Connect with us

Politics, Law & Military

ခေတ်သစ်ပိုးလမ်းမကြီးတည်ဆောက်ရေး(၅)နှစ်ပြည့် ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် မိန့်ခွန်းပြောကြား

ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်ရေး (၅)နှစ်ပြည့် ဆွေးနွေးပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၂၈ ရက်(ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ၊ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် သြဂုတ် ၂၇ ရက်တွင် ပေကျင်းမြို့မဟာပြည်သူ့ခန်းမဆောင်တွင် ကျင်းပသော ခေတ်သစ်ပိုး လမ်းမကြီးတည်ဆောက်ရေး(၅)နှစ်ပြည့် ဆွေးနွေးပွဲသို့ တက်ရောက်၍ မိန့်ခွန်းစကားပြောကြားခဲ့ပါသည်။ ထိုမိန့်ခွန်းစကားများအနက် အဖိုးတန်စကား ၈ ရပ်မှာ-

၁။ ခေတ်သစ် ပိုးလမ်းမကြီး အတူ တည်ဆောက်ရေးကို ရေရှည် ခိုင်ခိုင်မာမာ ထဲထဲဝင်ဝင်လျှောက်လှမ်းနိုင်ရန်၊ ပိုးလမ်းမ တစ်လျှောက် နိုင်ငံများရှိ ပြည်သူများ၏ အကျိုးစီးပွားကို ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်ရန်၊ လူသားများ၏ ကံကြမ္မာတူ အကျိုးတူ အသိုက်အဝန်း တစ်ခုကို အတူတကွတည်ဆောက်နိုင်ရန် အတွက် တစ်လှမ်းချင်းစီ နည်းနည်းစီ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်သည်။

၂။ ယနေ့ခေတ်ကမ္ဘာကြီးသည် ကြီးမားသောဖွံ့ဖြိုးတိုးတက်မှုများ၊ ပြုပြင်ပြောင်းလဲမှုများ၊ ညှိနှိုင်းဆောင်ရွက်မှု များပြုလုပ်ရန် အချိန်အခါသို့ ရောက်ရှိနေပြီဖြစ်ရာ မဟာဗျူဟာအမြင်၊ကမ္ဘာ့လုံးဆိုင်ရာအတွေးအမြင်များ ရှိရမည်ဖြစ်ပြီး အန္တရာယ်ကို သတိပြုသည့် အသိအပြင် သမိုင်းအခွင့်အလမ်းကောင်းဟူသော အသိအမြင် လည်းရှိရမည်ဖြစ်ပြီး နှစ်တစ်ရာတွင် တစ်ခါမရှိသည့်အပြောင်းအလဲအခြေအနေတွင် လျှောက်လှမ်းရမည့် ဦးတည်ချက်ကို ကြိုးစား၍ အမိအရ ဆုပ်ကိုင်ရန် လိုအပ်သည်။

၃။ ခေတ်သစ်ပိုးလမ်းမကြီး အတူလက်တွဲတည်ဆောက်ရေးကို လူသားများ၏ကံကြမ္မာတူအကျိုးတူ အသိုက်အဝန်း အကောင်အထည်ဖော်တည်ဆောက်သည့် ပလက်ဖောင်းအနေဖြင့် သဘောထား ရမည်ဖြစ် သည်။ ၎င်းမှာ ပြုပြင်ပြောင်းလဲရေး တံခါးဖွင့်လမ်းစဉ်နှင့်ရေရှည်ဖွံ့ဖြိုးရေးအတွက် ရှေးရှု၍ အဆိုပြုခြင်းဖြစ်ရာ တရုတ်လူမျိုး၏သမိုင်းအစဉ်အဆက်တွင်ရှိသော နိုင်ငံချင်းချစ်ကြည်သင့်မြတ်စွာ ဆက်ဆံသည့် အတွေးအခေါ် နှင့်လည်းကိုက်ညီသလို နိုင်ငံတကာကျင့်ဝတ်နှင့်လည်း ကိုက်ညီပါ သည်။

၄။ ။ခေတ်သစ် ပိုးလမ်းမကြီး အတူ လက်တွဲ တည်ဆောက်မှုသည် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အဆိုပြု ချက် ဖြစ်ပြီး ပထဝီ နိုင်ငံရေး မဟာမိတ် ဖွဲ့ခြင်း ၊ စစ်ရေး အရ မဟာမိတ် ဖွဲ့ခြင်းမျိုး မဟုတ်ဘဲ ပွင့်လင်း မြင်သာ ၍ အလုံးစုံက လက်ခံနိုင်သည့် တိုးတက်မှု ဖြစ်စဉ်သာ ဖြစ်ကြောင်း ၊ တံခါးပိတ်ပြီး အသိုင်းအဝိုင်းငယ် တစ်ခု သို့မဟုတ် တရုတ် အသိုင်းအဝိုင်း တစ်ခု တည်ဆောက်ခြင်း မဟုတ် သကဲ့ သို့ သူရယ်ကိုယ်ရယ် ခွဲခြား ဆက်ဆံ သည့် အတွေးအမြင်ဖြင့် အနိုင်အရှုံးအဖြေတစ်မျိုးတည်းသာ ရှိသော သူသေကိုယ်ရှင်ဆက်ဆံရေး (zero-sum game)ကို လုပ်ဆောင်ခြင်း မဟုတ်သည့်အပြင် နိုင်ငံအသီးသီးက ပါဝင်ရန် ဆန္ဒရှိပါက အားလုံးအား ကြိုဆို လက်ခံပါသည်။

၅။ ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးတည်ဆောက်လာသည့် ၅ နှစ်တာကာလတွင် အခြေခံကျကျ လုပ်ဆောင်ရာမှ ရေရှည်ဖွံ့ဖြိုးရေးလမ်းစဉ်ကို လျှောက်လှမ်းနေပြီဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် ကောင်းမွန်သည့် ဖွံ့ဖြိုး တိုးတက်မှု အခြေအနေပေါ်တွင် အခြေခံ၍ ခေတ်သစ် ပိုးလမ်းမကြီး အတူ လက်တွဲ တည်ဆောက်ခြင်းကို အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်သည့် အသွင်သဏ္ဍန်သို့ ပြောင်းလဲ ရမည် ဖြစ်သည်။ယင်းမှာ အနာဂတ် ခေတ်သစ် ပိုးလမ်းမကြီး တည်ဆောက်ခြင်းလုပ်ငန်း၏ အခြေခံ ဖြစ်သည်။

၆။ ပြီးခဲ့သည့်နှစ်များတွင် ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်မှုကို ယေဘုယျအားဖြင့်စီမံပြီးဖြစ်ရာ အနာဂတ် တွင် အရေးကြီးသည့် အဓိက အချက်ကို အားထားကာ အသေးစိတ်အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ် သည်။

၇။ စီမံကိန်းတည်ဆောက်မှုကို အားထားလုပ်ဆောင်ရမည်ဖြစ်ပြီး လုပ်ငန်းလည်ပတ်ပုံစနစ်များ ၊ အထောက်အပံ့ လုပ်ငန်းများကို ပြီးပြည်စုံအောင် လုပ်ဆောင်ခြင်းဖြင့် စီမံကိန်းများ တိုးတက် ကောင်းမွန်လာအောင် ဘက်စုံ အားသွန်ဆောင်ရွက်ရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင်လည်း တစ်ဖက်နိုင်ငံတစ်ဖက်သား၏လိုအပ်ချက် အခက်အခဲများကို သတိမူပြီး ဒေသခံပြည်သူလူထု၏ အကျိုးစီးပွားကို အကျိုးပြုပေးသည့် လုပ်ငန်း ဖြစ်နိုင်စေရမည်။

၈။ ရင်းနှှီးမြှုပ်နှံမှု လုပ်ငန်းများသည် နည်းဥပဒေ၊စည်းစနစ်များအရ ကိုက်ညီ မှန်ကန်အောင် လုပ်ဆောင်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်လူမှုတာဝန်ထမ်းဆောင်မှုများကို ပြုလုပ်ကာ ခေတ်သစ် ပိုးလမ်းမကြီး၏ ကောင်းမွန်သည့် ပုံရိပ်ကို အတူဖော်ဆောင်ရမည် ဖြစ် သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.