Connect with us

Politics, Law & Military

တရုတ်နိုင်ငံက သီရိလင်္ကာနိုင်ငံနှင့် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဆက်ဆံရေး ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အတူတကွ လုပ်ဆောင်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် သီရလင်္ကာနိုင်ငံနှင့်အတူ နှစ်နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဆက်ဆံရေး ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အတူတကွ လုပ်ဆောင်မည် ဖြစ်ကြောင်း သီရိလင်္ကာနိုင်ငံ သမ္မတ Maithripala Sirisena ထံ ဖေဖော်ဝါရီလ ၄ ရက်က ပေးပို့ခဲ့သော သဝဏ်လွှာ၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြောကြားလိုက်သည်။

သီရိလင်္ကာနိုင်ငံ၏ ၁၉၄၈ ခုနှစ်တွင် ဗြိတိသျှကိုလိုနီလက်အောက်က လွတ်မြောက်ခြင်း နှစ် ၇၀ ပြည့်အတွက် ဝမ်းမြောက်ကြောင်း ပေးပို့သည့် သဝဏ်လွှာ၌ ရှှီက တရုတ်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံအကြား အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် ကူညီပေးမှုအား ပြန်ပြောင်းအောက်မေ့ခဲ့သလို ပိုးလမ်းမကြီး စီးပွားရေးကွန်ရက်နှင့် ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမကြီး ပူးတွဲတည်ဆောက်ခြင်းမူဘောင်အောက်အတွင်း လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

“တရုတ်-သီရိလင်္ကာ ဆက်ဆံရေး တိုးတက်မှုအပေါ် အထူးဂရုပြုမိပါတယ်။ အပြန်အလှန် ကူညီမှုရှိပြီး စစ်မှန်တဲ့ တရုတ်-သီရိလင်္ကာ မဟာဗျူဟာကျသော ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံဆက်ဆံရေးနဲ့ ကာလရှည် ချစ်ကြည်ရင်းနှီးမှုကို နှစ်နိုင်ငံနှင့် ပြည်သူများအတွက် ပိုကောင်းတဲ့ ဖွံ့ဖြိုးတိုးတက်မှုအကျိုးစီးပွားကို ထိန်းသိမ်းသွားဖို့ ဆန္ဒရှိပါတယ်” ဟု သမ္မတ ရှှီက ထည့်သွင်းပြောကြားခဲ့သည်။

ခေတ်သစ် ပိုးလမ်းမကြီးဖော်ဆောင်မှုသည် တရုတ်နိုင်ငံက ၂၀၁၃ ခုနှစ်တွင် အဆိုပြုထားခဲ့ခြင်း ဖြစ်ပြီး ရှေးဟောင်း ကုန်းလမ်းနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကြောင်းအား အခြေခံကာ အာရှတိုက်အား ဥရောပတိုက်နှင့် အာဖရိကတိုက်အကြား ကုန်သွယ်မှုနှင့် အခြေခံအဆောက်အအုံ ကွန်ရက်များအား တည်ထောင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.