အင်ဒီယားနားပိုလိစ်၊ အမေရိကန်၊ မတ် ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ရှေးဟောင်းအမွေအနှစ်များနှင့် ရှေးဟောင်းပစ္စည်း ၃၆၁ ခုအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးရန် အမေရိကန်နိုင်ငံက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပြုလုပ်သော အခမ်းအနားတစ်ခု၌ ကြေညာခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် မကြာမီကျင်းပမည့် ဥပဒေပြုရေးနှင့် နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုညီလာခံများသို့ တက်ရောက်သတင်းယူရန် ပြည်ပမှ သတင်းစာဆရာ ၁,၀၀၀ ကျော်အပါအဝင် စုစုပေါင်း သတင်းထောက် ၃,၀၀၀ ကျော် စာရင်းပေးထားကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့ ၌ ၂၀၁၉ခုနှစ်အတွင်းပြုလုပ်မည့် အဓိက ဆောက်လုပ်ရေးစီမံကိန်းကြီး စုစုပေါင်း အခု ၃၀၀ ကို အများပြည်သူထံချပြခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ဖေဖော်ဝါရီ ၂၇ ရက်တွင်ပြောကြားခဲ့သည်။
မကာအို ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ မကာအို အထူး အုပ်ချုပ်ခွင့်ရ ဒေသ(SAR) သို့ဇန်နဝါရီလ အတွင်း ခရီးသည် ၃.၄၂ သန်း ဝင်ရောက် ခဲ့ပြီး ယခင်နှစ်ကထက် ၂၄.၉ ရာခိုင်နှုန်း တိုးတက်လာကာ ယခင်နှစ် ဒီဇင်ဘာလကထက် ၄.၁ ရာခိုင်နှုန်း လျော့ကျသွားကြောင်း...
ပေကျင်း ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် မကြာမီကျင်းပမည့် ဒုတိယအကြိမ်မြောက် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန် နှင့် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်အတို့အကြား ဆွေးနွေးပွဲအပေါ် အောင်မြင်မှုရရှိရန် မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ သမ္မတ၏ သံတမန်ရေးရာအကြံပေး Philippe Etienne သည် ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၂ ရက်အထိ တရုတ်နိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ လုခန်းက ဖေဖော်ဝါရီလ ၂၆ ရက်တွင်...
ပေကျင်း၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့၌ စစ်မှုထမ်းဟောင်း လူမှုဖူလုံရေးအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများနှင့် ဘေးကင်းလုံခြုံရေး ထောက်ပံ့ပေးရန် အမျိုးသားစင်တာတစ်ခုအား ဖေဖော်ဝါရီလ ၂၆ ရက်တွင် တရားဝင်စတင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) ဗင်နီးဇွဲလား နိုင်ငံတွင် အခြေအနေ တင်းမာမှု သို့မဟုတ် မတည်ငြိမ်မှုများ ဖြစ်ပွားစေနိုင်သည့် စစ်ရေး ကျူးကျော်မှုများ နှင့် မည်သည့် လုပ်ဆောင်မှုမျိုး မဆို တရုတ်နိုင်ငံ အနေဖြင့် ဆန့်ကျင်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက...
ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (Wang Yi) သည် ဆော်ဒီအာရေဗျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အဒဲလ် အယ်လ်-ဂျူဘီယာ (Adel al-Jubeir) အား မြို့တော် ပေကျင်း၌ ဖေဖော်ဝါရီလ ၂၁ ရက်က လက်ခံတွ့ဆုံခဲ့ကြောင်း သိရသည်။
ဆန်းကျန့်၊ ဖေဖော်ဝါရီ ၂ဝ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်းရှိ နည်းပညာမြို့တော်ကြီးဖြစ်သော ဆန်းကျန့်မြို့(Shenzhen) ၌ ၂ဝ၁၉ ခုနှစ်အတွင်း 5G ကွန်ရက်နည်းပညာ စီးပွားဖြစ် အသုံးပြုမှုအတွက် ကနဦးရှေ့ပြေးစီမံကိန်းကို စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများက ဆိုသည်။