Politics, Law & Military
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံ

ပေကျင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်စ်တီလာဆန် (Rex Tillerson) အား ယနေ့ (စက်တင်ဘာလ ၃၀ ရက်) တွင် မြို့တော် ပေကျင်း၌ လက်ခံ တွေ့ဆုံကာ ယခုနှစ်နှောင်းပိုင်းတွင် တရုတ်နိုင်ငံသို့ လာရောက်မည့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်၏ ခရီးစဉ်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
“နိုဝင်ဘာလတွင် လာရောက်မည့် သမ္မတ ထရမ့်၏ တရုတ်နိုင်ငံ ခရီးစဉ်က လက်ရှိမှာ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အလွန် အရေးကြီးပါတယ်။ တရုတ်-အမေရိကန် ဆက်ဆံရေး တိုးတက်မှုအတွက် အဓိက အခွင့်အလမ်းလဲ ဖြစ်ပါတယ်” ဟု ရှီက ပြောကြားခဲ့သည်။ (Xinhua)