Connect with us

Politics, Law & Military

တရုတ်နိုင်ငံဝန်ကြီးချုပ်က နယူးဇီလန်နိုင်ငံဝန်ကြီးချုပ်သစ်အတွက် ဂုဏ်ပြုစကားဆို

နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် ဘီလ်အင်္ဂလိစ် အားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်က နယူးဇီလန်နိုင်ငံဝန်ကြီးချုပ်သစ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့် ဘေလ်အင်္ဂလိစ်(Bill English) အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ဒီဇင်ဘာလ ၁၃ ရက်တွင် စကားလက်ဆောင်ပါးလိုက်သည်။

အဆိုပါဂုဏ်ပြုစကားထဲတွင် တရုတ် နှင့် နယူးဇီလန်နိုင်ငံ နှစ်နိုင်ငံကြားတွင် ကျယ်ပြန့်သော ဘုံအကျိုးစီးပွားများ ရှိနေရာ အလွန်အရေးကြီးသော အာရှပစိဖိတ်ဒေသတွင်း နိုင်ငံများဖြစ်ကြောင်း လီ ကဆိုသည်။

မကြာသေးမီ နှစ်များက တရုတ်-နယူးဇီလန် နှစ်နိုင်ငံဆက်ဆံရေးသည် ချောမွေ့စွာတိုးတက်ခဲ့ကြောင်း နှင့် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးရလဒ်များစွာရှိသည့် ပူးပေါင်းဆောင်ရွက်မှုများစွားကို လုပ်ဆောင်နိုင်ခဲ့ကြောင်း လီ ကဆိုသည်။

လာမည့် ၂ဝ၁၇ ခုနှစ်သည် တရုတ်နိုင်ငံ နှင့် နယူးဇီလန်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၄၅ နှစ်မြောက် အခါသမယ ကျရောက်လာတော့မည်ဖြစ်ကြောင်း လီက မှတ်ချက်ပြုပြောကြားခဲ့သည်။

တရုတ်-နယူးဇီလန် နှစ်နိုင်ငံ အကြား အပြန်အလှန်လေးစားမှုကိုအခြေပြု၍ တန်းတူညီမျှမှု ၊ အပြန်အလှန်အကျိုးပြုမှုအတွက် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု နှင့် ရင်းနှီးချစ်ကြည်သော အပြန်အလှန်ဖလှယ်မှုကိုတိုးမြင့်လုပ်ဆောင်သွားရန် တရုတ်နယူးဇီလန် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက် ဆက်ဆံရေး အဆင့်အတန်းသစ်တစ်ခုကို တည်ဆောက်သွားရေး နယူးဇီလန်နိုင်ငံဝန်ကြီးချုပ် နှင့်အတူလက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံဝန်ကြီးချုပ်လီ ကဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.