Connect with us

Politics, Law & Military

၁၉ကြိမ်မြောက် CPC အမျိုးသားကွန်ဂရက်သို့အလုပ်သမား နှင့် အမျိုးသမီး ကိုယ်စားလှယ်များ ပိုပိုတက်ရောက်ရန်ရှိ

၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ(CPC) အမျိုးသား ကွန်ဂရက်သို့ တက်ရောက်ကြမည့် အလုပ်သမားများ နှင့် အမျိုးသမီးများ အရေအတွက်ပြ ဇယားအားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ(CPC) အမျိုးသားကွန်ဂရက်သို့တက်ရောက်ကြမည့် အလုပ်သမား နှင့် အမျိုးသမီးကိုယ်စားလှယ်များ ဦးရေသည် ၁၈ ကြိမ်မြောက်ကွန်ဂရက်သို့ တက်ရောက်ခဲ့သော အရေအတွက်နှင့်နှိုင်းယှဉ်ပါက ပိုမိုများပြားလာနိုင်ကြောင်း သိရသည်။

စက်တင်ဘာလ ၃ဝ ရက်က ထုတ်ပြန်ခဲ့သော CPC ဗဟိုကော်မတီ၏ ညီလာခံကျင်းပရေးဌာနက ထုတ်ပြန်သော ကြေညာချက်အရ စုစုပေါင်း ကိုယ်စားလှယ်ဦးရေ ၇၇၁ ဦး (သို့မဟုတ်) ၃၃.၇ ရာခိုင်နှုန်းသည် ကုန်ထုတ်လုပ်မှု နှင့် စက်ရုံအလုပ်ရုံများမှ ကိုယ်စားလှယ်များဖြစ်ကြောင်း လွန်ခဲ့သော ၅ နှစ်က ကျင်းပခဲ့သည့် ၁၈ ကြိမ်မြောက် ကွန်ဂရက်၌ တက်ရောက်ခဲ့သော အရေအတွက်ဖြင့် နှိုင်းယှဉ်ပါက ၃.၂ ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်း ဖော်ပြထားသည်။

၎င်းတို့အနက် ၁၉၈ ဦးမှာ အလုပ်သမား (သို့မဟုတ်) ရွှေ့ပြောင်းလုပ်သားများဖြစ်ကြောင်း ၊ ၈၆ ဦးမှာ လယ်သမားများဖြစ်ကြောင်း နှင့် ၂၈၃ ဦးမှာ နည်းပညာကျွမ်းကျင်လုပ်သားများဖြစ်ကြောင်း သိရသည်။CPC အဖွဲ့ဝင် အမျိုးသမီး ကိုယ်စားလှယ်များ နှင့် လူနည်းစုတိုင်းရင်းသား အစုအဖွဲ့များမှ ကိုယ်စားလှယ်ဦးရေမှာလည်း ပိုမိုများပြားလာနိုင်ပြီး ၂၄.၁ ရာခိုင်နှုန်းအထိ မြင့်တက်ဖွယ်ရှိကြောင်း ၊ ညီလာခံသို့တက်ရောက်မည့် စုစုပေါင်း ကိုယ်စားလှယ်ဦးရေ၏ ၁၁.၅ ရာခိုင်နှုန်းအထိ ရောက်ရှိလာမည်ဖြစ်ကြောင်း နှင့် နိုင်ငံအနှံ့အပြားရှိ လူနည်းစုတိုင်းရင်းသားမျိုးနွယ်ပေါင်း ၅၅ ခုမှ ကိုယ်စားလှယ်ပေါင်း ၄၃ ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117