Connect with us

Politics, Law & Military

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ဖင်လန်နိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်ခိုင်မာအောင်လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြား

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဖင်လန်နိုင်ငံသမ္မတ Sauli Niinisto တို့  ၂ဝ၁၇ ခုနှစ် ဧပြီလ ၅ ရက်က ဖင်လန်နိုင်ငံ၌ တွေ့ ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် ဖင်လန်နိုင်ငံနှင့်အတူ အနာဂတ်ရှေ့ဆောင် ပုံစံသစ် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်အဖြစ် တိုးတက်ခိုင်မာအောင် တွန်းအားပေးသွားရန် ဆန္ဒရှိပါကြောင်း ယနေ့(ဖေဖော်ဝါရီ ၁ ရက်)တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

ဖင်လန်နိုင်ငံသမ္မတ အဖြစ် ပြန်လည်ရွေးကောက်တင်မြှောက်ခံရခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း Sauli Niinisto ထံပေးပို့သည့် သမ္မတရှီကျင့်ဖိန်၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

အဆိုပါ သဝဏ်လွှာတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က နှစ်နိုင်ငံအနေဖြင့် အဆင့်မြင့်ကိုယ်စားလှယ်အဆင့် အနီးကပ်ဆက်ဆံရေးကို ထိန်းသိမ်းထားကြောင်း ၊ နိုင်ငံရေးယုံကြည်မှု အပြည့်အဝရှိကြောင်း ၊ ယဉ်ကျေးမှု အပြန်အလှန်ဖလှယ်မှု နှင့် ပြည်သူအချင်းချင်း ဖလှယ်မှုများ အပါအဝင် ပူးပေါင်းဆောင်ရွက်မှု အပြည့်အဝ ရှိကြောင်း ရေးသားထားသည်။

တရုတ်-ဖင်လန် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုသင်္ကေတအဖြစ် ပန်ဒါဝက်ဝံတစ်စုံသည် ဖင်လန်နိုင်ငံသို့ရောက်ရှိနေခြင်းအပေါ် ဝမ်းမြောက်ပါကြောင်း သမ္မတရှီက ဆိုသည်။

နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်စေရန် အလွန်အရေးကြီးကြောင်း ၊ နှစ်နိုင်ငံအစိုးရ နှင့် ပြည်သူများအတွက် အကျိုးအမြတ်ပိုမိုဆောင်ကျဉ်းပေးပြီး အနာဂတ်ရှေ့ဆောင် ပုံစံသစ် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်အဖြစ် တွန်းအားပေးသွားရန် တရုတ်နိုင်ငံက ဖင်လန်နိုင်ငံနှင့်အတူ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ရေးသားထားသည်။

ပြီးခဲ့သော နှစ် ဧပြီလက တရုတ်သမ္မတရှီကျင့်ဖိန်၏ ဖင်လန်နိုင်ငံ အလည်အပတ်ခရီးစဉ်အတွင်း တရုတ် နှင့် ဖင်လန် နိုင်ငံတို့သည် ပူးတွဲ ပန်ဒါသုတေသန အစီအစဉ် သဘောတူညီချက်အပါအဝင် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်စာချုပ်များကို လက်မှတ်ရေးထိုးခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးခိုင်မာအောင် လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.