Connect with us

Politics, Law & Military

လန်ချန်း-မဲခေါင်နိုင်ငံခြားရေး ဝန်ကြီးများ လာမည့် ရက်သတ္တပတ်အတွင်း တွေ့ဆုံရန်ရှိ

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်တွင် ပြုလုပ်ခဲ့သည့် ပထမအကြိမ် လန်ချန်း-မဲခေါင်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်နေသည့် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိနှင့် ကိုယ်စားလှယ်အဖွဲ့အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

နိုင်ငံခြားရေး ဝန်ကြီးများ၏ ဒုတိယအကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး (LMC) အစည်းအဝေးအား ကမ္ဘောဒီးယားနိုင်ငံ Siem Reap မြို့တွင် ဒီဇင်ဘာလ ၂၃ ရက်၌ ပြုလုပ်မည် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Geng Shuang က ဒီဇင်ဘာလ ၁၆ ရက်က ပြောကြားလိုက်သည်။

အဆိုပါ အစည်းအဝေးအား တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိနှင့် ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီး Prak Sokhonn တို့က ပူးတွဲ သဘာပတိအဖြစ် တာဝန်ယူမည် ဖြစ်ပြီး မြန်မာ၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ကြမည် ဖြစ်ကြောင်း Geng က ပုံမှ သတင်းစာရှင်းလင်ပွဲ၌ ပြောကြားခဲ့သည်။

“အခြား အဖွဲ့ဝင် ငါးနိုင်ငံနဲ့အတူ နိုင်ငံရေးနှင့် လုံခြုံရေး၊ စီးပွားရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအတွက် လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစွာ လုပ်ဆောင်နိုင်ရန် တရုတ်က မျှော်လင့်ထားတယ်” ဟု Geng က ပြောသည်။မဲခေါင်မြစ် (တရုတ်နိုင်ငံအတွင်း ဖြတ်သန်းစီးဆင်းသည့် အပိုင်းကို လန်ချန်း Lacang မြစ်ဟုခေါ်တွင်) တစ်လျှောက်ရှိ အဖွဲ့ဝင် ခြောက်နိုင်ငံက LMC လုပ်ထုံးလုပ်နည်း ယန္တရားအား ၂၀၁၅ ခုနှစ်တွင် ကြေညာခဲ့ပြီး ပထမဆုံးအကြိမ် ခေါင်းဆောင်များ အစည်းအဝေးကို ၂၀၁၆ ခုနှစ် အစောပိုင်းက ကျင်းပခဲ့သည်။ယင်း အစည်းအဝေးတွင် စီမံကိန်း ၄၅ ခုအား သဘောတူခဲ့ကြပြီး ယင်းနက် ၁၀ ခုကျော်မှာ အလုံးစုံ သို့မဟုတ် အစိတ်အပိုင်း အချို့ ပြီးစီးခဲ့ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.