Connect with us

Politics, Law & Military

တရုတ်နိုင်ငံက ဘရာဇီးနိုင်ငံနှင့်အတူ ဘုံအကျိုးဖြစ်ထွန်းမှုကို ဖော်ဆောင်ရန် အသင့်ရှိကြောင်း သမ္မတရှီ ပြော

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဘရာဇီးနိုင်ငံသမ္မတ Jair Bolsonaro တို့တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ဘရာဇီးလီယာ ၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် တရုတ်-ဘရာဇီး ပူးပေါင်းဆောင်ရွက်မှုအပေါ်အပြည့်အဝယုံကြည်မှုရှိကြောင်း နှင့် ဘရာဇီးနှင့်အတူ ဘုံအကျိုးဖြစ်ထွန်းမှုကို ဖော်ဆောင်ရန် အသင့်အနေအထားတွင်ရှိကြောင်း နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

သမ္မတရှီက ဘရာဇီးသမ္မတ Jair Bolsonaro နှင့်တွေ့ဆုံဆွေးနွေးစဉ်အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သော အောက်တိုဘာလက သမ္မတ Bolsonaro သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်တစ်ခု လာရောက်ခဲ့ကြောင်း နှင့် ယင်းခရီးစဉ်အတွင်း ရရှိခဲ့သော သဘောတူညီချက်များကို နှစ်နိုင်ငံက တက်ကြွစွာ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း ရှီက ဆိုသည်။

မကြာသေးခင်က ပြုလုပ်သော တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ(CIIE) တွင် ဘရာဇီးနိုင်ငံ၏ အရောင်းအဝယ်ပမာဏသည် လွန်ခဲ့သော တစ်နှစ်ကပြုလုပ်သော ပထမအကြိမ် သွင်းကုန်ပြပွဲနှင့် နှိုင်းယှဉ်ပါက ၃ဒသမ၆ ဆ တိုးတက်ခဲ့ကြောင်း နှင့် ကောင်းမွန်တိုးတက်သော ရလဒ်များထွက်ပေါ်ခဲ့ကြောင်း ရှီက ဆိုသည်။

 အရှေ့တိုင်း နှင့် အနောက်တိုင်းတွင် အကြီးဆုံးဈေးကွက်ပေါ်ထွန်းလာသောနိုင်ငံများအနေဖြင့် တရုတ် နှင့် ဘရာဇီး နှစ်နိုင်ငံသည် ဘုံအကျိုးစီးပွားဖြစ်ထွန်းမှုများတွင် ကျယ်ကျယ်ပြန့်ပြန့် မျှဝေခဲ့ကြောင်း ရှီက ဆိုသည်။

ဘရာဇီးနိုင်ငံ၏ အခြေခံအဆောက်အအုံများ တိုးမြှင့်ချိတ်ဆက်တည်ဆောက်ရာတွင် တက်ကြွစွာ ပါဝင်ကူညီဆောင်ရွက်ပေးရန် တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်း ရှီက ပြောကြားခဲ့သည်။

ရှီက နှစ်ဖက်အနေဖြင့် ယဉ်ကျေးမှု နှင့် ပြည်သူအချင်းချင်းအကြား အပြန်အလှန်ဖလှယ်မှုများကို တိုးမြှင့်သွားရန် နှင့် ခေါင်းဆောင်နှစ်ဉီးအကြားအပြန်အလှန်ဖလှယ်မှုကို မြှင့်တင်သွားရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။

အမေဇုန်သစ်တော တောမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ရန် ဘရာဇီးအစိုးရ၏ အားထုတ်မှုအပေါ် တရုတ်နိုင်ငံက ထောက်ခံကြောင်း နှင့် ဘရာဇီးအစိုးရက သဘာဝဘေးအန္တရာယ်များကို အောင်မြင်စွာ ကိုင်တွယ်နိုင်လိမ့်မည်ဟု တရုတ်နိုင်ငံက ယုံကြည်ကြောင်း ရှီက ဆိုသည်။

BRICS ထိပ်သီးအစည်းအဝေးကို ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းခြင်းကို တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်း နှင့် အစည်းအဝေးအောင်မြင်စွာ ကျင်းပနိုင်ရန် သက်ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံအားလုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်သမ္မတက ဆက်လက်ပြောကြားခဲ့သည်။

ဘရာဇီးနိုင်ငံက သမ္မတ Bolsonaro က ၎င်း၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း ရရှိခဲ့သော သဘောတူညီချက်များကို ဖြစ်နိုင်သမျှအစောဆုံး အကောင်ထည်ဖောင်ဆောင်ရွက်ရန် သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနများကို ညွှန်ကြားထားခဲ့ပြီးဖြစ်ကြောင်း ၊ ယင်းခရီးစဉ်မှာ အောင်မြင်သောခရီးစဉ်တစ်ခုဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဘရာဇီးနိုင်ငံအနေဖြင့် တရုတ် စက်မှုလုပ်ငန်းများ နှင့် ထုတ်ကုန်များကို တင်သွင်းနိုင်ရေး အခွင့်အလမ်းကောင်းများ ဖော်ဆောင်သွားရန် ဆန္ဒရှိကြောင်း ၊ ခေါင်းဆောင်အချင်းချင်းကြားအပြန်အလှန်ဖလှယ်မှု ၊ ပြည်သူအချင်းချင်းကြား နှင့် ယဉ်ကျေးမှုဖလှယ်မှုများကို တိုးမြှင့်ဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ဆိုသည်။

အမေဇုန်မုတ်သုံသစ်တော အရေးကိစ္စအပေါ် ဘရာဇီးနိုင်ငံ၏ အချုပ်အခြာအာဏာအား ထောက်ခံအားပေးခြင်းအတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ရှိကြောင်း နှင့် ဘရာဇီးနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ဇီဝမျိုးကွဲများထိန်းသိမ်းစောင့်ရှောက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ဘရာဇီးနိုင်ငံသည် တရုတ်နိုင်ငံ၏ ယုံကြည်မှု နှင့် ချစ်ကြည်ရင်းနှီးမှုအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း သမ္မတ Bolsonaro က ပြောကြားခဲ့ပြီး နှစ်ဖက်ပြည်သူများ၏ အကျိုးစီးပွား နှင့် အစဉ်အလာချစ်ကြည်ရင်းနှီးမှုကို နက်ရှိုင်းစွာ ဖော်ဆောင်ခြင်းအပါအဝင် နယ်ပယ်ကဏ္ဍစုံတွင် တရုတ်နိုင်ငံနှင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံခေါင်းဆောင်တို့သည် ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.