Connect with us

Politics, Law & Military

ကိုရီးယားကျွန်းဆွယ် အခြေအနေအပေါ် ရှီကျင့်ဖိန် နှင့် ဒေါ်နယ်ထရမ့် ဖုန်းဆက်ဆွေးနွေး

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်တို့ အမေရိကန်နိုင်ငံ၌ ဆွေးနွေးကြစဉ်(ဆင်ဟွာ)

ဧပြီ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်တို့သည် နှစ်နိုင်ငံစလုံးအတွက် ဘုံစိုးရိမ်နေရသော အဓိက အရေးကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်၍ အနီးကပ် ချိတ်ဆက်ဆောင်ရွက်မှုများ လုပ်ဆောင်သွားရန်ကတိပြုခြင်းနှင့်အတူ ကိုရီးယားကျွန်းဆွယ် အခြေအနေ နှင့် နှစ်နိုင်ငံဆက်ဆံရေးခိုင်မာစေရန် ကိစ္စရပ်များအပေါ် ဧပြီလ ၂၄ ရက်က တယ်လီဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များအား ချိုးဖောက်သည့် မည်သည့်လုပ်ရပ်ကိုမဆို တရုတ်နိုင်ငံက ကန့်ကွက်ကြောင်း သမ္မတရှီကျင့်ဖိန်က ပြောကြားခဲ့ပြီး ကိုရီးယားကျွန်းဆွယ်၌ ဖြစ်ပွားနေသော တင်းမာမှုများကို ထိန်းသိမ်းရန် မည်သည့် အရေးယူဆောင်ရွက်မှုမျိုးကိုမဆို ရှောင်ရှားသွားကြရန် နှင့် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအနေဖြင့် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်သွားကြရန်ကို မျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားကင်းစင်ရေးကို ဖြစ်နိုင်သမျှ အစောဆုံးကြေညာနိုင်ရန် နှင့် မြောက်ကိုရီးယားနျူကလီးယား အရေးကိစ္စကို အဖြေရှာနိုင်ရန် လမ်းခုလတ်တွင် တစ်ဘက်နှင့်တစ်ဘက်တွေ့ဆုံကြရန် နှင့် သက်ဆိုင်ရာနိုင်ငံများအနေဖြင့် ၎င်းတို့၏ တာဝန်ယူမှု တာဝန်ခံမှုဖြင့်သာ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ရှီက မှတ်ချက်ပြုပြောကြားခဲ့သည်။

တယ်လီဖုန်းဖြင့် ဆွေးနွေးစဉ်အတွင်း အမေရိကန်သမ္မတထရမ့်က Mar-a-Lago ၌ ရှီကျင့်ဖိန်နှင့်ပြုလုပ်သော အစည်းအဝေးအပေါ် အင်မတန်အားရကျေနပ်ကြောင်း ၊ နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်လာမှုအတွက်လည်း အလွန်စိတ်ကျေနပ်ရကြောင်း နှင့် ၎င်းအနေဖြင့် တရုတ်ပြည်သူများများ၏ ဆန္ဒကို အလေးထားပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အမေရိကန်-တရုတ် နှစ်နိုင်ငံ အနီးကပ်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းသွားရန်မှာ အလွန်အရေးကြီးကြောင်း နှင့် အဓိကအရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဆိုသည်။

ထို့ပြင် သမ္မတဒေါ်နယ်ထရမ့်သည် တရုတ်နိုင်ငံသို့သွားရောက်လည်ပတ်ရန်နှင့် သမ္မတရှီနှင့် အစောဆုံးတွေ့ဆုံဆွေးနွေးနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.