Politics, Law & Military
တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19 ကူးစက်ရောဂါကြောင့် နှစ်နိုင်ငံ ဖလှယ်ရေးနှင့် စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအပေါ် သက်ရောက်မှုအား လျှော့ချသွားရန် တရုတ်-တောင်ကိုရီးယား နှစ်နိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားသင့်ကြောင်းနှင့် စက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် လတ်တလော ကြုံတွေ့နေရသည့်အခက်အခဲများကို ကျော်လွှားသွားရန် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၆ ရက် ညပိုင်းက တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Kang Kyung-wha နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)