Connect with us

Politics, Law & Military

သမ္မတရှီကျင့်ဖိန်က တရုတ်-ဂရိ နှစ်နိုင်ငံ နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ပြောကြား

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ဂရိနိုင်ငံဝန်ကြီးချုပ် Kyriakos Mitsotakis လက်ဆွဲနှုတ်ဆက်စဉ်(ဆင်ဟွာ)

အေသင် ၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ၎င်းတို့၏ ကဏ္ဍစုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို တွန်းအားပေးရန်အတွက် တရုတ်-ဂရိ နှစ်နိုင်ငံအကြား နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားရန် နိုဝင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

တရုတ် နှင့် ဂရိ နှစ်နိုင်ငံစလုံးသည် ရှေးဟောင်း လူမှုအသိုက်အဝန်းမှ ဆင်းသက်လာခဲ့ကြသူများဖြစ်ကြောင်း နှင့် လူသားမျိုးနွယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်ပူးပေါင်းဆောင်ရွက်မှု နှင့် နှစ်နိုင်ငံပြည်သူများအကြား ပိုမိုကြီးမားကျယ်ပြန့်သော အကျိုးအမြတ်ဖြစ်ထွန်းရန် လက်ချင်းချိတ်ဆောင်ရွက်သွားသင့်ကြောင်း ဂရိနိုင်ငံဝန်ကြီးချုပ် Kyriakos Mitsotakis နှင့်တွေ့ဆုံဆွေးနွေးစဉ် သမ္မတရှီက ထည့်သွင်းပြောကြားခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် လွန်ခဲ့သော တစ်ပတ်က တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့သည့် ဒုတိယအကြိမ် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ(CIIE) တွင်လည်း တွေ့ဆုံခဲ့ကြသေးသည်။

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ဂရိနိုင်ငံဝန်ကြီးချုပ် Kyriakos Mitsotakis တို့ဆွေးနွေးစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ဂရိနိုင်ငံဝန်ကြီးချုပ် Kyriakos Mitsotakis တို့ဆွေးနွေးစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ဂရိနိုင်ငံဝန်ကြီးချုပ် Kyriakos Mitsotakis တို့ဆွေးနွေးစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ဂရိနိုင်ငံဝန်ကြီးချုပ် Kyriakos Mitsotakis တို့ဆွေးနွေးစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ဂရိနိုင်ငံဝန်ကြီးချုပ် Kyriakos Mitsotakis တို့ဆွေးနွေးစဉ်(ဆင်ဟွာ)

ကိန်းဂဏန်းများအရ ယခုနှစ် CIIE ပြပွဲတွင် ဂရိစီးပွားလုပ်ငန်းများ၏ အရောင်းအဝယ်ပမာဏသည် လွန်ခဲ့သော တစ်နှစ်က ပြုလုပ်သော ပထမအကြိမ် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ နှင့် နှိုင်းယှဉ်ပါက  ၂ဒသမ၅ ဆမြင့်တက်ခဲ့ကြောင်း ရှီက ဆိုသည်။

တရုတ်-ဂရိ ဆက်ဆံရေးတွင် အဓိက အရေးပါဆုံ နှစ်ချက်ဖြစ်သော နှစ်ဖက်အပြန်အလှန်အကျိုးစီးပွားဆိုင်ရာပူးပေါင်းဆောင်ရွက်မှု နှင့် နှစ်နိုင်ငံလူမှုအသိုင်းအဝိုင်း အပြန်အလှန်ဖလှယ်မှု တို့အကြောင်းကို ရှီက မီးမောင်းထိုးပြခဲ့သည်။

လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုအတွက် အချက် ၄ ချက်အပေါ်အလေးထားသွားသင့်ကြောင်းလည်း ရှီက အကြံပြုခဲ့ပြီး ယင်းတို့မှာ 

(၁) ဂရိနိုင်ငံ၏ အရေးပါသော နိုင်ငံတကာ ကုန်စည်ကူးလူးဆက်သွယ်မှုတွင် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမ နှင့်အတူ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်။ 

(၂) နှစ်နိုင်ငံအကြား ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုတွင်  အပြန်အလှန် နှစ်လမ်းသွားပုံစံကို တိုးချဲ့ရန် နှင့် လျှပ်စစ် ၊ ဆက်သွယ်ရေး ၊ ကုန်ထုတ်လုပ်မှု နှင့်ငွေကြေးဆိုင်ရာကဲ့သို့သော နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရန်။

(၃) နှစ်နိုင်ငံ ယဉ်ကျေးမှု နှင့် ပြည်သူအချင်းချင်းအကြား အပြန်အလှန်ဖလှယ်မှုကို နက်ရှိုင်းစွာ ဖော်ဆောင်သွားရန် ။

(၄) ဂရိနိုင်ငံသည် ဉရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သကဲ့သို့အရေးပါသော ဘောလ်ကန်ဒေသတွင်း နိုင်ငံတစ်နိုင်ငံဖြစ်ရာ တရုတ်_ဂရိ နှစ်နိုင်ငံအနေဖြင့် တရုတ်-ဉရောပသမဂ္ဂ(EU) ဆက်ဆံရေးကို တွန်းအားပေးရေးအတွက် လက်တွဲဆောင်ရွက်သွားရန် တို့ ပါဝင်ကြောင်း သိရသည်။

ဂရိနိုင်ငံဝန်ကြီးချုပ် Mitsotakis က တရုတ်နိုင်ငံသည် အင်မတန်ကြီးကျယ်ခမ်းနားသော ရှေးဟောင်းလူမှုအသိုက်အဝန်းမှ ဆင်းသက်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း နှင့် ကမာ္ဘငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးကို မြှင့်တင်ရန် အလွန်ရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေသော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ဆိုသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည်  ကျစ်လစ်ကောင်းမွန်ကြောင်း နှင့် လူ့အသိုင်းအဝိုင်း၏ အံ့ဩဘနန်းဖြစ်ရပ်တစ်ခုဟု ခေါ်ဆိုရမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ၏ အနာဂတ်တံခါးဖွင့်မှုသည် ဂရိနိုင်ငံအပါအဝင် ကမာ္ဘ့နိုင်ငံအားလုံးအတွက် အခွင့်အရေးများကို ပိုမိုဖော်ဆောင်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဂရိ-တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုသည် မဟာဗျူဟာမြောက် အရေးပါမှုတစ်ခုဖြစ်ပြီး ဘဏ္ဍာရေးအကျပ်အတည်းကာလအတွင်း ၎င်း၏ တန်ဖိုးရှိသော ကူညီထောက်ပံ့များအတွက် တရုတ်နိုင်ငံအား ဂရိပြည်သူများက ကျေးဇူးတင်ရှိကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့သည်။

တရုတ် နှင့် ဂရိ နှစ်နိုင်ငံသည်၎င်းတို့၏ ကဏ္ဍစုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို တိုးမြှင့်ရန် ပူးတွဲကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

ဂရိနိုင်ငံက တရုတ်နိုင်ငံအနောက်တောင်ပိုင်းစီချွမ်ပြည်နယ်မြို့တော် ချန်ဒူးမြို့၌ ကောင်စစ်ဝန်ရုံးတစ်ခုကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ၊ တရုတ်-ဂရိ နှစ်နိုင်ငံအကြား လေကြောင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရန် နှစ်ဖက်စလုံးက အားပေးထောက်ခံကြောင်းလည်း ပူးတွဲ ကြေညာချက်တွင် ဖော်ပြထားသည်။

ဂရိယဉ်ကျေးမှုကို တရုတ်နိုင်ငံ၌လည်းကောင်း တရုတ်ယဉ်ကျေးမှုကို ဂရိနိုင်ငံ၌လည်းကောင်း  အပြန်အလှန် မြှင့်တင်ခြင်းအားဖြင့် ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု ဆက်လက်တွန်းအားပေးသွားရန် နှစ်ဖက်သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ လတ်တလော ဉရောပ နှင့် လက်တင်အမေရိက ခရီးစဉ်တွင် ဂရိနိုင်ငံသည် ပထမဆုံး ခရီးတစ်ထောက်နားသော နိုင်ငံဖြစ်ပြီး ၎င်းမှ ဘရာဇီးနိုင်ငံသို့ ခရီးဆက်ရန် ရှိနေသည်။ ရှီသည် ဘရာဇီးနိုင်ငံ ဘရာဇီးလီယာမြို့၌  နိုဝင်ဘာ ၁၃-၁၄ ရက်များတွင် ကျင်းပမည့် ၁၁ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးသို့ တက်ရောက် မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.