Connect with us

China

တရုတ်နိုင်ငံတွင် တပ်ဆင်သော A321neo လေယာဉ်ကို Airbus စတင်လွှဲပြောင်း

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့ရှိ လေယာဉ်ရှေ့တွင် ပထမဆုံး တရုတ်နိုင်ငံ၌ တပ်ဆင်သော A321neo လေယာဉ် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား တက်ရောက်သော ရှန်ဟိုင်းအခြေစိုက် Juneyao Air လေကြောင်းလိုင်းမှ ဝန်ထမ်းများကို ၂၀၂၃ ခုနှစ် မတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထျန်းကျင်း၊ မတ် ၂၅ ရက် (ဆင်ဟွာ)

ဥရောပလေယာဉ်ထုတ်လုပ်ရေး Airbus က တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့ရှိ Final Assembly Line Asia (FALA) စက်ရုံ၌ တပ်ဆင်သော A321neo လေယာဉ်ကို မတ် ၂၄ ရက်က စတင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် ပထမဆုံး တရုတ်နိုင်ငံ၌ တပ်ဆင်သော A321neo လေယာဉ်ကို ၂၀၂၃ ခုနှစ် မတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


ပထမဆုံး တရုတ်နိုင်ငံ၌ တပ်ဆင်သော A321neo လေယာဉ်ကို ရှန်ဟိုင်းအခြေစိုက် Juneyao Air လေကြောင်းလိုင်းသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

“အသစ်လွှဲပြောင်းပေးအပ်လိုက်တဲ့ A321neo လေယာဉ်က Juneyao လေယာဉ်အုပ်စုရဲ့ ၈၈ စင်းမြောက်ဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာလည်း ထပ်ပြီးတော့ လက်ခံရရှိဦးမှာပါ” ဟု Juneyao Air ၏ စီအီးအို ကျောက်ဟုန်လျန်က ပြောခဲ့သည်။

A320neo လေယာဉ်မိသားစု၏ အကြီးဆုံးအဖွဲ့ဝင်ဖြစ်သော A321neo လေယာဉ်သည် ခရီးသည် ၂၄၄ ဦးကို သယ်ဆောင်နိုင်သည်။

Airbus သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် FALA စက်ရုံ၌ A321 စီးရီးလေယာဉ်ကို စတင်ထုတ်လုပ်ခဲ့သည်။ (Xinhua)

………………………………
(English Version)
Airbus starts delivering China-assembled A321neo aircraft
TIANJIN, March 24 (Xinhua) — European aircraft manufacturer Airbus started delivering A321neo aircraft assembled at its Final Assembly Line Asia (FALA) facility in north China’s Tianjin Friday.
The first China-assembled A321neo aircraft was delivered to Shanghai-based Juneyao Air.
“The newly delivered A321neo aircraft is the 88th member of the Juneyao fleet. More will be received within the year,” said Zhao Hongliang, CEO of Juneyao Air.
A321neo, the largest member of the A320neo family, can carry up to 244 passengers.
Airbus started to produce A321 series aircraft at the FALA facility in November 2022.
Photo 1: Crew members from Shanghai-based Juneyao Air, who attend the delivery ceremony of the first China-assembled A321neo aircraft, pose for a group photo in front of the aircraft in north China’s Tianjin on March 24, 2023. (Xinhua/Zhao Zishuo)
Photo 2: This photo taken on March 24, 2023 shows the first China-assembled A321neo aircraft in north China’s Tianjin. (Xinhua/Zhao Zishuo)