နှင့် အာရပ်အဖွဲ့ချုပ် လူမှုရေးရာ လက်ထောက်...