Connect with us

Politics, Law & Military

တရုတ်နိုင်ငံက ဥရုဂွေးနိုင်ငံနှင့် ဆက်ဆံရေး ချဲ့ထွင်သွားမည်ဟု သမ္မတ ရှီပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် ဥရုဂွေးနိုင်ငံ သမ္မတ Tabare Vazquez တို့ လက်ဆွဲနှုတ်ဆက်နေကြသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ဥရုဂွေးနိုင်ငံနှင့်အတူ နှစ်နိုင်ငံလုံးနှင့် ပြည်သူများအတွက် ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများ ရရှိစေမည့် အစီအစဉ်အား ဘက်စုံနည်းလမ်းဖြင့် ဆက်ဆံရေးချဲ့ထွင်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ယနေ့ (ဖေဖော်ဝါရီလ ၃ ရက်) တွင် ပြောကြားလိုက်သည်။

ရှီသည် ဥရုဂွေးနိုင်ငံ သမ္မတ Tabare Vazquez ထံ ပေးပို့သည့် သဝဏ်လွှာ၌ အထက်ပါအတိုင်း မှတ်ချက်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။နှစ်နိုင်ငံ သမ္မတများသည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တည်ထောင်ခြင်း နှစ် ၃၀ ပြည့် အခါသမယတွင် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့ကြခြင်း ဖြစ်သည်။

တရုတ်နိုင်ငံနှင့် ဥရုဂွေးနိုင်ငံသည် မိတ်ဆွေကောင်းများနှင့် မိတ်ဖက်ကောင်းများဖြစ်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးသည် လွန်ခဲ့သည့် ဆယ်စုနှစ် သုံးခုအတွင်း တိုးတက်မှုများစွာ မြင်တွေ့ခဲ့ရကြောင်း၊ အထူးသဖြင့် ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဆက်ဆံရေး ထူထောင်နိုင်ခဲ့ကြကြောင်း ရှီက ပြောကြားခဲ့သည်။

ဥရုဂွေးနိုင်ငံ သမ္မတ Tabare Vazquez ကလည်း မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံနှင့် ဥရုဂွေးနိုင်ငံအကြား ဆက်ဆံရေးသည် အသိအမှတ်ပြုလောက်ဖွယ် အောင်မြင်မှုများ ရရှိခဲ့ပါကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးအား ပိုမြင့်မားသောအဆင့်သို့ တွန်းအားပေးရာတွင် အတူတကွ လုပ်ဆောင်ကြရန်၊ ဥရုဂွေးနိုင်ငံအနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီးအား ထောက်ခံပါကြောင်းနှင့် ဆောလျင်စွာ အကောင်အထည်ဖော်နိုင်ရန် မျှော်လင့်ပါကြောင်း သဝဏ်လွှာ၌ ပြောကြားထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.