ပေကျင်း၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၊ဂျပန်နိုင်ငံ နှင့် တောင်ကိုရီးယားနိုင်ငံတို့၏ ကိုးကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ကို သြဂုတ်လ ၂၁ ရက်တွင် ပေကျင်းမြို့၌ကျင်းပမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သြဂုတ်၁၆ ရက်တွင်ပြောကြားခဲ့သည်။
ပေကျင်း၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) တရုတ်ကာတွန်းရုပ်ရှင် “Ne Zha”သည် စတင်ပြသသည့်အချိန်မှ ၂၁ ရက်အတွင်း ရုံဝင်စာရင်းအရ ဝင်ငွေစုစုပေါင်း ယွမ်၃.၈၂ ဘီလီယံ(အမေရိကန်ဒေါ်လာ ၅၄၂သန်း)ရရှိကာ ထိပ်တန်း၌ဆက်လက်ရပ်တည်ခဲ့ကြောင်း တရုတ်ရုပ်ရှင်သတင်းအချက်အလက်ကွန်ယက်က သြဂုတ်၁၅ရက်တွင်ပြောသည်။
ပေကျင်း၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ် (CFA) က ၁၁ ကြိမ်မြောက် အသင်းဝင်ညီလာခံအား သြဂုတ် ၂၂ ရက်တွင် အမျိုးသား ဘောလုံး လေ့ကျင့်ရေးစင်တာ၌ ကျင်းပကာ ဥက္ကဋ္ဌတစ်ဦး၊ ဒုတိယဥက္ကဋ္ဌများနှင့် အမှုဆောင်ကော်မတီအား ရွေးချယ်မည်ဖြစ်ကြောင်း CFA က သြဂုတ်...
ပေကျင်း၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ) တရုတ်-အိန္ဒိယ နှစ်နိုင်ငံ အဆင့်မြင့်အရာရှိ လူမှုရေးရာဖလှယ်မှုဆိုင်ရာ ဒုတိယအကြိမ် အစည်းအဝေး ကို သြဂုတ် ၁၂ ရက်က ပေကျင်းမြို့တွင် ကျင်းပရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဆူဘရာမန်ယန် ဂျိုင်ရှန်ကာတို့က အစည်းအဝေးသဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း...
ပေကျင်း၊ သြဂုတ် ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဒုတိယ သမ္မတ ဝမ်ချီစန်း(Wang Qishan)နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာ ဝန်ကြီး ဆူဘရာမန်ယန် ဂျိုင်ရှန်ကာ(Subrahmanyam Jaishankar)တို့သည် သြဂုတ် ၁၂ ရက်က ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ လကမ္ဘာသွားယာဉ် Yutu-2 သည် လပေါ်တွင် မည်သူမျှမရောက်သေးသည့်နေရာ၌ လကမ္ဘာ၏အခြားတစ်ဖက်ခြမ်းတွင် သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်းရှာဖွေမှု လုပ်ဆောင်ရန် ၂၇၁ မီတာ မောင်းနှင်သွားရောက်ခဲ့ကြောင်း သိရသည်။
ချုံချင့် ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) သည် လာအိုနိုင်ငံသို့သွားရောက်ကာ လူသားချင်းစာနာမှုအစီအစဉ်အတွက် စစ်ဆေးဖက်ဆိုင်ရာကယ်ဆယ်ရေး ပူးတွဲလေ့ကျင့်မှုတစ်ခုကို သြဂုတ် ၁၃ ရက် မှ သြဂုတ် ၂၆ ရက်အထိ ၁၄ ရက်ကြာပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်ပေ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) တရုတ်တိုင်ပေ အရှေ့ပိုင်း ယိလန်နယ်မြေတွင် သြဂုတ်လ ၈ ရက် နံနက် ၅း၂၈ နာရီက အင်အား ၆.၄ ပမာဏရှိသော ငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။
နန်ကျင်း ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ) စမ်းသပ် ပျံသန်းမှုပေါင်းများစွာကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီးနောက်တွင် တရုတ်နိုင်ငံ၏ ပြည်တွင်းထုတ်လုပ်သော C919 ဂျမ်ဘိုဂျက်လေယာဉ်ကို လာမည့် ၂ဝ၂၁ ခုနှစ်တွင် နိုင်ငံ၏ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့မှ ပျံသန်းခွင့်လက်မှတ်ရရှိရန် စီစဉ်ထားကြောင်း C919 ဒီဇိုင်းအကြီးအကဲ Wu Guanghui ၏ပြောကြားချက်အရ သိရသည်။
ဟွက်ဟောက် ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း Inner Mongolia ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဝူယွမ်နယ်မြေတွင် “သိုးကောင်ရေအများဆုံး တစ်ပြိုင်နက်ကင်နိုင်မှု” ဖြင့် ကမ္ဘာ့မှတ်တမ်း ဂင်းနစ်စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။