Connect with us

Politics, Law & Military

တရုတ် ကွန်မြူနစ် ပါတီ အထွေထွေ အတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်မှ တရုတ် KMT ဥက္ကဌ Chu Lilun အား လက်ခံတွေ့ဆုံ

တရုတ် ကွန်မြူနစ် ပါတီ အထွေထွေ အတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်နှင့် ထိုင်ဝမ် KMT ပါတီ ဥက္ကဌ Chu Lilun တွေ့ဆုံ နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၄ ရက်(ဆင်ဟွာ)

တရုတ် ကွန်မြူနစ် ပါတီ အထွေထွေ အတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်မှ မေလ (၄) ရက်နေ့က ပေကျင်း မြို့တွင် တရုတ် Kuomintaung (KMT) ဥက္ကဌ Chu Lilun ဦးဆောင်သော တရုတ် ပြည်မကြီး အလည်အပတ် အဖွဲ့အား လက်ခံ တွေ့ဆုံ ခဲ့သည်။

အထွေထွေ အတွင်းရေးမှူးချုပ် ရှီကျင့်ဖိန် မှ ဥက္ကဌ Chu Lilun ဦးဆောင် သော တရုတ် Kuomintaung (KMT) တရုတ် ပြည်မကြီး အလည် အပတ် အဖွဲ့ အား ကြိုဆိုကြောင်း ပြောကြား ခဲ့သည်။ တရုတ် ကွန်မြူနစ် ပါတီ နှင့် တရုတ် KMT ပါတီ တို့သည် လွန်ခဲ့သော ၁၀ နှစ်က ဖြစ်ပေါ် ခဲ့သော မတည်ငြိမ် ချိန်တွင် နှစ်ဘက် ပြည်သူ တို့၏ အကျိုးတူ ကံကြမ္မာ အတွက် ပူးပေါင်းပါဝင် ထိန်းသိမ်း ခဲ့သောကြောင့် လက်ရှိ အချိန်တွင် နှစ်ဘက် ပြည်သူများ အကျိုးခံစား ခဲ့ရကြောင်း နှင့် နိုင်ငံ တကာမှ လည်း အသိအမှတ် ပြုခဲ့ကြောင်း ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်မှ ထိုင်ဝမ် ရေလက်ကြား နှစ်ဘက် ဆက်ဆံရေး တိုးတက် လာသော ရလဒ်အား တန်ဖိုးထား ရမည် ဖြစ်ကြောင်း ၊ ၁၉၉၂ ခုနှစ်က ရရှိသော သဘောတူညီမှုကို လိုက်နာရမည် ဖြစ်ပြီး ထိုင်ဝမ် ခွဲထွက်ရေးဝါဒအား လုံးဝ ဆန့်ကျင် ကြောင်း အထူးပြောကြား ခဲ့သည်။

ရှီကျင့်ဖိန်မှ ထိုင်ဝမ် ရေလက်ကြား နှစ်ဘက်ရှိ ပြည်သူ များသည် တူညီသော အမျိုးအနွယ်များ ဖြစ်ကြပြီး တူညီသော ယဉ်ကျေးမှုများ ရှိသောကြောင့် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း ဖြစ်ကြောင်း ၊ တစ် ကမ္ဘာလုံး ဆိုင်ရာ စီပွားရေးပုံစံ ပိုမို ဖြစ်ပေါ်လာချိန်တွင် ထိုင်ဝမ် ရေလက်ကြား နှစ်ဘက်သည် ပိုမို၍ ခွဲထွက်မရသော အသိုက်အဝန်း တစ်ခု ဖြစ်လာကြောင်း ၊ အခြေအနေသစ်များအား ရင်ဆိုင်နိုင်ရန် ပါတီနှစ်ခု အနေဖြင့် အပြန်အလှန် ယုံကြည်မှု ပိုမို တိုးပွားအောင် ဆောင်ရွက်ပြီး ထိုင်ဝမ် ရေလက်ကြား နှစ်ဘက် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အတူတကွ ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဤ အကြောင်းအရာ နှင့် ပတ်သတ် ၍ ရှီကျင့်ဖိန် မှ အချက် (၅) ချက် ကို ပြောကြားခဲ့သည်။

အချက်(၁) တွင် ၁၉၉၂ ခုနှစ် သဘော တူညီမှုကို လိုက်နာရမည် ဖြစ်ပြီး ထိုင်ဝမ် ခွဲထွက်ရေး ဝါဒကို ဆန့်ကျင် ခြင်းသည် နှစ်ဘက် ဆက်ဆံရေး တည်ငြိမ် တိုးတက်ရေး အတွက် အခြေခံ ဖြစ်ကြောင်း ၊ တရုတ် ပြည်မကြီးနှင့် ထိုင်ဝမ် သည် တရုတ် နိုင်ငံ တစ်ခု တည်းဆိုတာကို လက်ခံရမည် ဖြစ်ကြောင်း ၊ အတူတကွ တက်ကြွစွာ ညှိနှိုင်း ဆောင်ရွက် ခြင်းဖြင့် ထိုင်ဝမ် ရေလက်ကြား နှစ်ဘက် ဆက်ဆံရေး ပိုမို တိုးတက် စေရန် မူဘောင် များ ချမှတ် သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အချက် (၂) တွင် ထိုင်ဝမ် ရေလက်ကြား နှစ်ဘက် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို လုပ်ဆောင် သွားပြီး နှစ်ဘက် ပြည်သူတို့၏ အကျိုးခံစားမှုများကို တိုးပွားစေခြင်း ၊ အထူးသဖြင့် ထိုင်ဝမ် ရေလက်ကြား နှစ်ဘက်ရှိ အခြေခံ လူတန်းစား အကျိုး ရရှိစေရန် ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ၊ စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရန် ပူးပေါင်း ဆောင်ရွက် ရမည်ဖြစ်ကြောင်း ၊ လူငယ်များ လုပ်ငန်း ထူထောင်ရေးနှင့် အလုပ် အကိုင် အခွင့် အလမ်းများ ပိုမို ရရှိ စေရန် ဆောင်ရွက် ရမည် ဖြစ်ကြောင်း ၊ ကျွန်တော်တို့ အနေဖြင့် တရုတ် ပြည်မကြီးတွင် လာရောက် ရင်းနှီး လုပ်ကိုင်သော ထိုင်ဝမ် ကုမ္ပဏီများ၏ တရား ဥပဒေ အရ အခွင့် အရေးများကို ကာကွယ် သွားပြီး ပိုမို ဖွံဖြိုး တိုးတက် စေမည်ဖြစ်ကြောင်း ၊ တရုတ် တစ်နိုင်ငံ တည်းဟူ သောမူဝါဒကို မဆန့်ကျင်ဘဲ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု များပိုမို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၊ ထိုင်ဝမ် အနေဖြင့် အာရှ အခြေခံ အဆောင်အဦး ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB) သို့ ပါဝင်လိုခြင်းနှင့် ပတ်သက်၍ ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

အချက်(၃) တွင် ထိုင်ဝမ် ရေလက်ကြား နှစ်ဘက်ရှိ ပြည်သူများ အနေဖြင့် စိတ်သဘောထားချင်း ဖလှယ်ရမည် ဖြစ်ပြီး မတူညီမှုများကို လေးစား ရမည်ဖြစ်ပြီး အပြန်အလှန် နားလည်မှု တိုးတက်ရန် ဆောင်ရွက် ရမည် ဖြစ်ကြောင်း ၊ တူညီသောလူမျိုး ၊ တူညီသော ယဉ်ကျေးမှုနှင့် တူညီသော နိုင်ငံဆိုသည်ကို ပိုမိုလက်ခံ သွားရမည် ဖြစ်ကြောင်း ၊ တူညီသော ယဉ်ကျေးမှုပေါ် အခြေခံပြီး ထိုင်ဝမ် ရေလက်ကြား နှစ်ဘက်ရှိ ပြည်သူများ ပိုမို အဆင်ပြေစွာ ထိတွေ့ ဆက်ဆံ နိုင်သော အခွင့်အရေးများကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ လူငယ်များသည် နိုင်ငံ အတွက် အနာဂတ် များဖြစ်သောကြောင့် ထိုင်ဝမ် ရေလက်ကြား နှစ်ဘက်ရှိ လူငယ်များအား ပိုမို ထိတွေ့ ဆက်ဆံ နိုင်သော အခွင့်အရေးများ ဆောင်ရွက်သွားပြီး အတူတကွ လုပ်ကိုင် ဆောင်ရွက် ကြသည့် မိတ်ဆွေများ ဖြစ်ရန် ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အချက်(၄) တွင် တရုတ် ကွန်မြူနစ် နှင့် KMT နှစ်ပါတီ အနေဖြင့် အခြေအနေ အရပ်ရပ် ကို ခြုံငုံ ၍ ရှုမြင် ရမည် ဖြစ်ကြောင်း ၊ အပြန်အလှန် လေးစား ခြင်းဖြင့် ယုံကြည်မှု တိုးပွား ရန် ဆောင်ရွက် ရမည် ဖြစ်ကြောင်း ၊ ထိုင်ဝမ် ရေလက်ကြား နှစ်ဘက်မှ ကာလ တစ်လျှောက်လုံး ရင်ဆိုင် ခဲ့ရသော နိုင်ငံရေး အယူအဆ ကွဲလွဲမှုနှင့် အခက်အခဲများကို ပူးပေါင်း၍ ဖြေရှင်းရန် နည်းလမ်း ရှာဖွေ သွားရမည် ဖြစ်ကြောင်း ၊ တရုတ် တစ်နိုင်ငံ တည်း ဟူသော မူဝါဒ အောက်တွင် နှစ်ပါတီ အနေဖြင့် ညီမျှသော ဆွေးနွေးမှု များပြုလုပ်ပြီး ဖြစ်သင့် ဖြစ်ထိုက်သော အစီအစဉ်များကို ချမှတ် သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အချက်(၅)တွင် တရုတ် အမျိုးသား ပြန်လည် တိုးတက်ဖွံ့ဖြိုး လားရေးသည် အားလုံး အတူတကွ ပူးပေါင်း ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ၊ ထိုင်ဝမ် ရေလက်ကြား နှစ်ဘက်ရှိ တရုတ် လူမျိုးများနှင့် တစ်ကမ္ဘာလုံး ရှိ တရုတ် လူမျိုး များ အချင်းချင်း စည်းလုံး ညီညွှတ် ပါက တရုတ် အမျိုးသား ပြန်လည် တိုးတက်ဖွံ့ဖြိုးရေး သည် မကြာမီ အချိန်တွင် ဖြစ်ပေါ် လာတော့ မည်ဖြစ်ကြောင်း ၊ တရုတ် ကွန်မြူနစ် ပါတီနှင့် KMT ပါတီ အနေဖြင့် တရုတ် အမျိုးသား ပြန်လည် တိုးတက် ဖွံ့ဖြိုးရေး အတွက် လုပ်ငန်း တာဝန်များကို ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Kuomintaung (KMT) ဥက္ကဌ Chu Lilun မှ ၁၉၉၂ ခုနှစ် တွင် ထိုင်ဝမ် ရေလက်ကြား နှစ်ဘက် ညှိနှိုင်းရေး အဖွဲ့ နှင့် ထိုင်ဝမ် ရေလက်ကြား နှစ်ဘက် ဆက်ဆံရေး ဖေါင်ဒေးရှင်း အဖွဲ့ တို့၏ ကြိုးပမ်း အားထုတ်မှုများ ကြောင့် ထိုင်ဝမ် ရေလက်ကြား နှစ်ဘက်သည် တစ်ရုတ် တစ်နိုင်ငံ တည်းဟူသော “၁၉၉၂ ခုနှစ် သဘောတူညီမှု” ရရှိခဲ့ကြောင်း ၊ အခြေခံမူ ရရှိ ရန် အတွက် နှစ်ဘက်မှ အကြိမ်ကြိမ် ဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြကြောင်း ၊ ၂၀၀၅ ခုနှစ် တွင် KMT မှ “၁၉၉၂ ခုနှစ် သဘောတူညီမှု” ကိုပါတီ ၏ ဦးတည်ချက် အဖြင့် သတ်မှတ် ခဲ့ကြောင်း ၊ ထိုင်ဝမ် ရေလက်ကြား နှစ်ဘက်၏ စီးပွားရေး နှင့် ယဉ်ကျေးမှု ဆွေးနွေး ဆောင်ရွက်မှု များသည် လည်း ပူးပေါင်း ဆောင်ရွက်မှု အသွင် သို့ ကူးပြောင်း လာခဲ့ကြောင်း ၊ ထိုင်ဝမ် ရေလက်ကြား နှစ်ဘက် ရှိ လူမျိုးတို့သည် တူညီသော တရုတ်လူမျိုး များ ဖြစ်ပြီး ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း ဖြစ်ကြောင်း ၊ ထိုင်ဝမ် ရေလက်ကြား နှစ်ဘက် ငြိမ်းချမ်းစွာ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်မှု မှာလည်း အောင်မြင်မှု များစွာ ရရှိ ခဲ့ကြောင်း ၊ “၁၉၉၂ ခုနှစ် သဘောတူညီမှု ” ကို အခြေခံ ၍ ထိုင်ဝမ် ရေလက်ကြား နှစ်ဘက် အနေဖြင့် ငြိမ်းချမ်းရေး ၊ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး နှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး စသည့် နယ်ပယ် အသီးသီး တွင် ပူးပေါင်းဆောင်ရွက်ပြီး ထိုင်ဝမ် ရေလက်ကြား နှစ်ဘက် ရှိ အခြေခံ လူတန်းစား များ ၊ အသေးစား အလက်စား စီးပွားရေး လုပ်ငန်းများနှင့် လူငယ်များအား ပိုမို အကျိုးပြု နိုင်ရန် ထိန်းသိမ်း သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

CPC ဗဟို ကော်မတီဝင် Wang Huning , Li Zhanshu နှင့် နိုင်ငံတော် ကောင်စီဝင် Yang Jiechi တို့သည် တွေ့ဆုံပွဲတွင် တက်ရောက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.