ရှီးချန်း၊ စီချွမ်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် မိုဘိုင်း ဆက်သွယ်ရေးအတွက် ပထမဆုံး ဆက်သွယ်ရေး ဂြိုဟ်တုအား သြဂုတ်လ ၆ ရက် နံနက် အစောပိုင်း က အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် လာအို နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith တို့သည် ပေကျင်းမြို့၌ သြဂုတ်လ ၃ ရက်က တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးမြှင့်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် Pushpa Kamal Dahal (ဝါ) Prachanda ထံသို့ တရုတ်နိုင်ငံက သြဂုတ် ၄ ရက် တွင် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ဒုဋ္ဌဝတီမြစ်နှင့် ငဝန်မြစ်တစ်လျှောက်ရှိ စိုးရိမ်ရေမှတ်အထက် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန်နှင့် မြစ်ရေကြီးမှု ဘေးအန္တရာယ်မှ ကင်းလွတ်ရာသို့ ရှောင်ရှားကြရန် မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ နေ့လည်တိုင်းတာချက်အား သတင်းထုတ်ပြန်သည်။
ချန်ချွမ်း၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျိလင်ပြည်နယ်တွင် နှစ် ၃၀၀၀ သက်တမ်းရှိမည်ဟု ယူဆရသော ရှားပါး တရုတ်ထင်းရှူးပင်ကြီး တစ်ပင်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ဇူလိုင် ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) ဆင်ဟွာ သတင်းအေဂျင်စီ၏ ဥက္ကဋ္ဌ ချိုက်မင်ကျောက် (Cai Mingzhao) သည် UNAIDS ခေါင်းဆောင်များနှင့် ဆန်းသစ် ပြောင်းလဲသူများ ဆု (UNAIDS Leaders and Innovators Award) အား တရုတ်နိုင်ငံ မြို့တော် ပေကျင်း၌...
တိုင်ပေ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) ထိုင်ဝမ်တွင် ဇူလိုင်လ ၁၉ ရက်က အရက်မူးနေသည့် ဘတ်စ်ကား မောင်းသူကြောင့် ဖြစ်ပွားခဲ့သော ယာဉ်မီးလောင်မှုတွင် ယာဉ်ပေါ်ပါ လူ ၂၆ ဦးလုံး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောသည်။
ပေကျင်း၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံ ရေတပ်တို့ ပူးပေါင်း၍ စစ်ရေး လေ့ကျင့်မှုအား တောင်တရုတ်ပင်လယ်တွင် စက်တင်ဘာလ၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဋ္ဌာန ပြောရေး ဆိုခွင့်ရှိသူ Yang Yujun က ဇူလိုင်လ ၂၈ တွင်...
ရှန်ဟိုင်း၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) လူငယ်များ အတွက် G20 ဆက်စပ် ဆွေးနွေးမည့် ဖိုရမ် Y20 ထိပ်သီး အစည်းအဝေးအား တရုတ်နိုင်ငံ ရှန်ဟိုင်း မြို့တွင် ဇူလိုင်လ ၂၇ ရက်တွင် စတင် ကျင်းပခဲ့ကြောင်း သိရသည်။
ကိုင်ရို၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံအနေဖြင့် နိုင်ငံအတွင်းကမ္ဘာလှည့်ခရီးသွားများလာရောက်မှုကိုလာမည့်နှစ်များအတွင်းတိုးတက်လာရန ်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်၌ တရုတ်ကမ္ဘာလှည့်ခရီးသွားများ တိုးတက်ရောက်ရှိလာနိုင်ကြောင်း အီဂျစ်နိုင်ငံကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး ယီဟီရာ ရက်ရှ် (Yehia Rashed) ဇူလိုင် ၂၄ ရက်က ဆင်ဟွာ နှင့် တွေ့ဆုံမေးမြန်းမှုတစ်ခုတွင်ပြောကြားခဲ့သည်။