Connect with us

Politics, Law & Military

တရုတ် နိုင်ငံမှ စစ်သည်အင်အား ၂,၇၂၀ ယောက် ကုလသမဂ္ဂ၏ လုပ်ငန်းဒေသ (၉)ခု တွင် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တာဝန် ထမ်းဆောင်

ကုလသမဂ္ဂ၏ လုပ်ငန်းဒေသ များတွင် တာဝန်ထမ်းဆောင်မည့် တရုတ်နိုင်ငံမှ စစ်သည် များအား မြင်တွေ့ရစဉ် (Xinhua)

ကျိနန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ရေးရာဌာန လက်ထောက် ညွှန်ကြာရေးမှူး လီရှုဟွာ (Li Xiuhua) မှ လက်ရှိ အချိန်တွင် တရုတ်နိုင်ငံ တပ်မတော်မှ စစ်သည် ၂,၇၂၀ ယောက်သည် ကုလသမဂ္ဂ၏ လုပ်ငန်း ဒေသ (၉) ခုတွင် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တာဝန် ထမ်းဆောင် နေကြောင်း၊ တရုတ်နိုင်ငံသည် လက်ရှိတွင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများတွင် တပ်သား စေလွှတ်သော အများဆုံးနိုင်ငံ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၁၉၉၀ ခုနှစ်မှ စတင်၍ တရုတ် တပ်မတော်မှ ကုလသမဂ္ဂ ဆောင်ရွက်ခဲ့သည် လုပ်ငန်းစဉ် ၂၄ ခု တွင် ငြိမ်းချမ်းရေး ထိန်းသိမ်းရန် စစ်သည် အင်အား စုစုပေါင်း ၃၀,၁၇၈ ယောက် စေလွှတ်ခဲ့ကြောင်း၊ တာဝန် ထမ်းဆောင်စဉ် ကာလ အတွင်း နိုင်ငံတကာ ငြိမ်းချမ်းမှု ထိန်းသိမ်း၍ စစ်သည် ၁၀ ဦး အသက်ပေးဆပ် ခဲ့ရကြောင်း၊ လက်ရှိ ကုလသမဂ္ဂ၏ ကမ္ဘာတဝန်းတွင် ငြိမ်းချမ်းမှု ထိန်းသိမ်းရေး လုပ်ငန်း ၁၆ ခုတွင် တရုတ် နိုင်ငံမှ ၉ ခု ပါဝင်ခဲ့ကြောင်း၊ စေလွှတ် ခဲ့သော တပ်သား အမျိုးအစားများတွင် ခြေလျင်တပ်သား၊ အင်ဂျင်နီယာ တပ်သား၊ လုံခြုံရေး တပ်သား၊ သယ်ယူ ပို့ဆောင်ရေး တပ်သား၊ ဆေးဘက်ဆိုင်ရာ တပ်သား၊ စစ်ရေး အကဲခတ်များနှင့် အရာရှိများ လီရှုဟွာမှ ပြောကြားခဲ့သည်။

လီရှုဟွာမှ ၂၀၁၅ နှစ်ကုန်တွင် တရုတ်နိုင်ငံမှ စေလွှတ်သော စစ်သည် အင်အားမှာ ၃၁,၀၀၀ ပတ်ဝန်းကျင် အထိ တိုးမြှင့်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ စေလွှတ်သော စစ်သည် အင်အားသည် ကုလသမဂ္ဂ စုစုပေါင်း စစ်သည် အင်အား၏ ၆.၆၄ % ရှိပြီး ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအတွင်း အဆင့် ၆ နေရာတွင်ရှိကြောင်း ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် အများဆုံး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ရေးရာဌာန၏ စာရင်းအရ ကုလသမဂ္ဂ၏ ဆောင်ရွက်မှုများတွင် စတင် ပါဝင်ခဲ့ချိန်မှစ၍ လမ်း ၁၁,၀၀၀ ကီလိုမီတာနှင့် တံတား ၃၀၀ စင်း ပြုပြင်ခဲ့ကြောင်း၊ မြေမြှုပ်မိုင်း နှင့် ပေါက်ကွဲ စေနိုင်သော အရာများ ၉,၄၀၀ ခုကို ရှင်းလင်းနိုင်ခဲ့ကြောင်း၊ ကုန်ပစ္စည်းများ တန်ချိန် ၁၁ သိန်းကို သယ်ယူ ပို့ဆောင် နိုင်ခဲ့ကြောင်း၊ သယ်ယူပို့ဆောင်မှု ခရီး ကီလိုမီတာ ၁၂၀ သိန်းရှိခဲ့ကြောင်း၊ လူနာပေါင်း ၁၄၉,၀၀၀ ကို ဆေးကုသ နိုင်ခဲ့ကြောင်း၊ အကြိမ် ၄၅၀ ကျော် ကင်းလှည့်မှု ဆောင်ရွက်ခဲ့ပြီး ၂၃၀ ကြိမ် ပို့ဆောင်မှု ကာကွယ်ရေး ပြုလုပ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)