Politics, Law & Military
တရုတ်-ရုရှား နှစ်နိုင်ငံဝန်ကြီးချုပ်များ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေး
ပေကျင်း၊နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် နှင့် ရုရှားနိုင်ငံဝန်ကြီးချုပ် မတ်ဗီဒက်တို့သည် အောက်တိုဘာ ၃၁ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံ၍ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုခိုင်မာစေရန် နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။
မတ်ဗီဒက်သည် ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားညီလာခံ ကျင်းပပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ပထမဆုံး လာရောက်လည်ပတ်သော နိုင်ငံခြား အစိုးရအဖွဲ့ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ “ ဒါဟာ အနီးကပ်ဆုံး တည်ရှိနေတာကို ပြသမှုဖြစ်သလို ရုရှား နဲ့တရုတ်နိုင်ငံ အဆင့်မြင့်ခေါင်းဆောင်အကြား ခိုင်မာမှုရှိတာကို ပြသနေပါတယ်” ဟု တရုတ်နိုင်ငံဝန်ကြီးချုပ် လီက ဆိုသည်။
တရုတ်နိုင်ငံသည် ရုရှားနိုင်ငံနှင့်အတူ အပြန်အလှန်ယုံကြည်မှု ၊ ပူးပေါင်းဆောင်ရွက်ခြင်းကိုတိုးမြှင့်မှု နှင့် အပြန်အလှန်ဖလှယ်မှုကို လုပ်ဆောင်သွားရန် အသင့်ရှိကြောင်း ၊ နှစ်နိုင်ငံဝန်ကြီးချုပ်များ၏ “ ပုံမှန်အစည်းအဝေး” ပူးပေါင်းဆောင်ရွက်မှုအပါအဝင် အခြားသော ပူးပေါင်းဆောင်ရွက်မှု ယန္တယားများကိုလည်း ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း လီက ဆိုသည်။
မျက်မှောက်အခြေအနေအောက်တွင် တရုတ်နိုင်ငံသည် ပြုပြင်ပြောင်းလဲမှုကို နက်ရှိုင်းစွာဖြင့်ပြုလုပ်ခြင်း နှင့် တံခါးဖွင့်ခြင်း ၊ မောင်းနှင်မှုအားသစ်ဖြင့် လုပ်ဆောင်နေခြင်း ၊ ကမ္ဘာ့နိုင်ငံများနှင့်အတူ ဖွံ့ဖြိုးရေးအခွင့်အလမ်းများကို မျှဝေခြင်းများ လုပ်ဆောင်သွားလိမ့်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံဝန်ကြီးချုပ်က ဆိုသည်။
၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားညီလာခံ အကျဉ်းကိုလည်း လီက မတ်ဗီဒက်အား ရှင်းလင်းပြောကြားခဲ့သည်။
ညီလာခံအောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း မတ်ဗီဒက်က ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းက အဆင့်မြင့်ကိုယ်စားလှယ်များကြား နှင့် အနာဂတ်ဗဟိုပြု ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ရုရှားနိုင်ငံ နှင့် တရုတ်နိုင်ငံတို့၏ အလုံးစုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ကို ထည့်သွင်း ဂုဏ်ပြုပြောကြားခဲ့သည်။ ၎င်းက ရုရှားနိုင်ငံအနေဖြင့် ပိုမိုကြီးမားကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှု ဆက်လက်ဖြစ်ထွန်းရန် အတွက် တရုတ်နိုင်ငံ နှင့်အတူ ပူးတွဲကြိုးပမ်းအားထုတ်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ရုရှားနိုင်ငံဝန်ကြီးချုပ် မတ်ဗီဒက်သည် အောက်တိုဘာလ ၃၁ ရက် မှ နိုဝင်ဘာလ ၂ ရက်ထိ တရုတ်နိုင်ငံသို့တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် လာရောက်လည်ပတ်လျက်ရှိသည်။ ၎င်းခရီးစဉ်အတွင်း မတ်ဗီဒက်သည် တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန် နှင့်အတူ ၂၂ ကြိမ်မြောက် တရုတ်-ရုရှား နှစ်နိုင်ငံ ဝန်ကြီးချုပ်များ၏ ပုံမှန်အစည်းအဝေးကို ယနေ့(နိုဝင်ဘာ ၁ ရက်) တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)