Connect with us

China

သတင်းလွတ်လပ်မှုကို အလွဲသုံးစားလုပ်ခွင့်မပြုသလို ဟောင်ကောင်ဒေသ၏ စီမံအုပ်ချုပ်ရေးနှင့်သာယာဝပြောရေးကို ဝင်ရောက်စွက်ဖက် အဟန့်အတားလုပ်ခွင့်ပြုမည်မဟုတ်ဟု ဟောင်ကောင်ရှိ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကော်မရှင်နာရုံး ပြောကြား

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ သတ္တမအကြိမ်မြောက် ဥပဒေပြုကောင်စီတွင် လွှတ်တော် အမတ်များ ကျမ်းသစ္စာကြိမ်ဆိုနေသည်ကို ဇန်နဝါရီ ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဟောင်ကောင်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် “မီဒီယာလွတ်လပ်ခွင့် မဟာမိတ်အဖွဲ့”အဖွဲ့ဝင်အချို့နှင့်အတူ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာတွင် ဟောင်ကောင်ဒေသ၏ သတင်းလွတ်လပ်ခွင့်ကို ပြောင်ပြောင်တင်းတင်းအပုပ်ချဖော်ပြထားသလို အထူးဒေသအစိုးရ(HKSAR)၏ ဥပဒေနှင့်အညီ တရားဥပဒေစိုးမိုးရေးဆောင်ရွက်ချက်များကို အရောင်ဆိုး ဖော်ပြခဲ့သည့်အပေါ် ဟောင်ကောင်ရှိ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကော်မရှင်နာရုံး ပြောရေးဆိုခွင့်ရှိသူ က ဖေဖော်ဝါရီ ၈ ရက်တွင် ပြင်းပြင်းထန်ထန် မကျေနပ်ကြောင်းနှင့် ခိုင်မာစွာ ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။

ဟောင်ကောင်ဒေသသည် ရှုပ်ထွေးသည့်အခြေအနေမှ စီမံအုပ်ချုပ်ရေးအသွင်သို့ ပြောင်းလဲခြင်း၊ စီမံအုပ်ချုပ်ရေးမှသည် သာယာဝပြောရေးဆီသို့ တက်လှမ်းမည့် သမိုင်းအခြေအနေသည် ပြောင်းလဲ၍မရကြောင်း၊ “သတင်းလွတ်လပ်ခွင့်”အမည်တပ်၍ စွက်ဖက်ဖိနှိပ်လိုသော သရုပ်မှန် အကြံအစည် အားထုတ်မှုမှန်သမျှသည် မိမိအင်အားနှင့်မမျှသည့်ကြိုးပမ်းမှုဖြစ်ပြီး လုံးဝဥဿုဉ်ကျရှုံးမည်သာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟောင်ကောင်၏အခြေခံဥပေဒနှင့်အမျိုးသားလုံခြုံရေးဥပဒေသည် ဟောင်ကောင်ဒေသနေပြည်သူများ ဥပဒေနှင့်ညီ လွတ်လွပ်ခွင့်ကို ခံစားနိုင်ရန် အတိအလင်းအာမခံထားရာ လွတ်လပ်စွာ ပြောဆိုခွင့်နှင့်သတင်းလွတ်လပ်ခွင့်တို့ ပါဝင်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေ ကျင့်သုံးပြီးနောက် ဟောင်ကောင်၏လူမှုရေးပြန်လည် တည်ငြိမ်အေးချမ်းလာပြီး ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းမှန်ကို ပြန်လည်ရောက်ရှိခဲ့သလို သတင်းလွတ်လပ်ခွင့်သည် လုံခြုံမှု၊ တည်ငြိမ်မှု၊ တရားဥပဒေစိုးမိုးမှုရှိသောပတ်ဝန်းကျင်တွင် ပိုမိုကောင်းမွန်သော အာမခံချက် ရရှိစေခဲ့ရာ ဟောင်ကောင်ရှိ နိုင်ငံတကာမီဒီယာနှင့်သတင်းထောက်အရေအတွက်သည် မလျော့နည်းဘဲ တိုးမြင့်လာခဲ့ကြောင်း ၊ “မီဒီယာလွတ်လပ်ခွင့် မဟာမိတ်အဖွဲ့”အပါအဝင် အချို့သော ပြင်ပအင်အားစုများက လက်ရှိ အထူးဒေသ၏ အေးချမ်းသာယာမှု အခြေအနေကို မျက်ကွယ်ပြုထားသလို ဟောင်ကောင်ဒေသ၏ မီဒီယာ ဖွံ့ဖြိုးတိုးတက်မှု၊ သတင်းအချက်အလက် လွယ်ကူအဆင်ပြေမှု ဖြစ်ရပ်မှန်ကို မသိကျိုးကျွံပြုပြီး အုပ်စုဖွဲ့ တိုက်ခိုက်နေခြင်းက ဟောင်ကောင်၏သတင်းလွတ်လပ်ခွင့်ကို အဆုံးစွန်အပုတ်ချ ပြောဆိုခြင်း၊ အထူးဒေသ၏ တရားဥပဒေစိုးမိုးရေးကို ပြောင်ပြောင်တင်းတင်း စွက်ဖက်ခြင်း ဖြစ်ကြောင်း၊ တရုတ်ဆန့်ကျင်ရေး ဟောင်ကောင်ခွဲထွက်ရေးသမားများအတွက် ထောက်တိုင်ပြုပေးနေခြင်း ဖြစ်ရာ ဟောင်ကောင် မရှုပ်ထွေးမည်ကို စိုးရိမ်နေသော ဆိုးဝါးသည့် အကြံအစည်အား အပြည့်အဝ ပေါ်လွင်စေကြောင်း ပြောကြားခဲ့သည်။

“မီဒီယာလွတ်လပ်ခွင့် မဟာမိတ်အဖွဲ့”အဖွဲ့ဝင်ဟု ဆိုသူ ကိုယ်၌က သတင်းလွတ်လွပ်ခွင့်၏ လူရည်ချွန်မဟုတ်ကြောင်း၊ သတင်းဝဘ်ဆိုက်များကို အတင်းအဓမ္မပိတ်ပစ်ခြင်း၊ အခြားနိုင်ငံများ၏မီဒီယာနှင့်သတင်းထောက်များအား ကြမ်းတမ်းစွာ ဖိနှိပ်ခြင်းများရှိသလို အစိုးရလူထုလှုပ်ရှားမှုများတွင် မပါဝင်နိုင်အောင် အကြိမ်ကြိမ် နှောက်ယှက်ဟန့်တားမှုများ ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက ထောက်ပြ ပြောဆိုခဲ့သည်။

အမေရိကန်နိုင်ငံတစ်ခုတည်းကိုသာ ဥပမာပေးရမည်ဆိုလျှင် ၂၀၂၀ ပြည့်နှစ်တွင် သတင်းထောက် အနည်းဆုံး ၁၁၇ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ရာ ဂျော့ဖလွိုက်ကိစ္စ ဖြစ်ပွားပြီးနောက် တစ်ပတ်အတွင်း သတင်းထောက်များအား ဖမ်းဆီးခြင်း သို့မဟုတ် တိုက်ခိုက်ခြင်း ၁၄၈ မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ မျက်ဝါးထင်ထင် အမည်းရာစွန်းနေသူက “ဘိုးတော်ဆရာကြီး”ကဲ့သို့ တရုတ်နိုင်ငံ ဟောင်ကောင်ဒေသအား လက်ညိုးတစ်ညွှန်ညွှန်၊ စကားကြီးစကားကျယ် ပြောနေခွင့် ရှိမလားဟု မေးခွန်းထုတ်ပြောကြားခဲ့သည်။

ဟောင်ကောင်ရှိ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကော်မရှင်နာရုံး ပြောရေးဆိုခွင့်ရှိသူက ဟောင်ကောင်သည် တရုတ်နိုင်ငံ၏ ဟောင်ကောင်ဖြစ်ပြီး ဟောင်ကောင်ရေးရာသည် လုံးဝဥဿုဉ် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးဖြစ်ကြောင်း ထပ်မံအလေးထား ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် နိုင်ငံ၏အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းမည့် သန္နိဋ္ဌာန်က မပြောင်းမလဲ ခိုင်မာရှိသလို “တစ်နိုင်ငံ စနစ်နှစ်မျိုး”ကို အပြည့်အဝ ဘက်စုံ အကောင်အထည်ဖော်မည့် သန္နိဋ္ဌာန်ကလည်း မပြောင်းမလဲ ခိုင်မာကြောင်း ၊ မိမိတို့အနေဖြင့် သက်ဆိုင်ရာ နိုင်ငံနှင့် အဖွဲ့အစည်းများအား လက်တွေ့အမှန်ကို ရှင်းလင်းစွာ သိရှိရန်၊ ယေဘုယျအခြေအနေကို လေးစားရန်၊ နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေး အခြေခံမူကို လိုက်နာကျင့်သုံးရန်၊ ဟောင်ကောင်ရေးရာနှင့်တရုတ်နိုင်ငံ ပြည်တွင်းရေးအား မည်သည့်အကြောင်းပြချက်နှင့်မျှ စွက်ဖက်ခြင်းကို ချက်ချင်းရပ်တန့်ရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………………….
(Chinese Version)

(港澳台)外交部驻港特派员公署:新闻自由不容歪曲滥用,香港由治及兴不容干预阻挠
2022-02-08 15:45:52 分类: 政治法律
新华社香港2月8日电(记者孔维一)针对英国外交部伙同“媒体自由联盟”部分成员发表所谓声明,大肆诋毁香港新闻自由,抹黑特区政府依法执法,外交部驻港特派员公署发言人8日表示强烈不满和坚决反对,指出香港由乱转治、由治及兴的历史大势不可逆转,任何以“新闻自由”之名行干预施压之实的图谋都是不自量力,注定失败。
发言人表示,香港基本法和香港国安法明确保障香港居民依法享有的权利自由,包括言论和新闻自由。香港国安法实施以来,香港社会恢复安定,发展重回正轨,新闻自由在安全、稳定、法治环境下得到更好保障,在港国际媒体和记者数量不降反升。包括“媒体自由联盟”在内的一些外部势力对当前特区海晏河清的大好局面视而不见,对香港传媒发达、信息畅通的客观事实充耳不闻,反而拉帮结伙、倒打一耙,无端诋毁香港新闻自由,公然干预特区法治,为反中乱港分子撑腰打气,充分暴露其唯恐香港不乱的险恶用心。
发言人指出,所谓“媒体自由联盟”成员自身不是新闻自由的优等生,强行关闭新闻网站的有之,粗暴打压别国媒体和记者的有之,频繁阻挠记者参加政府公开活动的有之。仅以美国为例,2020年有至少117名记者被逮捕或拘留,仅在弗洛伊德事件发生后的一周内便发生了148起逮捕或袭击记者事件。如此斑斑劣迹,又有何资格摆着“教师爷”嘴脸对中国香港指手画脚、大放厥词?
发言人重申,香港是中国的香港,香港事务纯属中国内政。中方维护国家主权、安全、发展利益的决心坚定不移,全面准确贯彻“一国两制”方针的决心坚定不移。我们敦促有关国家和组织认清事实、尊重大势,恪守国际法和国际关系基本准则,立即停止以任何借口干预香港事务和中国内政。(完)
图说1:1月3日11时许,香港特区第七届立法会90位议员开始宣誓。香港特区行政长官林郑月娥为议员监誓。图为宣誓仪式现场。新华社记者 王申 摄