Connect with us

Politics, Law & Military

တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ဗဟို ကော်မတီ အစည်းအဝေး အား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ပြည်သူလူထု အတွက် အကျိုးရှိစေသော ဆုံးဖြတ်ချက် များစွာ ချမှတ် နိုင်ခဲ့

တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်အား တရုတ် ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ဗဟိုကော်မတီ ပဉ္စမမြောက် မျက်နှာစုံညီ အစည်းအဝေးတွင် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ဗဟို ကော်မတီ အစည်းအဝေး ကို အောက်တိုဘာလ ၂၆ ရက်နေ့ မှ ၂၉ ရက်နေ့အထိ တရုတ် နိုင်ငံ ပေကျင်း မြို့တွင် ကျင်းပ ခဲ့ပြီး ယခု အစည်းအဝေးသို့ ဗဟို ကော်မတီဝင် ၁၉၉ ဦး အရန် ဗဟို ကော်မတီဝင် ၁၅၆ ဦး ဗဟို စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ အမြဲတိမ်း ကောင်စီဝင် များနှင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များ တက်ရောက် ခဲ့ကြသည်။

အစည်းအဝေးတွင် တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန် ( တရုတ် နိုင်ငံတော် သမ္မတ) တက်ရောက် ခဲ့ပြီး အရေးပါသော မိန့်ခွန်းအား ပြောကြား ရာတွင် တရုတ် နိုင်ငံ၏ ချမှတ် ထားသော စီမံကိန်းများမှ ဘက်စုံ သာယာဝပြောသော လူနေမှု အသိုင်းအဝိုင်းကို ဖန်တီးနိုင်ရန် သည် ယခု ၅ နှစ် စီမံကိန်း ၏ အရေးကြီးဆုံး အချက် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ယခု အစည်းအဝေးတွင် ပြည်သူလူထု တို့အား အကျိုး ဖြစ်ထွန်းစေနိုင်သော ဆုံးဖြတ်ချက် များစွာ ရရှိနိုင်ခဲ့သည်။ ထိုဆုံးဖြတ်ချက်များ အတွင်းမှ လူအများ စိတ်ဝင်စားသည့် ဆုံးဖြတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

ယခင်က တရုတ် နိုင်ငံတွင် တစ်အိမ်ထောင် လျှင် ကလေးတစ်ယောက် မွေးဖွားခွင့် သတ်မှတ်ပေး ထားရာမှ ကလေးနှစ်ယောက် အထိ မွေးဖွား နိုင်ကြောင်း ဆုံးဖြတ်ချက် ချပေးခဲ့သည်။ တရုတ် နိုင်ငံ ဆိုင်ရာ ပြည်သူလူထု စီးပွားရေးနှင့် လူနေမှု အသိုင်းအဝိုင်း ဖွံ့ဖြိုး တိုးတက်ရေး ဌာန၏ ထုတ်ပြန်ချက်အရ တရုတ် နိုင်ငံ၏ ပြည်သူ လူထု ၁.၃၆၇ ဘီလီယံ အတွင်း အသက် ၆၀ အထက်ရှိသူမှာ သန်း ၂၀၀ ကျော် ဖြစ်ကာ စုစုပေါင်း လူဦးရေ၏ ၁၅.၅ ရာခိုင်နှုန်း ရှိခဲ့ကြောင်း ၊ အသက် ၆၅ နှစ် အထက် ပြည်သူလူထု မှာ ၁၀.၁ ရာခိုင်နှုန်း ရှိလာကြောင်း ၊ ထို့ကြောင့် ကုလသမဂ္ဂ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း၏ စံနှုန်းများနှင့် တွက်ချက်ကာ ကောင်းမွန် စေမည့် ဆောင်ရွက်ချက်များကို ဆောင်ရွက်ခြင်းဖြင့် ယခု ဆုံးဖြတ်ချက်အား ချမှတ် ခဲ့ကြောင်း သိရှိရသည်။

ကုန်ပစ္စည်း ကုန်သွယ်မှု ကဏ္ဍတွင် ဘက်စုံ အပြိုင်အဆိုင် ဆောင်ရွက်နိုင်မည့် စနစ်အား ခွင့်ပြုပေးခဲ့ပြီး ကဏ္ဍပေါင်းစုံ ၊ ကုန်ပစ္စည်း ပေါင်းစုံနှင့် စွမ်းအင် ကဏ္ဍ အပါအဝင် ကဏ္ဍ အသီးသီး၏ စီးပွားရေး လုပ်ငန်း ဆောင်ရွက်မှု များအား ပွင့်လင်းမြင်သာသော ပုံစံဖြင့် ဘက်စုံ ပွင့်လင်း ဆောင်ရွက်နိုင်မှုကို ခွင့်ပြုပေး ခဲ့သည်။

နိုင်ငံတော်ပိုင် လုပ်ငန်း အချို့အား လူမှုရေး ဖောင်ဒေးရှင်းထံသို့ လွှဲပြောင်း ပေးအပ်ခဲ့သဖြင့် တရုတ် နိုင်ငံမှ ယခင် ကူညီ ထောက်ပံ့ရေး စီမံကိန်းများအား များစွာ အထောက်အကူ ဖြစ်စေခဲ့ကာ တရုတ် နိုင်ငံ အနေဖြင့် နှစ်စဉ် ယွမ်ငွေ ဘီလီယံ ၃၀၀ ကျော် ဝန်ထမ်းဟောင်းများအား ထောက်ပံ့နေမှုကို အထောက်အကူ ဖြစ်စေ ခဲ့သည်။

ပညာရေး နှင့် ပတ်သက်ပြီး တရုတ် နိုင်ငံ ပြည်သူ လူထု ပညာရေး အရည်အသွေး အဆင့် မြင့်မားရန် အတွက် မူလတန်း အဆင့် ၊ အလယ်တန်း အဆင့်နှင့် အခြား အဆင့်များတွင် အခမဲ့ ပညာရေး စနစ်အား စတင် အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး ၂၀၁၀-၂၀၂၀ စီမံကိန်း အတွင်းမှ ၂၀၂၀ ခုနှစ်တွင် ခေတ်မီ အခြေခံ ယဉ်ကျေးမှု နှင့် လူ့စွမ်းအား အရင်းအမြစ် နိုင်ငံကြီး အဖြစ်သို့ ရောက်ရှိရန် စီမံကိန်း အတိုင်း ဆောင်ရွက်သွားမည် ဖြစ်သည်။

ယခု အစည်းအဝေးတွင် တရုတ် နိုင်ငံ အရပ်ဘက် ပြည်သူများကို အကျိုး ရှိစေသော အကြောင်းအရာပေါင်း များစွာ နှင့် တရုတ် ကွန်မြူနစ် ပါတီဝင်များ၏ ပါတီ စည်းကမ်း ချိုးဖောက်မှု ဆိုင်ရာ အပြစ်ပေးခြင်း များကို အဓိက ဆွေးနွေး ခဲ့ခြင်း ဖြစ်ပြီး တရုတ်နိုင်ငံ ပြည်သူလူထု အတွက် အလွန် အကျိုးရှိ စေခဲ့သော အစည်းအဝေး တစ်ရပ် ဖြစ်စေခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.