Connect with us

Politics, Law & Military

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိနှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Alan Peter Cayetano တို့ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ရိနှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Alan Peter Cayetano တို့ တွေ့ဆုံစဉ် (ဓါတ်ပုံ - တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ သြဂုတ် ၂၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိသည် သြဂုတ်လ ၂၂ ရက် တွင် တရုတ်နိုင်ငံသို့အစည်းအဝေးတက်ရောက်ရန် ရောက်ရှိနေသည့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Alan Peter Cayetano အား လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နှစ်ဖက်စလုံးက အပြန်အလှန်ယုံကြည်မှုတိုးမြှင့်ရေးမှာ အထူးအရေးပါ ကြောင်း ၊ထို့ကြောင့် အပြန်အလှန်နားလည်မှုများတိုးပွားလာစေရန် ယုံကြည်မှု ခိုင်မာ နက်နဲလာစေရန် နှစ်နိုင်ငံ ဌာနအသီးသီး အလွှာအသီးသီး၏ ဆွေးနွေးဖလှယ်မှုများကို တိုးမြင့်သွားလိုကြောင်း ပြော ကြားခဲ့ပါသည်။ ဆက်လက်၍ နှစ်နိုင်ငံ အဆင့်မြင့်အရာရှိဆက်ဆံရေးအတွက် အတူကြိုးစား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

ဖိလစ်ပိုင်နိုင်ငံသည် တရုတ်-အာဆီယံ ဆက်ဆံရေးကို ညှိနှိုင်းပေးသည့်နိုင်ငံအဖြစ် တာဝန်ယူထား ခြင်းရာ တရုတ်နှင့်အာဆီယံအကြား ဘက်ပေါင်းစုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အတူ တွန်းအားပေး ဆောင်ရွက်ရန်၊ တောင်တရုတ်ပင်လယ်နိုင်ငံများ အပြုအမူဆိုင်ရာ ကြေညာစာတမ်း ဆက်လက်အကောင်အထည်ဖော်သွားရန်၊ တောင်တရုတ်ပင်လယ်နိုင်ငံများ အပြုအမူဆိုင်ရာ သတ်မှတ်ချက် ဆွေးနွေးညှိနှိုင်းမှုများကို စနစ်တကျပြုသွားရန် သဘောတူညီခဲ့ကြကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.