Politics, Law & Military
ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုတစ်လျှောက်ရှိ ပြည်သူများထံ အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးမည်ဟု တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ကတိပြု

ပေကျင်း၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသမ္မတ ရှှီကျင့်ဖိန်သည် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု (Belt and Road Initiative = BRI) အောက်တွင် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ဆက်စပ်သည့် နိုင်ငံများရှိ ပြည်သူများအား အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးနိုင်ရန်နှင့် အနာဂတ်မျှဝေမှုရှိသော လူမှုအသိုက်အဝန်းတစ်ခု ပျိုးထောင်ပေးမည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။
တရုတ် ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးလည်းဖြစ် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီသည် မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမကြီးတွင် BRI ငါးနှစ်မြောက် နှစ်ပတ်လည်အဖြစ် ပြုလုပ်သော စာတမ်းဖတ်ပွဲ၌ မိန့်ခွန်းပြောကြားခဲ့သည်။အဆိုပါ အစည်းအဝေးသို့ CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်နှင့် BRI ဖွံ့ဖြိုးတိုးတက်မှု အဆင့်မြှင့်တင်ရေး ဦးဆောင်အဖွဲ့ ခေါင်းဆောင် ဒုတိယဝန်ကြီးချုပ် Han Zheng က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)