Connect with us

Politics, Law & Military

အမေရိကန်-ဂျပန် မဟာမိတ်ဖွဲ့ခြင်းနှင့် ပတ်သက်၍ တရုတ် နိုင်ငံခြားရေး ပြောရေးဆိုခွင့် ရှိသူ ပြောကြား

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Hong Lei သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံခြားရေး ပြောရေး ဆိုခွင့် ရှိသူ ဟုန်လဲ့ (Hong Lei) မှ အမေရိကန်နှင့် ဂျပန် အနေဖြင့် မဟာမိတ် ဖွဲ့ခြင်းသည် တရုတ်နိုင်ငံ အပါအဝင် အခြားတစ်ဖက် နိုင်ငံ၏ အကျိုး စီးပွားကို မထိခိုက် စေရန်နှင့် အာရှ-ပစိဖိတ် ဒေသ တည်ငြိမ် အေးချမ်းမှု မထိခိုက်စေရန် တာဝန် ရှိကြောင်း ပြောကြား ခဲ့သည်။

အမေရိကန်-ဂျပန် ကာကွယ်ရေး ဝန်ကြီးနှင့် နိုင်ငံခြားရေး ဝန်ကြီး “၂+၂” အစည်းအဝေးကို အမေရိကန်နိုင်ငံ နယူးရောက် မြို့တွင် ကျင်းပ ခဲ့ပြီး “ အမေရိကန်-ဂျပန် ပူးပေါင်း ကာကွယ်ရေး လမ်းညွှန်” အသစ်ကို ထုတ်ပြန်ခြင်း၊ ထုတ်ပြန်ချက်တွင် အမေရိကန်-ဂျပန် ပူးပေါင်း လုံခြုံရေး ကာကွယ်မှုတွင် ပါဝင်သော “နယ်နိမိတ် ကန့်သတ်မှု”ကို ပယ်ဖျက် မည်ဟု ပြောကြားခဲ့ခြင်း၊ ထို့ပြင် အမေရိကန်-ဂျပန် လုံခြုံရေး ကာကွယ်မှု စာချုပ်တွင် Diaoyu ကျွန်း ပါဝင်ခြင်းနဲ့ ပတ်သက်ပြီး သတင်းထောက် မေးမြန်းခြင်းကို တရုတ် နိုင်ငံခြားရေး ပြောရေးဆိုခွင့် ရှိသူမှ အောက်ပါ အတိုင်း ပြောကြား ပါသည်။

ဟုန်လဲ့မှ အမေရိကန်-ဂျပန် မဟာမိတ် ဖွဲ့ခြင်းသည် စစ်အေးခေတ် ကာလက ဖြစ်ပေါ်ခဲ့သည့် နှစ်ဖက် စီစဉ်မှု တစ်ရပ် ဖြစ်ကြောင်း၊ စစ်အေး ကာလ ပြီးဆုံးခဲ့တာ ကြာပြီ ဖြစ်သော ယခုချိန်တွင် ၎င်းမဟာမိတ် အဖွဲ့ မည်သို့ ဆက်လက် ဆောင်ရွက် မည်ဆို သည်မှာ အများ စိတ်ဝင်စား ကြကြောင်း ၊ Diaoyu ကျွန်း ပြဿနာနှင့် ပတ်သက်၍ တရုတ် နိုင်ငံ၏ ရပ်တည်မှု သဘောထားသည် ရှင်းလင်း ခိုင်မာကြောင်း၊ Diaoyu ကျွန်း အပါအဝင် ၎င်း၏ တွဲဖက် ကျွန်းများသည် တရုတ်နိုင်ငံပိုင် နယ်မြေများ ဖြစ်ကြောင်း ၊ မည်သည့် သူမှ မည်သည့် စကား ပြောခြင်း၊ မည်သည့် အပြုအမူ လုပ်ဆောင်ခြင်းဖြင့် Diaoyu ကျွန်းသည် တရုတ်နိုင်ငံပိုင် မြေ ဟူသည့် အမှန်တရားကို ပြောင်းလဲ နိုင်မည် မဟုတ်ကြောင်း ၊ တရုတ် နိုင်ငံ အစိုးရနှင့် ပြည်သူ လူထု အနေဖြင့် နိုင်ငံတော် အချုပ်အခြာ အာဏာနှင့် နယ်မြေ တည်တံ့ ခိုင်မြဲရေးကို အစွမ်းကုန် ကာကွယ် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.