Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ပါကစ္စတန် နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးစဉ် သွားရောက်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ပါကစ္စတန် နိုင်ငံသို့ရောက်ရှိလာစဉ် (Xinhua)

အစ္စလာမ်မာဘတ် ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဧပြီလ (၂၀) ရက်နေ့က အစ္စလာမ်မာဘတ်သို့ရောက်ရှိခဲ့ပြီး ပါကစ္စတန် နိုင်ငံ တရားဝင် ချစ်ကြည်ရေး လည်ပတ်မှု ခရီးစဉ်ကို စတင်ခဲ့သည်။ တရုတ် သမ္မတ ရှီကျင့်ဖိန်မှ အထူးလေယာဉ်ဖြင့် ပါကစ္စတန် လေပိုင်နက် အတွင်းသို့ ရောက်ရှိချိန် တွင် ပါကစ္စတန် မှ “Fierce Dragon” တိုက်လေယာဉ် ၈ စင်းဖြင့် ခရီးစဉ် တစ်လျှောက် ကာကွယ်မှု ပေး၍ ပို့ဆောင်ပေး ခဲ့သည်။

ဒေသ စံတော်ချိန် ၁၀ နာရီ ၅၀ မိနစ်တွင် အထူးလေယာဉ် သည် Nur Khan လေတပ် စခန်း သို့ရောက်ရှိခဲ့သည်။ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး ဖုန်လိယွမ် လေယာဉ် အတွင်းမှ ထွက်လာချိန်တွင် ကြိုဆိုသည့် အနေဖြင့် အမြောက် ၂၁ ချက် ပစ်ဖောက် ခဲ့ပြီး ရောက်ရှိလာသော ဧည့်သည်တော် များအား ဂါဝရ ပြု ခဲ့ကြ သည်။ ပါကစ္စတန် သမ္မတ Hussein နှင့် ဇနီး ၊ ဝန်ကြီးချုပ် Nawaz Sharif နှင့် ဇနီးတို့ လာရောက် ကြိုဆို ခဲ့ကြသည်။ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ် တို့မှလည်း ရင်းနှီးစွာ ပြန်လည် လက်ဆွဲ နှုတ်ဆက် ခဲ့ကြပြီး ချစ်ကြည်ရေး လည်ပတ်မှု ခရီးစဉ်အား စတင်ခဲ့သည်။ ပါကစ္စတန် ရိုးရာ ဝတ်စုံ ဝတ်ဆင် ထားသော ကလေးငယ် နှစ်ဦးမှ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ် ထံသို့ ပန်းစည်း လာရောက်ပေး ခဲ့ကြသည်။

ပါကစ္စတန် သမ္မတနှင့် ဝန်ကြီး ချုပ်မှ လေဆိပ်တွင် ကြိုဆိုမှု အခမ်းအနားကို အကြီးအကျယ် ပြုလုပ် ခဲ့သည်။ “Fierce Dragon” တိုက်လေယာဉ် ၈ စင်းမှာလည်း ကောင်းကင်မှ ပျံသန်း သွားပြီး တရုတ် နိုင်ငံမှ ဧည်သည်တော် များကို ဂါဝရ ပြုခဲ့ကြသည်။

ယာဉ်တန်းဖြင့် လေဆိပ်မှ ထွက်ခွာခဲ့ပြီး တည်းခိုရန် ဟိုတယ် သို့သွားရောက်စဉ် လမ်းတစ်လျှောက် တွင် တရုတ်နိုင်ငံ နှင့် ပါကစ္စတန် နိုင်ငံ အလံများ စိုက်ထူ ထားခဲ့ကြသည်။ သမ္မတ ရှီကျင့်ဖိန်ကို ကြိုဆိုသော စာသား ပါသည့် ဆိုင်းဘုတ်များ ၊ တရုတ်-ပါကစ္စတန် ချစ်ကြည်ရေး စာသားပါ ဆိုင်းဘုတ်များနှင့် တရုတ်-ပါကစ္စတန် ညီအကို ဆက်ဆံရေး စာသားပါ ဆိုင်းပုဒ် များကို စိုက်ထူ ထားခဲ့ကြသည်။

သမ္မတ ရှီကျင့်ဖိန်မှ ညီအကို ဆက်ဆံရေး နိုင်ငံ ဖြစ်သည့် ပါကစ္စတန် ပြည်သူထံသို့ တရုတ် ပြည်သူ များမှ နှုတ်ဆက်စကား ပြောကြားခဲ့သည်။ တရုတ်-ပါကစ္စတန် ဆက်ဆံရေး ထူထောင်ချိန်မှ စ၍ ဘက်စုံ ပူးပေါင်း ဆောင်ရွက်မှု များပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ ပြည်သူလူထုတို့အား အကျိုးပြုခဲ့ကြောင်း ၊ ဒေသတွင်း တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်မှုကို တိုးမြှင့် နိုင်ခဲ့ကြောင်း၊ တရုတ် နိုင်ငံမှ တရုတ်-ပါကစ္စတန် ဆက်ဆံရေးကို အရေးကြီး ဗျူဟာနှင့် ရေရှည် အမြင်ဖြင့် မှတ်ယူ ထားကြောင်း ၊ ပါကစ္စတန်သည် ယခုနှစ် ချစ်ကြည်ရေး ခရီးစဉ်တွင် ပထမ ဦးဆုံးသော နိုင်ငံ ဖြစ်ကြောင်း ၊ ပါကစ္စတန် ခေါင်းဆောင် နှင့် နယ်ပယ် အသီးသီးမှ တာဝန်ရှိသူ များနှင့် တွေဆုံ ပြီး နှစ်နိုင်ငံ ဆက်ဆံရေး နှင့် အတူ တကွ စိတ်ဝင်စားသော နိုင်ငံတကာ ကိစ္စ ရပ် များ အတွက် အမြင်များ ဖလှယ်ရန် အတွက် အလွန် စိတ်အား ထက်သန်ကြောင်း ၊ ယခု ခရီးစဉ်မှ နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမို ခိုင်မာ လာရန် မျှော်လင့်ကြောင်း ၊ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု များ ပိုမို နက်ရှိုင်း စေပြီး တရုတ်-ပါကစ္စတန် မဟာဗျူဟာ မိတ်ဖက် ပူပေါင်း ဆက်ဆံရေး သစ်ကိုတိုးချဲ့ နိုင်ရန် မျှော်လင့်ကြောင်း၊ တရုတ်-ပါကစ္စတန် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်းကို ပိုမို ပြည့်စုံစေပြီး တရုတ်နိုင်ငံ၏ အိမ်နီးချင်းများ အသိုက်အဝန်း တည်ဆောက်ရေး အတွက် စံနမူနာ ဖြစ်စေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.