Politics, Law & Military
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တရုတ်နိုင်ငံသို့လာရောက်မည်
ပေကျင်း၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo သည် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၈ ရက်တွင် လာရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က အောက်တိုဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရက် က တရုတ်နိုင်ငံ နှင့် အမေရိကန်နိုင်ငံ တို့သည် နှစ်နိုင်ငံချစ်ကြည်ရေး၊ ဒေသတွင်း နှင့် နိုင်ငံတကာ အရေးကိစ္စများ နှင့် ပတ်သက်၍ နှစ်ဖက်အမြင်များကို ဖလှယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။ (Xinhua)