Connect with us

Politics, Law & Military

တရုတ် နိုင်ငံ က ကျန်းမာရေး စနစ် အားနည်းသည့် နိုင်ငံ များအား အစွမ်းကုန် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း (Zhao Lijian) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း (Zhao Lijian) က COVID-19 ရောဂါ တိုက်ဖျက်ရေး လုပ်ငန်း ဆောင်ရွက်စဉ် အတွင်း အာဖရိက တိုက်ရှိ နိုင်ငံ များ က တရုတ် နိုင်ငံ အား အချိန် နှင့် တစ်ပြေးညီ  တန်ဖိုးကြီးမားသော ထောက်ခံမှု နှင့် ကူညီမှုများ ဆောင်ရွက် ခဲ့သည့် အတွက် တရုတ် နိုင်ငံ အနေဖြင့်  သေးငယ်သော ကူညီမှု အပေါ် ကြီးမားစွာ ပြန်လည်ပေးဆပ် လိုသဖြင့် ကျန်းမာရေး စနစ် အားနည်း သည့် နိုင်ငံများ အတွက် အစွမ်းကုန် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ကာ ဒေသတွင်း နှင့် ကမ္ဘာ့ အများပြည်သူ ကျန်းမာရေး လုံခြုံမှု အား ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၅ ရက် ၌ ပြောကြား ခဲ့သည်။

ကျောက်လိကျန်း က COVID-19 ရောဂါ ဖြစ်ပွား ပြီးနောက် တရုတ် နိုင်ငံ အစိုးရ နှင့် ပြည်သူလူထု တို့ သည် ကပ်ရောဂါ အား အစွမ်းကုန် တိုက်ဖျက် ခဲ့ကြပြီး ဘက်စုံ အတင်းကြပ်ဆုံးသော ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်မှုများ ပြုလုပ် ခဲ့ကြောင်း ၊ လက်တွေ့ဆောင်ရွက်မှု အရ တရုတ် နိုင်ငံ ၏ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်း သည် အောင်မြင်မှု ရရှိခဲ့ပြီး ပြည်တွင်း ၌ ရောဂါပိုး မပြန့်ပွားအောင် ထိန်းချုပ် နိုင်ခဲ့ကြောင်း ၊ ကပ်ရောဂါ အား ပြည်ပ နိုင်ငံများ သို့ မပြန့်ပွား အောင် တားဆီး နိုင်ခဲ့ပြီး ကမ္ဘာ့ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် အချိန်များစွာ ရရှိစေခဲ့ကြောင်း ၊ ကပ်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းစဉ် တွင် အာဖရိက နိုင်ငံ များ အနေဖြင့် မိမိ နိုင်ငံ အခြေအနေ အရ အကန့်အသတ်  ရှိသော်လည်း တရုတ် နိုင်ငံ အပေါ် တန်ဖိုးကြီးမားသည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ပြီး တရုတ် နိုင်ငံ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး တွင် ဆောင်ရွက်ခဲ့သည့် ကြိုးပမ်း အားထုတ်မှုများ အပေါ် ထောက်ခံအားပေး ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အခက်ခဲဆုံး အချိန် တွင် အာဖရိက နိုင်ငံများ က တရုတ် နိုင်ငံ နှင့် အတူတကွ ရပ်တည် ခဲ့ခြင်းသည့် လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း အတွေးအခေါ် ၏ အကောင်းမွန်ဆုံး ပုံဖော်မှု ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ကျောက်လိကျန်း က သေးငယ်သော ကူညီမှု အပေါ် ကြီးမားစွာ ပြန်လည်ပေးဆပ်ခြင်း သည် တရုတ် လူမျိုး တို့၏ ကောင်းမွန်သည့် ရိုးရာ အစဉ်အလာ ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ယင်း ချစ်ကြည်မှု နှင့် အကူအညီ များအား ခိုင်မြဲစွာ မှတ်သားထားပြီး ရပ်ဝန်း နှင့် ပိုးလမ်းမ အတူတကွ တည်ဆောက်ရေး နှင့်  နှင့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ပေကျင်း ထိပ်သီး အစည်းအဝေး ရလဒ် များ ကို ဆက်လက် လက်တွေ့ အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း ၊ ကျန်းမာရေး စနစ် အားနည်းသည့် နိုင်ငံများ အပေါ် အစွမ်းကုန် ကူညီထောက်ပံ့မှု များဆောင်ရွက်သွားပြီး ၎င်း တို့၏ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှု စွမ်းရည်အား မြှင့်တင်ပေး ကာ ဒေသတွင်း နှင့် ကမ္ဘာ့ အများပြည်သူ ကျန်းမာရေး လုံခြုံမှု အား ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)