Connect with us

Politics, Law & Military

ရုရှားသံအမတ်ကြီး လုပ်ကြံခံရခြင်းအတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ အားတွေ့ ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဒီဇင်ဘာ ၂ဝ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Andrei Karlov သည် တူရကီနိုင်ငံ အန်ကာရာမြို့၌ ဒီဇင်ဘာလ ၁၉ ရက်က သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းခံလိုက်ရသည့်အပေါ် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ထံ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိက ဒီဇင်ဘာလ ၂ဝ ရက်တွင် ဝမ်းနည်းကြောင်း သဝဏ်လွှာတစ်စောင်ပေးပို့ခဲ့ကြောင်း သိရသည်။

သံတမန် အဖွဲ့အား အကြမ်းဖက် တိုက်ခိုက်မှု ကို တရုတ်နိုင်ငံက ပြင်းထန်စွာ ရှုတ်ချကြောင်း နှင့် အကြမ်းဖက်မှု ပုံစံအားလုံးကို တရုတ်နိုင်ငံက ဆန့်ကျင်ကြောင်း ဝမ်ရိ ၏ သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

ရုရှားနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများ နှင့် အကြမ်းဖက်ဝါဒ ချေမှုန်းမှုများအား ထောက်ခံလျက် တရုတ်နိုင်ငံက နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ လက်တွဲလုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း နှင့် အကြမ်းဖက် တိုက်ဖျက်ရေးလုပ်ငန်းများတွင် ရုရှားနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝမ်ရိက ဆိုသည်။

တူရကီနိုင်ငံ အန်ကာရာမြို့၌ ဒီဇင်ဘာလ ၁၉ ရက် ကပြုလုပ်သော ပန်ချီပြပွဲ ဖွင့်ပွဲအခမ်းအနားတွင် ရုရှားသံအမတ်ကြီး Karlov သည် တာဝန်ပြင်ပ ရောက်ရှိနေသော တူရကီရဲအရာရှိတစ်ဦး၏ အနီးကပ်လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.