Connect with us

Politics, Law & Military

ဖိလစ်ပိုင် နိုင်ငံ၏ တောင်တရုတ် ပင်လယ် ကိစ္စရပ်နှင့် ပတ်သက်သော ထုတ်ပြန်ချက်သည် အကျိုး သက်ရောက်မှု မရှိနိုင်ကြောင်း တရုတ် နိုင်ငံ ခြားရေး ဝန်ကြီး ဌာနက ထုတ်ပြန်

တောင်တရုတ် ပင်လယ်အတွင်းရှိ ကျွန်းတစ်ကျွန်း အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖိလစ်ပိုင် နိုင်ငံ၏ တောင်တရုတ် ပင်လယ်အရေး နှင့် ပတ်သက်သော ဆုံးဖြတ်ရေး အဖွဲ့ကို ဖွဲ့စည်းကာ ပိုင်ဆိုင်မှု ဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ် ခဲ့ခြင်းသည် အကျိုး သက်ရောက်မှု မရှိနိုင်ကြောင်း အောက်တိုဘာ ၃၀ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည်။

ဖိလစ်ပိုင် နိုင်ငံသည် မိမိ တစ်နိုင်ငံတည်း သဘောဖြင့် တောင်တရုတ် ပင်လယ်ဆိုင်ရာ အဆုံးအဖြတ် ချမှတ်ရေး အဖွဲ့ ဖွဲ့စည်းခဲ့ပြီး အောက်တိုဘာလ ၂၉ ရက်နေ့တွင် တောင်တရုတ် ပင်လယ် ဆိုင်ရာ ပိုင်ဆိုင်ခွင့်နှင့် ပတ်သက်သော ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ခြင်းသည် တရားဝင်မှုမရှိဘဲ လက်ခံ နိုင်မည်လည်း မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက တရုတ် နိုင်ငံ၏ တောင်တရုတ် ပင်လယ် အတွင်းရှိ ကျွန်းများ ပိုင်ဆိုင်မှု နှင့် ပတ်သက်သော ကိစ္စရပ်သည် အငြင်းပွား စရာမရှိဘဲ သမိုင်းကြောင်း အထောက်အထား များစွာ ရှိကြောင်း ၊ ဖိလစ်ပိုင် နိုင်ငံ အနေဖြင့် သဘောတူညီချက်များ စည်းကမ်း သတ်မှတ်ချက်များကို အလေးမထားဘဲ တစ်နိုင်ငံတည်း သဘောဆန္ဒဖြင့် ဆောင်ရွက်နေခြင်းသည် နိုင်ငံခြားရေး ဆက်ဆံမှုကို စိန်ခေါ်နေ သလို ဖြစ်နေကြောင်း ၊ တရုတ် နိုင်ငံသည် ကုလသမဂ္ဂ ပင်လယ် ရေကြောင်း ဆိုင်ရာ သဘော တူညီမှုများ အရ အချုပ်အခြာ အာဏာပိုင် နိုင်ငံ အနေဖြင့် ယခု တောင်တရုတ် ပင်လယ် ကိစ္စရပ် ဖြေရှင်းရေးတွင် အဓိက ဆုံးဖြတ်ချက်များ ချမှတ် နိုင်ကြောင်း ၊ ဖိလစ်ပိုင် နိုင်ငံမှ မိမိ သဘောအရ ဖွဲ့စည်း လိုက်သော အဖွဲ့အစည်းသည် တရုတ် နိုင်ငံနှင့် ၂၀၀၆ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် သဘောတူညီမှုတွင် ပါဝင်သော အချက် ၂၉၈ ချက်မြောက် အချက်ကို ဖောက်ဖျက် ခဲ့ခြင်း ဖြစ်ပြီး တရုတ် နိုင်ငံ အနေဖြင့် သဘောတူညီမှု များကို ဤကဲ့သို့ တန်ဖိုးမရှိအောင် ဆောင်ရွက်မှု များအား လုံးဝ လက်မခံ နိုင်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)