Connect with us

Politics, Law & Military

တရုတ်ဝန်ကြီးချုပ် SCO အစည်းအဝေး နှင့် ASEM ထိပ်သီးအစည်းအဝေး တက်ရောက်ရန် တာဂျစ်ကစ္စတန်၊ နယ်သာလန် နှင့် ဘယ်လ်ဂျီယံ နိုင်ငံများသို့ သွားရောက်မည်

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်အား ခရီးစဉ်တစ်ခု၌ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် သည် တာဂျစ်ကစ္စတန်နိုင်ငံ Dushanbe မြို့တွင် ပြုလုပ်မည့် ၁၇ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့အစည်း (SCO) ဝန်ကြီးချုပ်များအစည်းအဝေး သို့ တက်ရောက်သွားမည်ဖြစ်ပြီး တာဂျစ်ကစ္စတန်နိုင်ငံ နှင့် နယ်သာလန်နိုင်ငံများသို့ တရားဝင်ခရီးစဉ်သွားရောက်မည်ဖြစ်ကာ အောက်တိုဘာ ၁၁ရက်မှ ၁၉ ရက်အထိ ဘယ်လ်ဂျီယံနိုင်ငံ ခရီးစဉ်အတွင်း မြို့တော် ဘရပ်ဆဲလ်မြို့၌ ပြုလုပ်မည်ဖြစ်သော ၁၂ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး (ASEM) သို့ တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင် က အဆိုပါ ခရီးစဉ်သည် တာဂျစ်ကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Kohir Rasulzoda၊ နယ်သာလန်ဝန်ကြီးချုပ် Mark Rutte၊ ဥရောပကောင်စီဥက္ကဋ္ဌ Donald Tusk၊ ဥရောပကော်မရှင်ဥက္ကဋ္ဌ Jean-Claude Juncker နှင့် ဘယ်လ်ဂျီယံနိုင်ငံ ဝန်ကြီးချုပ် Charles Michel တို့၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ကြောင်း အောက်တိုဘာ ၄ရက် က ထုတ်ပြန်ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.