Connect with us

Politics, Law & Military

၆၉ နှစ်မြောက် အမျိုးသားနေ့မှသည် တောက်ပသော အနာဂတ်ဆီသို့


ပေကျင်း ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ(PRC) ကို တည်ထောင်ခဲ့သည်မှာ ယခုအခါ ၆၉ နှစ်တိုင်တိုင် ရောက်ရှိခဲ့ပြီးဖြစ်သည်။

ထိုသို့တရုတ်နိုင်ငံတည်ထောင်ခြင်း ၆၉ နှစ်မြောက်အမျိုးသားနေ့အလံတင်အခမ်းအနားကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ပေကျင်းမြို့လယ်ခေါင်ရှိ ထျန်ယန်မင်ရင်ပြင်၌ ကျင်းပခဲ့ရာ ဧည့်ပရိသတ် ၁၄၅,ဝဝဝ ကျော် ချီတက်အလေးပြုခဲ့ကြသည်။

ယင်းမှာ တရုတ်နိုင်ငံသားများအနေဖြင့် နိုင်ငံထူထောင်ချိန်မှစတင်၍ ၆၉ နှစ်တိုင်တိုင် အတူတကွရပ်တည်ခဲ့ကြကြောင်း သတင်းစကားပါးလိုက်ခြင်းပင်ဖြစ်သည်။ ယနေ့အချိန်အခါတွင် တရုတ်အမျိုးသားအလံတော်အား ငွားငွား စွင့်စွင့်လွှင့်ထူနိုင်ခဲ့ပါပြီ။ ယင်းအတွက် လွန်ခဲ့သော ဆယ်စုနှစ် လေးခုမှ စတင်ကာ လုပ်ဆောင်ခဲ့သည့် တံခါးဖွင့်ခြင်း နှင့် ပြုပြင်ပြောင်းလဲခြင်းကို ကျေးဇူးတင်ရပေမည်။ ထို့ပြင် သမ္မတရှီကျင့်ဖိန်၏ ခိုင်မာသော လမ်းပြညွှန်ကြားမှုက ခေတ်သစ်တစ်ခုအတွက် တရုတ်လူမျိုးတို့၏ သွင်ပြင်လက္ခဏာနှင့်အတူ ဆိုရှယ်လစ်စနစ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။

ကမ္ဘာကြီးသည် ပြောင်းလဲနေခြင်းနှင့်အတူ ပိုမို မရေရာမှု နှင့် စိန်ခေါ်မှုများဖြင့် ကြုံတွေ့နေရသည်။ သို့သော် တရုတ်နိုင်ငံသည် ခရီးရှည်အတွက် ရှေ့သို့ဆက်လက်ချီတက်ရန် အခိုင်အမာဆုံးဖြတ်ထားသည်။ ထိုသို့လုပ်ဆောင်ရန်အတွက်လည်း စွမ်းဆောင်ရည် အပြည့်အဝ ရှိနေသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးအင်အားသည်ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံးဖြစ်ပြီး ကောင်းမွန်သော ဖွံ့ဖြိုးမှုအရှိန်အဟုန်နှင့်အတူ တည်တည်ငြိမ်ငြိမ်ဖြင့် ကောင်းမွန်စွာ ဆက်လက်တိုးတက်နေသည်။ ၂ဝ၁၇ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး(GDP) သည် တရုတ်ယွမ် ၈၂.၇ ထရီလီယံ(အမေရိကန်ဒေါ်လာ ၁၂.၈ ထရီလီယံ) ဖြင့် ၆.၉ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ကမ္ဘာ့စုစုပေါင်းပမာဏ၏ ၁၅ ရာခိုင်နှုန်းနီးပါး ရှိခဲ့သည်။ ယခုနှစ် ပထမ ၈ လအတွင်း တရုတ်နိုင်ငံ၏အဓိက စက်မှုလုပ်ငန်းများ၏ အမြတ်ငွေသည် ၁၆.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ကုန်ထုတ်လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် ၃ ရာခိုင်နှုန်း နှင့် စားသုံးသူဈေးကွက်ကိုလည်း ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်ခဲ့သည်။

၆၉ နှစ်မြောက် တရုတ်နိုင်ငံတည်ထောင်ခြင်း အမျိုးသားနေ့အလံတင်အခမ်းအနားအားတွေ့ရစဉ်(ဆင်ဟွာ)

ဖွံ့ဖြိုးရေး မောင်းနှင်အားသစ် နှင့် စီးပွားရေးပုံစံသစ်များပေါ်ထွက်လာ ခဲ့သည်။ လယ်သမားများအနေဖြင့် ကောက်ပဲသီးနှံများ ကောင်းစွာ ထွက်ရှိခဲ့ပြီး အလုပ်သမားများကလည်း မြင့်မားသောဝင်ငွေများ ရရှိခဲ့သည်။

အောက်တိုဘာလတွင် စတင်အသက်ဝင်မည့် ဝင်ငွေခွန်ဥပဒေပြင်ဆင်ချက်အရ နိုင်ငံသားများအတွက် ဝင်ငွေခွန် ကင်းလွတ်ခွင့် အနည်းဆုံး ပမာဏ တစ်ဦးလျှင် တစ်လ ယွမ် ၃၅ဝဝ (အမေရိကန်ဒေါ်လာ) မှ ယွမ် ၅ဝဝဝ ထိ တိုးမြှင့်သတ်မှတ်ခဲ့သည်။

အငြိမ်းစားယူခဲ့ကြသော နိုင်ငံ့ဝန်ထမ်းဟောင်းများသည် ပင်စင်လစာငွေကိုအချိန်မီ အပြည့်အဝရရှိနိုင်ကြမည်ဖြစ်သည်။နယ်မြေဒေသကိုလိုက်၍ ပင်စင်လစာငွေခွဲဝေခြင်းသည် ချိန်ခွင်လျှာညီမျှအောင် ပြုပြင်ပြောင်းလဲရေးလုပ်ခဲ့ခြင်း တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ယင်းအတွက်လည်း ကျေးဇူးတင်ထိုက်ပေသည်။

မိမိတို့၏ ရင်သွေးငယ်များကို ကျောင်းစာသင်ခန်းသို့ပို့ဆောင်ရန် ဖိအားကြီးကြီးမားမား ရှိခဲ့ကြသော မိဘများသည်လည်း အသက်ရှူချောင်တော့မည် လက္ခဏာတစ်ရပ်ဖြစ်သည်။ အဓိက အခြေခံအဆောက်အအုံစီမံကိန်းများကို အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်နေသည်။

နိုင်ငံ၏ မြန်နှုန်းမြင့် မီးရထားလမ်း ကွန်ရက်ကို တိုးချဲ့ခဲ့ရာ စက်တင်ဘာလတွင် ဟောင်ကောင်အထိ ရောက်ရှိတော့မည်ဖြစ်သည်။ ယင်းရထားလမ်းပိုင်းသည် ဟောင်ကောင် နှင့် ပေကျင်း အကြား ခရီးအကွာအဝေးကို ၉ နာရီခန့်အထိ လျှော့ချနိုင်မည်ဖြစ်သည်။

ဟောင်ကောင်- ကျူးဟိုင်-မကာအို လမ်းပိုင်းသည် ပင်လယ်ပြင်ကို ဖြတ်၍ တည်ဆောက်ထားသော ကမ္ဘာ့အရှည်ဆုံးတံတား နှင့် ဥမင်လှိုဏ်ခေါင်းကြီးမှာလည်း ဖွင့်လှစ်ရန် အသင့်ရှိနေပြီဖြစ်သည်။

ခရီးသည်အဝင်အထွက်များသော ပေကျင်းမြို့အတွက် နိုင်ငံတကာလေဆိပ်အသစ်တစ်ခုကို လာမည့်နှစ်တွင် ဖွင့်လှစ်ပြီး လေယာဉ်များ ဆင်းသက်နိုင်တော့မည်ဖြစ်သည်။ ၎င်းလေဆိပ်သည် ပေကျင်းမြို့၏ တောင်ဘက် ဆင်ခြေဖုံးတွင် တည်ရှိပြီး တရုတ်နိုင်ငံ မြို့တော်၏ နောက်ထပ် ဗိသုကာပြရုပ်တစ်ခု ဖြစ်လာပါလိမ့်မည်။

အမှန်ဆိုရလျှင် စိန်ခေါ်မှုများစွာ ရှေ့တွင် စောင့်ကြိုလျှက်ရှိနေပါသေးသည်။ သဘာဝပတ်ဝန်းကျင်ကာကွယ်ခြင်း ၊ ဖွံ့ဖြိုးမှု မညီမျှခြင်း နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်း စသည့် အရေးကိစ္စရပ်များအပါအဝင် ကိစ္စရပ်များစွာ ရှိနေသည်။

သို့သော် တရုတ်နိုင်ငံသည် အဆိုပါ စိန်ခေါ်မှုများကို နက်နက်ရှိုင်းရှိုင်း ကျယ်ကျယ်ပြန့်ပြန့်ပြုပြင်ပြောင်းလဲသွားရန် နှင့် တစ်ခုပြီးတစ်ခု ဖြေရှင်းသွားရန် ယုံကြည်မှုအပြည့်ရှိနေသည်။

၁၉၇၈ ခုနှစ် မှ ၂ဝ၁၄ ခုနှစ်အတွင်း တရုတ်လူဦးရေ ၁.၃ ဘီလီယံ အနက် ပြည်သူ သန်းပေါင်း ၇ဝဝ ကျော်ကို ဆင်းရဲတွင်းမှ ဆွဲတင်နိုင်ခဲ့ပြီး ယင်းဖြစ်စဉ်ကို “ တရုတ်သွင်ပြင်လက္ခဏာနှင့်အတူ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး” ဟူ၍ လူသိများခဲ့သည်။ ၂ဝ၁၂ ခုနှစ် မှ ၂ဝ၁၇ ခုနှစ်အတွင်း တရုတ်နိုင်ငံရှိကျေးလက်နေပြည်သူ သန်း ၇ဝ ကျော်ကို ဆင်းရဲနွမ်းပါးမှုမှ ကင်းလွတ်အောင် လုပ်ဆောင်နိုင်ခဲ့ပြီး ဆင်းရဲနွမ်းပါးမှုဦးရေသည် ၁ဝ.၂ ရာခိုင်နှုန်းမှ ၃.၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

နိုင်ငံအနေဖြင့် တရုတ်လူမျိုးတို့၏ ရည်မှန်းချက်ဖြစ်သော နိုင်ငံပြန်လည်နုပျိုသစ်လွင်ခြင်း ပန်းတိုင်ကို ယခင်ခေတ်ကာလများထက် အနီးစပ်ဆုံးအနေအထားသို့ရောက်ရှိခဲ့သည်။

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ လမ်းညွှန်မှုများ နှင့်အတူ တရုတ်နိုင်ငံကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ၏ ခိုင်မာသော ဦးဆောင်ဦးရွက်ပြုခြင်းများဖြင့် အောင်မြင်မှုများကို ဆွတ်ခူးနိုင်ပါလိမ့်မည်။

တရုတ်နိုင်ငံအတွက် အထင်ကရဖြစ်စေမည့် နှစ် ၃ နှစ် ရှေ့တွင် ဆီးကြိုနေသည်။ ၂ဝ၁၉ နှစ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း (PRC) နှစ် ၇ဝ ပြည့် ဖြစ်သည်။ ၂ဝ၂ဝ ပြည့်နှစ်သည် တရုတ်နိုင်ငံ၌ နယ်ပယ်အားလုံးတွင် အလယ်အလတ်အားဖြင့် ခေတ်မီကြွယ်ဝချမ်းသာသော လူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်ရန်ဖြစ်သည်။ ၂ဝ၂၁ ခုနှစ်တွင်မူ တရုတ်ကွန်မြူနစ်ပါတီ(CPC) ဖွဲ့စည်းတည်ထောင်ခြင်း နှစ် ၁ဝဝ ပြည့် အခမ်းအနား ဆင်နွှဲရန် ရှိနေသည်။

သမိုင်းတွင်မည့် အကူးအပြောင်းသည် အစစ်အမှန်တစ်ခုဖြစ်လာပါတော့မည်။ တရုတ်နိုင်ငံသားများအနေဖြင့် မည်သည့် ပျက်စီးဆုံးရှုံးနိုင်ဖွယ်ရှိသည့် ကိစ္စရပ်မျိုးကို မဆို ရှောင်ရှားသွားရန် ၊ အချိန်ကာလတစ်ခုအတွင်း ခြေတစ်လှမ်းခြင်း ဆက်လှမ်းသွားရန် နှင့် ခိုင်မာသော ခြေလှမ်းများ နှင့်အတူ ၎င်းတို့လုပ်ငန်းဆောင်တာကို ချဉ်းကပ် လုပ်ဆောင်သွားကြရန် တို့ဖြစ်တော့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.