လားဆ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် 5G အခြေစိုက်စခန်း၂,၈၀၀ ကျော် တည်ဆောက်ထားပြီးဖြစ်ကြောင်း ဒေသအာဏာပိုင်များက ဇန်နဝါရီ ၂၂ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ ပေကျင်းမြို့ တာ့ရှင်းခရိုင်အတွင်းရှိ ဒေသခံများအားလုံးကို မြို့တော်မှ ထွက်ခွာခြင်းမပြုရန် ဇန်နဝါရီ ၂၀ ရက်က တားမြစ်လိုက်သော ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ဇန်နဝါရီ၂၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံနှင့်သက်ဆိုင်သော အရေးကိစ္စရပ်များစွာတွင် ရူးမိုက်စွာ အမေရိကန်က ပါဝင်ဆောင်ရွက်မှုများအတွက် အဓိက တာဝန်ရှိသူများ နှင့် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ဆိုးဆိုးရွာရွာ ပါဝင် ချိုးဖောက်ခဲ့ကြသည့် လူပုဂ္ဂိုလ် ၂၈ ဦးအား ဒဏ်ခတ်အရေးယူပိတ်ဆို့ရန် တရုတ်နိုင်ငံက ဆုံးဖြတ်လိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ယနေ့ ဇန်နဝါရီ ၂၁...
ကျန်းကျားခို၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် ၂၀၂၂ ခုနှစ် ပေကျင်း အိုလံပစ်နှင့် မသန်စွမ်းအိုလံပစ် ဆောင်းရာသီအားကစားပွဲများ၏ ကျန်းကျားခို ပြိုင်ပွဲဇုန်အား ဇန်နဝါရီ ၁၉ ရက်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံတွင် ခရီးသည်နှင့် ကုန်ပစ္စည်း ရထားသယ်ယူပို့ဆောင်မှုစွမ်းရည်ကို မြှင့်တင်ရန်အတွက် ရထားပြေးဆွဲမှုစီမံကိန်းသစ်ကို ယနေ့ (ဇန်နဝါရီ ၂၀ ရက်)က စတင်လိုက်ကြောင်း တရုတ်နိုင်ငံ မီးရထားဌာနမှ သိရသည်။
ချန်ရှီး၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ချိန်တူး-ကွေ့ယန် မြန်နှုန်းမြင့် ရထားလမ်း၏ ရှီးချီမြစ်ကူးတံတားကြီးသည် တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ပိကျယ်မြို့ ဝူမုန်ဆန်းတောင်ရှိ ရှီးချီ ချောက်ကမ်းပါးကို အလျားလိုက်ချိတ်ဆက်ထားခြင်း ဖြစ်သည်။
ရှီးချန်း၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ မိုဘိုင်းဆက်သွယ်ရေး ဂြိုဟ်တုအသစ်တစ်စင်းကို ဇန်နဝါရီ ၂၀ ရက်က အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်း သိရသည်။
ရှန်ဟိုင်း၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အမေရိကန် လျှပ်စစ်ကားထုတ်လုပ်မှုကုမ္ပဏီ “Tesla”သည် တရုတ်နိုင်ငံတွင် ထုတ်လုပ်သည့် ၎င်း၏Model Yမော်တော်ယာဉ်ကို တနင်္လာနေ့က စတင်၍ ဖြန့်ချိခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဇန်နဝါရီ ၂၅ ရက်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြုလုပ်မည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) Davos Agenda သို့ ပေကျင်းမြို့မှနေ၍ တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ...
ကူမင်း၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ စစ်ဆောင်ပန်နား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျင်ဟုန်းမြို့နှင့် မုန်ဟိုင်ခရိုင်ကို ချိတ်ဆက်ထားသည့် ကျင်ဟိုင် အဝေးပြေးလမ်းမကြီးကို ဇန်နဝါရီ ၁၅ ရက်က အပိုင်းခွဲ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်နိုင်မှုသည် “မုန့်ဟိုင်ခရိုင်သို့ အဝေးပြေးလမ်း မရောက်ရှိနိုင်”ဟူသော...