Connect with us

Politics, Law & Military

တရုတ် သမ္မတ ရှီကျင့်ဖိန်နှင့် ဗီယက်နမ် ကွန်မြူနစ် ပါတီ အထွေထွေ အတွင်းရေးမှူးချုပ် Nguyen Phu Trong တွေ့ဆုံ ဆွေးနွေး

တရုတ် သမ္မတ ရှီကျင့်ဖိန်နှင့် ဗီယက်နမ် ကွန်မြူနစ် ပါတီ အထွေထွေ အတွင်းရေးမှူးချုပ် Nguyen Phu Trong တို့ တွေ့ဆုံစဉ် (Xinhua)

ပေကျင်း ၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွန်မြူနစ် ပါတီ အထွေထွေ အတွင်းရေးမှူးချုပ် သမ္မတ ရှီကျင့်ဖိန်နှင့် ဗီယက်နမ် ကွန်မြူနစ် ပါတီ အထွေထွေ အတွင်းရေးမှူးချုပ် Nguyen Phu Trong တို့သည် ဧပြီလ (၇) ရက်နေ့က ပေကျင်း ပြည်သူ အစည်းအဝေး ခန်းမကြီးတွင် တွေ့ဆုံ ဆွေးနွေး ခဲ့သည်။

ပါတီ နှစ်ခု ခေါင်းဆောင်များမှ နှစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု ရလဒ် များကို သုံးသပ်ခဲ့ကြသည်။ နှစ်နိုင်ငံ ဆက်ဆံရေး၊ နိုင်ငံတကာနှင့် ဒေသတွင်း အခြေအနေ စသော နှစ်ဖက်မှ စိတ်ဝင်စားသော အကြောင်းအရာများကို အသေးစိတ် ဆွေးနွေးခဲ့ကြ ပြီး အရေးကြီးသော သဘောတူညီမှုများ ရရှိခဲ့သည်။ နှစ်ဖက် နိုင်ငံမှ တရုတ်-ဗီယက်နမ် ချစ်ကြည်ရေးကို အထူး တန်ဖိုးထား ရမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာ ပူးပေါင်း ဆက်ဆံမှု မြှင့်တင်ရေးကို ထိန်းသိမ်း ခြင်းဖြင့် နှစ်နိုင်ငံ ပြည်သူလူထုကို အကျိုးပြု သွားရန် ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်မှ တရုတ် နိုင်ငံနှင့် ဗီယမ်နမ် တို့သည် လွတ်လပ်ရေး ကြိုးပမ်းရာတွင် အတူတကွ တိုက်ပွဲ ဝင်ခဲ့ကြောင်း၊ ဆိုရှယ်လစ်စနစ် ပြုပြင် ပြောင်းလဲရေးနှင့် လုပ်ငန်းဆောင်ရွက်မှု များတွင် အပြန်အလှန် အားပေး ကူညီ ခဲ့ကြောင်း၊ ၂၀၁၆ -၂၀၂၀ နှစ်ပါတီ ပူးပေါင်းရေး အစီအစဉ်များကို ကောင်းမွန်စွာ အကောင် အထည် ဖော်သွားရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံမှ ဗီယက်နမ် အနေဖြင့် ၂၁ ရာစု ရေကြောင်း ပိုးလမ်းမကြီး တည်ဆောက်မှုတွင် ပါဝင်လာရန် ကြိုဆိုကြောင်း၊ အခြေခံ အဆောက်အဦး တည်ဆောက်မှု ပူးပေါင်းရေး အဖွဲ့ နှင့် ဘဏ္ဍာရေး ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့များကို ထူထောင် သွားရမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ တပ်မတော် ဆက်ဆံမှုများ တိုးမြှင့်ပြီး လုံခြုံရေး နှင့် ဒေသတွင်း တရားဥပဒေ စိုးမိုးရေးများကို ပိုမို ပူးပေါင်း ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း၊ တရုတ် နိုင်ငံမှ ၂၀၁၇ ခုနှစ် တွင် ဗီယက်နမ်မှ ဦးဆောင် ကျင်းပမည့် အာရှ-ပစိဖိတ် အဖွဲ့အစည်း ခေါင်းဆောင်များ အလွတ်သဘော တွေ့ဆုံ ပွဲကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။

ဗီယက်နမ် ကွန်မြူနစ် ပါတီ အထွေထွေ အတွင်းရေးမှူးချုပ် Nguyen Phu Trong မှ ဗီယက်နမ်-တရုတ် ၆၅ နှစ် သံတမန် ဆက်ဆံရေးတွင် မိတ်ဆွေ သဘော ပူးပေါင်း ချစ်ကြည်ရေးသည် အဓိက ဖြစ်ကြောင်း၊ ယခု ကဲ့သို့သော မိတ်ဆွေ ညီအကို ဆက်ဆံရေးသည် ယခင် ခေါင်းဆောင်ဟောင်းများ ဖြစ်ကြသော ဟိုချီမင်း နှင့် မော်စီတုန်း တို့၏ ပူးပေါင်း ဆောင်ရွက်မှု တစ်ရပ် ဖြစ်ကြောင်း၊ ဗီယက်နမ် ပါတီ၊ အစိုးရနှင့် ပြည်သူတို့မှ တရုတ်နိုင်ငံမှ ဗီယက်နမ် နိုင်ငံ အပေါ် ရေရှည် ထောက်ပံ့ ကူညီမှုကို အထူးကျေးဇူး တင်ရှိကြောင်း ၊ နှစ်နိုင်ငံမှ ဘက်စုံ ပူးပေါင်း ဆက်ဆံရေးများ တိုးမြှင့် သွားမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ ခေါင်းဆောင်းများ အပြန်အလှန် ထိတွေ့ ဆက်ဆံမှု များ တိုးမြှင့်ရန် မျှော်လင့် ကြောင်း ၊ တရုတ် နိုင်ငံနှင့် ချစ်ကြည်ရေး တည်တံ့ ခိုင်မြဲရန် လွန်စွာ အလေးထားကြောင်း၊ ဗီယက်နမ် အနေဖြင့် ၂၁ ရာစု ရေကြောင်း ပိုးလမ်းမကြီး တည်ဆောက်ရာတွင် လည်း တက်ကြွစွာ ပါဝင် လှုပ်ရှား နေကြောင်း ပြောကြားခဲ့သည်။

တွေ့ဆုံ ဆွေးနွေးမှု ပြီးဆုံးပြီးနောက် ရှီကျင့်ဖိန် နှင့် Nguyen Phu Trong တို့ ရှေ့မှောက်တွင် “တရုတ် ကွန်မြူနစ်ပါတီနှင့် ဗီယက်နမ် ကွန်မြုနစ် ပါတီ ၂၀၁၆-၂၀၂၀ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်” နှင့် ဘဏ္ဍာရေး၊ အခြေခံ အဆောက်အဦး၊ ယဉ်ကျေးမှု၊ တရားစီရင်ရေး၊ အခွန်နှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု စသော ကဏ္ဍ အသီးသီး ပူးပေါင်း ဆောင်ရွက်မှုများ စာချုပ်စာတမ်း လက်မှတ် ရေးထိုး ခဲ့ကြပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.