Connect with us

Politics, Law & Military

လာမည့်ရက်သတ္တပတ်တွင် တရုတ်နိုင်ငံသို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့် လာရောက် လည်ပတ်မည်

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့် တို့ လက်ဆွဲ နှုတ်ဆက်နေစဉ်(ဆင်ဟွာ)

ပေကျင်း၊နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်သည် နိုဝင်ဘာ ၈ ရက် မှ ၁ဝ ရက်အထိ တရုတ်နိုင်ငံသို့တရားဝင်ချစ်ကြည်ရေးခရီးစဉ် လာရောက်လည်ပတ်မည်ဖြစ်ကြောင်း ယနေ့(နိုဝင်ဘာ ၂ ရက်) နံနက်ပိုင်းတွင် ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် လုခန်က ပြောကြားခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်တို့သည် တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး နှင့် အဓိကကမ္ဘာ့အရေးအရာ နှင့် ဒေသတွင်း အရေးကိစ္စရပ်များတွင် ဘုံစိုးရိမ်ဖွယ်ရာ ဖြစ်နေသော အကြောင်းအရာများကို နက်ရှိုင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း လုခန် ကဆိုသည်။

သမ္မတဒေါ်နယ်ထရမ့်၏ ခရီးစဉ်အတွင်း တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ခိုင်မာစေရေး နှင့် နည်းလမ်းသစ်ကို ဖော်ထုတ်သွားရေးအတွက် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်နှင့်အတူ ဆွေးနွေးသွားမည်ဖြစ်ကြောင်း နှင့် အရေးကြီးသော ရလဒ်များကို စွမ်းဆောင်နိုင်ရန်အတွက် တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့်အတူ လက်တွဲဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.