Connect with us

China

တရုတ်နိုင်ငံက စိမ်းလန်းစိုပြေမှုအတွက် ကြိုးပမ်းအားထုတ်မှုက နိုင်ငံ၏ ပထမဆုံးကာဗွန်ကင်းမဲ့ကျွန်းကို ဖန်တီးပေး

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ရှိ လျင်ဆန်းကျွန်းကို ၂၀၂၃ ခုနှစ် ဇွန် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျီနန်၊ ဇွန် ၇ ရက် (ဆင်ဟွာ)

သန့်စင်သော စွမ်းအင်အရင်းအမြစ်များကို အသုံးပြုလျက် လယ်ယာမြေမှ သစ်တောအသွင်သို့ ကူးပြောင်းခြင်းနှင့် “ကာဗွန်ဖယ်ရှားပေးသောနေရာ” တစ်ခုတည်ဆောက်ခြင်းဖြင့် တရုတ်နိုင်ငံ အရှေ့ပိုင်း ချင်းသောင်မြို့ရှိ လျင်ဆန်းကျွန်းတွင် ကာဗွန်ထုတ်လွှတ်မှု အစွမ်းကုန်တိုက်ဖျက်ရေးကို စတင်ဆောင်ရွက်ခဲ့သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ရှိ လျင်ဆန်းကျွန်းသို့ လာရောက်လည်ပတ်သော ခရီးသွားဧည့်သည်များကို ၂၀၂၃ ခုနှစ် ဇွန် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ရှိ လျင်ဆန်းကျွန်းသို့ လာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည်များက လျှပ်စစ်မော်တော်ယာဉ်များ စီးနင်းနေသည်ကို ၂၀၂၃ ခုနှစ် ဇွန် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ကြိုးပမ်းအားထုတ်မှုများသည် အသိအမှတ်ပြုလောက်ဖွယ် ရလဒ်များ ရရှိခဲ့ပြီး ချင်းသောင်မြို့ West Coast New Area ကျွန်းများကို တရုတ်နိုင်ငံ၏ ပထမဆုံး ကာဗွန်ကင်းမဲ့သောပင်လယ်ကျွန်းအဖြစ် သတ်မှတ်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအတွက် တရုတ်နိုင်ငံက ကတိကဝတ်ကို သရုပ်ဖော်ပြသလျက်ရှိသည်။
တရုတ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှတ်မှုအမြင့်ဆုံးရောက်ရှိကာ ၂၀၆၀ ပြည့်နှစ်တွင် ကာဗွန်ကင်းစင်နိုင်ရေး ရည်မှန်းချက်ချမှတ်ထားပြီး ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး၌ အရေးပါသော အခန်းကဏ္ဍမှ စွမ်းဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)
………………………………
(English Version)
China’s green drive creates country’s first carbon-negative island
JINAN, June 5 (Xinhua) — From transforming farmland back into forests to adopting clean energy sources and establishing a “carbon credit bank,” Lingshan Island in the eastern Chinese city of Qingdao has launched an all-out war against carbon emissions.
These efforts have yielded remarkable results, positioning the island located in the West Coast New Area of Qingdao as China’s first carbon-negative sea island, thereby, demonstrating the country’s commitment to environmental sustainability.
China has set ambitious goals of achieving carbon peak by 2030 and carbon neutrality by 2060, taking a prominent role in the global fight against climate change.
Photo 1: This aerial photo taken on June 5, 2023 shows the Lingshan Island in Qingdao, east China’s Shandong Province. (Xinhua/Li Ziheng)
Photo 2: Tourists visit the Lingshan Island in Qingdao, east China’s Shandong Province, June 5, 2023. (Xinhua/Li Ziheng)
Photo 3: Tourists take electric vehicles as they visit the Lingshan Island in Qingdao, east China’s Shandong Province, June 5, 2023. (Xinhua/Li Ziheng)