Connect with us

Politics, Law & Military

တရုတ် နိုင်ငံ အား ပုန်ကန် ပြီး ဟောင်ကောင် အား ပဋိပက္ခ ဖြစ်စေသည့် အဖွဲ့ဝင် များအား ဟောင်ကောင် ရဲတပ်ဖွဲ့ ဖမ်းဆီး

တရုတ် နိုင်ငံ ဟောင်ကောင် ရဲတပ်ဖွဲ့ ၏ ၂၀၁၉ ခုနှစ် တွင် ကျင်းပ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တစ်ခု အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင် ၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

ဟောင်ကောင် သတင်းမီဒီယာ များ ၏ ဖော်ပြချက် အရ တရုတ် နိုင်ငံ အား ပုန်ကန် ပြီး ဟောင်ကောင် အား ပဋိပက္ခ ဖြစ်စေသည့် အဖွဲ့ဝင် များ ဖြစ်သည့် လီကျစ်ရင်း၊ လိကျော်ရိန်နှင့် ရန်စိန်းအပါအဝင် အဖွဲ့ဝင် များအား ဟောင်ကောင် ရဲတပ်ဖွဲ့ က ဖေဖော်ဝါရီ ၂၈ ရက် တွင် ဖမ်းဆီး လိုက်ကြောင်း သိရှိရသည်။

သတင်းဖော်ပြချက် အရ ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၇ နာရီ အချိန်တွင် ဟောင်ကောင် ရဲတပ်ဖွဲ့ က လီကျစ်ရင်း နေအိမ် သို့ သွားရောက် ၍ စစ်ဆေးမှုများ ပြုလုပ် ခဲ့ပြီး နံနက် ၈ နာရီ အချိန်တွင် ရဲစခန်း သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၊ ရဲတပ်ဖွဲ့ အနေဖြင့် လီကျစ်ရင်း အား သတင်းထောက် အား ခြိမ်းခြောက်မှု နှင့် ၂၀၁၉ ခုနှစ် သြဂုတ်လ ၃၁ ရက် ၌ ဖြစ်ပွား ခဲ့သည့် ဆန္ဒပြမှု တွင် တရားမဝင် လူစုရုံးမှု နှင့် ပတ်သက်၍ ထိန်းချုပ်စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

လိကျော်ရိန် နှင့် ရန်စိန်း တို့ အား ၂၀၁၉ ခုနှစ် တွင် ဖြစ်ပွား ခဲ့သည့် ဆန္ဒပြမှု တွင် တရားမဝင် လူစုရုံးမှု တွင် သံသယ ရှိသဖြင့် ဖမ်းဆီး ခဲ့ကြောင်း ၊ လီကျစ်ရင်း နှင့် လိကျော်ရိန် စသည့် သူများအား ရဲတပ်ဖွဲ့ ၏ ခွင့်ပြုချက် မရှိဘဲ ဆန္ဒပြမှုကြောင့် ဖမ်းဆီးခဲ့ကြောင်း သတင်းဖော်ပြချက် အရ သိရှိရသည်။

ထို့ပြင် လီကျစ်ရင်း အား Oriental Press Group Ltd. ၏ သတင်းထောက် အား ခြိမ်းခြောက်မှု တွင် ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုခြင်း နှင့် သတင်းယူနေသည့် သတင်းထောက်အား ခြိမ်းခြောက်ခြင်း တို့ နှင့် ပတ်သက်၍ စစ်ဆေးမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဟောင်ကောင် ရဲတပ်ဖွဲ့ က ဖမ်းဆီးစစ်ဆေးမှု နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားမည် ဖြစ်ပြီး သက်ဆိုင်ရာ အခြေအနေ များအား ပြောကြားပေး သွားမည် ဖြစ်ကြောင်း သိရှိရသည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117