Connect with us

Politics, Law & Military

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် ရုရှားနိုင်ငံ ၊ ကာဇက်စတန်နှင့် ဘီလာရုစ်သို့ အလည်အပတ် ထွက်ခွာ

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ရုရှား နိုင်ငံသို့ လည်ပတ်ခဲ့စဉ်

ပေကျင်း ၊ မေ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ ၊ ဘီလာရုစ်နှင့် ကာဇက်စတန် နိုင်ငံများသို့ အလည်အပတ် သွားရောက်ရန် မေလ (၇) ရက် နေ့လည်တွင် ပေကျင်းမှ ထွက်ခွာ ကြောင်း သိရသည်။

သမ္မတရှီကို ကာဇက်စတန် သမ္မတ Nazarbayev က အလည်အပတ် လာရောက်ရန် ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။

မော်စကိုတွင် မေလ (၈) ရက် မှ (၁၀) ရက် နေ့အထိ ကျင်းပမည့် မျိုးချစ်စိတ်ဖြင့် ခုခံကာကွယ် အောင်မြင်ခဲ့သည့် စစ်ပွဲ နှစ် ၇၀ ပြည့်မြောက်သည့် အခမ်းအနား တက်ရောက်ရန် ရုရှားသမ္မတ ပူတင်၏ ဖိတ်ခေါ်ချက် အရလည်း သမ္မတရှီသည် ၎င်း အခမ်းအနားကို တက်ရောက်မည် ဖြစ်သည်။

ဘီလာရုစ်သို့ မေ (၁၀) ရက်မှ (၁၂) ရက်အထိ သွားရောက်မည် ဖြစ်သည်။ သမ္မတရှီ၏ ခရီးစဉ် တွင် ၎င်း၏ ဇနီး လိုက်ပါသွားသည်။ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ၏ အကြီးအကဲများလည်း လိုက်ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.