Connect with us

Politics, Law & Military

စိန်ခေါ်မှုများ ကြုံနေရသော ကမ္ဘာ့လုံခြုံရေး အုပ်ချုပ်မှုစနစ် တိုးတက်စေမည့် တရုတ် သမ္မတ ရှီကျင့်ဖိန်၏ အကြံပြုချက်

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် စက်တင်ဘာလ ၂၆ ရက်က ပြုလုပ်ခဲ့သော ၈၆ ကြိမ်မြောက် နိုင်ငံတကာ ရဲတပ်ဖွဲ့ အထွေထွေညီလာခံ ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားနေသော သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ကမ္ဘာ့လုံခြုံရေးနှင့်ပတ်သက်၍ စိန်ခေါ်မှု အသစ်ရော အဟောင်းပါ များပြားစွာ တွေ့ကြုံမှုများဖြင့် ဖိစီးခံနေရချိန်တွင် ကမ္ဘာကြီး တည်ငြိမ်ရေး တိုးတက်လာစေရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ အကြံပြုချက် တစ်ရပ်ကို ချပြလိုက်ကြောင်း သိရသည်။

စက်တင်ဘာလ ၂၆ ရက်တွင် ပြုလုပ်သော ၈၆ ကြိမ်မြောက် နိုင်ငံတကာ ရဲတပ်ဖွဲ့ (Interpol) အထွေထွေ ညီလာခံ ဖွင့်ပွဲ အခမ်းအနား၌ မိန့်ခွန်းပြောကြားခဲ့စဉ် သမ္မတ ရှီက ပိုမို ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုနှင့် ဆန်းသစ်တီထွင်မှုများ၊ တရားဥပဒေစိုးမိုးရေး ထိန်းသိမ်းခြင်းနှင့် လူသားများအတွက် ကမ္ဘာအနှံ့ လုံခြုံရေး တည်ဆောက်ကာ အပြန်အလှန် အကျိုးကျေးဇူး ရှာဖွေခြင်း စသည်တို့အတွက် အကြံပြုခဲ့သည်။

ကမ္ဘာတစ်ဝန်း ဖွံ့ဖြိုးတိုးတက်ရန်နှင့် ငြိမ်းချမ်းရန်အတွက် လုံခြုံရေးနှင့် တည်ငြိမ်ရေးက အဓိကကျလှသည်။ သို့သော်လည်း လက်ရှိ ကမ္ဘာကြီးကတော့ တည်ငြိမ်မှု၊ အေးချမ်းမှုများနှင့် ဝေးကွာနေဆဲပင်။

ကမ္ဘာ့ လုံခြုံရေးသည် ပျံ့နှံ့လာနေသော အကြမ်းဖက်မှု၊ ဆိုက်ဘာ ရာဇဝတ်မှုနှင့် အုပ်စုဖွဲ့ ရာဇဝတ်မှုများနှင့် ရင်ဆိုင်နေရသည်။ အဆိုပါ အကြမ်းဖက်မှုအားလုံးက ကမ္ဘာတစ်ဝန်းရှိ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ လူမှုရေး တည်ငြိမ်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများအား ခြိမ်းခြောက်လျက်ရှိသည်။

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် စက်တင်ဘာလ ၂၆ ရက်က ပြုလုပ်ခဲ့သော ၈၆ ကြိမ်မြောက် နိုင်ငံတကာ ရဲတပ်ဖွဲ့ အထွေထွေညီလာခံ ဖွင့်ပွဲ အခမ်းအနားတွင် ဓာတ်ပုံမှတ်တမ်း ရိုက်ကူးနေသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အပါအဝင် နိုင်ငံတကာ ခေါင်းဆောင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဆက်သွယ်မှု တိုးတက်မြန်ဆန်လာသော ကမ္ဘာကြီး တစ်ခု ဖြစ်လာသည်နှင့်အမျှ လုံခြုံရေးပြဿနာများက နိုင်ငံ နယ်နိမိတ်စည်းများကို ကျော်လွန်လာကြပါပြီ။ နိုင်ငံ တစ်နိုင်ငံ၏ လုံခြုံရေး ချို့ယွင်းချက် တစ်ခုက ဒေသ တစ်ခုအတွင်း အားနည်းချက် အလွယ်တကူ ဖြစ်လာစေနိုင်သလို ကမ္ဘာ့ လုံခြုံရေးကိုပင် ခြိမ်းခြောက်လာစေနိုင်သည်။

နိုင်ငံ တစ်နိုင်ငံ၏ လုံခြုံရေးဆိုသည်မှာ နိုင်ငံ တစ်ခုတည်း သီးခြား ဖြေရှင်းဖို့ရာ မသေချာလှပေ။ ရာဇဝတ်မှုများ တိုက်ဖျက်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ရန်အတွက် အခြားသော နိုင်ငံများ၏ ပူးပေါင်း အားထုတ်ဆောင်ရွက်ဖို့ လိုအပ်ကြောင်း သိရသည်။

ထို့ပြင် ကမ္ဘာ့နိုင်ငံများအနေဖြင့်လည်း အများသဘောတူ ကျယ်ပြန့်ပြီး ပူးပေါင်းဆောင်ရွက်မှုရှိသည့် ရေရှည်တည်တံ့သော လုံခြုံရေး တစ်ရပ် ပြဋ္ဌာန်းသင့်ကြောင်း သမ္မတ ရှီက ထည့်သွင်း အကြံပြုခဲ့သည်။

တရုတ်နိုင်ငံသည် လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း မှုခင်းတိုက်ဖျက်ရေး၊ ရှုပ်ထွေးသော ဥပဒေ ပြဋ္ဌာန်းရေးနှင့် ရာဇဝတ်မှု တားဆီးရေးစနစ်များဖြင့် မှတ်ချက်ပြုရမည့် တိုးတက်မှုများနှင့်အတူ ယနေ့အချိန်တွင် တရုတ်နိုင်ငံက လုံလောက်သော စီးပွားရေး တိုးတက်မှုများ၊ လူမှုရေး တည်ငြိမ်မှုနှင့်အတူ ပြည်သူများကလည်း ပျော်ရွှင်ငြိမ်းချမ်းသော ဘဝကို ပိုင်ဆိုင်နေကြပြီ ဖြစ်သည်။

တရုတ်နိုင်ငံသည် နိုင်ငံတွင်း လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအပေါ် အာရုံစိုက်ထားသလိုပဲ အိမ်နီးချင်းနိုင်ငံများအား ကူညီခြင်း၊ အတွေ့အကြုံများ မျှဝေခြင်းနှင့် အကြံပြု ဆွေးနွေးခြင်းများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ထို့အပြင် တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ ဥပဒေပြဋ္ဌာန်းရေးနှင့် လုံခြုံရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပြီး အခြား နိုင်ငံများ လက်တွဲကာ တရားခံပြေး လွှဲပြောင်းရေး လုပ်ဆောင်သလို ၊ နိုင်ငံတကာ ဆက်သွယ်ရေး လိမ်လည်မှုနှင့် မူးယစ်ကုန်ကူးမှုများအား တိုက်ဖျက်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်မှု ဆန့်ကျင် တိုက်ဖျက်ရေးကို အပြည့်အဝ ထောက်ပံ့သလို ဆိုက်ဘာမှုခင်း တိုက်ဖျက်ရေးတွင်လည်း နိုင်ငံနှင့် ဒေသပေါင်း ၇၀ ကျော်တို့နှင့် နက်ရှိုင်းစွာ ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် တောင်ဆူဒန်၊ ဆူဒန်နိုင်ငံ ဒါဖာဒေသ၊ မာလီနှင့် လိုက်ဘေးရီးယား အပါအဝင် နိုင်ငံ ၉ နိုင်ငံရှိ ကုလသမဂ္ဂ စစ်ဆင်ရေးလုပ်ငန်းတွင် ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၂၆၀၉ ဦး ပို့လွှတ်ထားပြီး ဖြစ်ကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်း အဖွဲ့ဝင် ငါးနိုင်ငံအကြား တပ်ဖွဲ့ဝင် အများဆုံး စေလွှတ်သည့် နိုင်ငံ ဖြစ်ကြောင်း သိရသည်။

ထိုမျှမက လာမည့် ငါးနှစ်တာအတွင်း ဆင်းရဲနွမ်းပါးသော နိုင်ငံများနှင့် ဒေသများအား အထူးအလေးထားကာ နိုင်ငံတကာ ရဲတပ်ဖွဲ့ (Interpol) အား ထောက်ပံ့ပေးမည့် ခိုင်မာသော လုပ်ဆောင်ချက် တစ်ခုအား တရုတ် သမ္မတ ရှီကျင့်ဖိန်က ထုတ်ဖော် ပြောကြားခဲ့သည်။

အဆိုပါ လုပ်ဆောင်ချက်များတွင် နှစ်စဉ် အကြမ်းဖက် ဆန့်ကျင်ရေး၊ ဆိုက်ဘာမှုခင်းနှင့် အုပ်စုဖွဲ့မှုခင်း အသစ်များ ကမ္ဘာလုံးဆိုင်ရာ ပူးတွဲ ဆောင်ရွက်မှုများတွင် ထောက်ပံ့ပေးခြင်း၊ အင်တာပို ဆက်သွယ်ရေးစနစ်များ၊ ဖွံ့ဖြိုးဆဲနိုင်ငံ ၁၀၀ အတွက် ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု လက်တွေ့စမ်းသပ်ခန်းများ မြှင့်တင်ခြင်း စသည်တို့ ပါဝင်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ပြည်သူ့ လုံခြုံရေးဝန်ကြီးဋ္ဌာနအောက်မှ နိုင်ငံတကာ ဥပဒေပြဋ္ဌာန်းရေး ကောလိပ် တစ်ခုအား တရုတ် အစိုးရ တည်ထောင်ပေးရန် အစီအစဉ်ရှိပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများမှ ဥပဒေ ပြဋ္ဌာန်းရေးဝန်ထမ်း))))) ၂၀,၀၀၀ အတွက် သင်တန်းပေးရန် ကမ်းလှမ်းထားကြောင်း သိရသည်။

နိုင်ငံတကာ ရဲတပ်ဖွဲ့ (Interpol) ၏ ဆောင်ပုဒ်ဖြစ်သော “ဘေးကင်းသော ကမ္ဘာကြီး ဖြစ်ဖို့ ရဲတပ်ဖွဲ့တို့ လက်တွဲစို့” နှင့်အညီ တရုတ်နိုင်ငံ၏ အကြံပြုချက်နှင့် လုပ်ဆောင်မှုသည် နိုင်ငံတကာ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဘေးကင်းသော ကမ္ဘာကြီးအတွက် ဖြေရှင်းမှုများ ဖြစ်လာစေမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.