Connect with us

Politics, Law & Military

ဂရိ နိုင်ငံ သမ္မတ က ခေတ်သစ်ပိုးလမ်းမကြီး ထိပ်သီး အစည်းအဝေး သည် ကမ္ဘာလုံးဆိုင်ရာ အရေးပါမှု ရှိသည့် အစည်းအဝေး တစ်ခု ဖြစ်ကြောင်း ပြောကြား

ဂရိ နိုင်ငံ သမ္မတ Pavlopoulos နှင့် ဆင်ဟွာ သတင်းဌာန ဥက္ကဋ္ဌ ချိုက်မင်ကျောက် (Cai Mingzhao) တွေ့ဆုံ ခဲ့စဉ်(ဆင်ဟွာ)

အေသင် ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

ဂရိ နိုင်ငံ သမ္မတ Pavlopoulos သည် ဧပြီလ ၂၀ ရက်နေ့က အေသင် မြို့တွင် ဆင်ဟွာ သတင်းဌာန ဥက္ကဋ္ဌ ချိုက်မင်ကျောက် (Cai Mingzhao) နှင့်တွေ့ဆုံခဲ့စဉ် အတွင်း မကြာခင် ပေကျင်းမြို့၌ ကျင်းပပြုလုပ်မည့် ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အစည်းအဝေး သည် ကမ္ဘာလုံးဆိုင်ရာ အရေးပါမှု ရှိပြီး ရှေ့ဆက်ခေတ်သစ်သမိုင်းစာမျက်နှာတွင် တရုတ် နိုင်ငံ မှ ကမ္ဘာ့အတူတကွအေးချမ်းစွာ ယှဉ်တွဲနေထိုင်ရေး ကို တွန်အားပေးစေမည့် အရေးပါသည့် အခန်းကဏ္ဍ ကို ပေါ်လွင်စေမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Pavlopoulos က ယခု ကျင်းပမည့် အစည်းအဝေးသည် တရုတ် နိုင်ငံ အတွက်သာမက ကမ္ဘာလုံးဆိုင်ရာ အတွက် အလွန်အရေးပါကြောင်း ၊ ယင်းအစည်းအဝေးသည် ကမ္ဘာလုံးဆိုင်ရာ ပုံစံ ကို အကောင်အထည် ဖော်စေမည့် အလွန်အရေးပါသည့် အစည်းအဝေး ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ သည် ခေတ်သစ်ပိုးလမ်းမကြီး လမ်းကြောင်း တစ်လျှောက်ရှိ နိုင်ငံ များနှင့် အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှု များစွာ ရှိပြီး ယခင်ကဲ့သို့ အစည်းအဝေး ကျင်းပခြင်းသည် အလွန်ကောင်းမွန်သည့် ဆက်သွယ်မှု အစီအစဉ် တစ်ရပ် ဖြစ်ကြောင်း ၊ ဂရိ နိုင်ငံ မှ အခက်ခဲဆုံးသော အခြေအနေများနှင့် ရင်ဆိုင်ရချိန်တွင် တရုတ် နိုင်ငံ မှ ဂရိ နိုင်ငံ အပေါ် ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှု များပြုလုပ် ခဲ့သည့် အပေါ် ကျေးဇူး တင်ရှိကြောင်း ၊ ဂရိ နိုင်ငံပိုင် သတင်းဌာန နှင့် ဆင်ဟွာ သတင်းဌာန တို့မှ ပူးပေါင်းဆောင်ရွက်မှု စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့သည့် အတွက် ဝမ်းမြောက်ကြောင်း နှင့် နှစ်နိုင်ငံ ပြည်သူလူထု အကြားချစ်ကြည်ရေး တိုးပွားရန် အတွက် အလွန်အရေးပါကြောင်း ပြောကြား ခဲ့သည်။

ဆင်ဟွာ သတင်းဌာန ဥက္ကဋ္ဌ ချိုက်မင်ကျောက် က ဂရိ နိုင်ငံ ၏ စီးပွားရေး အခြေအနေ ပြန်လည်ကောင်းမွန် လာသည့် အတွက် ဝမ်းမြောက်ကြောင်း ၊ ဂရိ နိုင်ငံ ပြည်သူလူထု တို့မှ အခက်အခဲ များကို အမြန်ဆုံး တိုက်ဖျက်ကာ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်သည့် စီးပွားရေး ကို ရရှိရန် စုမွန်ကောင်းတောင်းကြောင်း ၊ ဆင်ဟွာ သတင်းဌာန မှ တရုတ် နိုင်ငံပိုင် သတင်းဌာန တစ်ခု အနေဖြင့် နှစ်နိုင်ငံ ပြည်သူလူထု များထံသို့ တိုးတက်ကောင်းမွန်စေသည့် သတင်းအချက်အလက်များကို ဖြန့်ဝေပေးပြီး နှစ်နိုင်ငံ ပြည်သူလူထု အကြား အဆက်အသွယ် တံတား အဖြစ် ဆောင်ရွက်ကာ နှစ်နိုင်ငံချစ်ကြည်ရေး အတွက် တက်ကြွစွာ တည်ဆောက်သူ အဖြစ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.