Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် အရှေ့အလယ်ပိုင်း ခရီးစဉ် အား တရုတ်-ဆော်ဒီ ချစ်ကြည်ရေး မြှင့်တင်ခြင်းဖြင့် စတင်

၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်တွင် ဆော်ဒီအာရေဗျ နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် ရောက်ရှိလာသည့် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား ဆော်ဒီဘုရင် နှင့် အတူ တွေ့ရစဉ် (ဆင်ဟွာ)

ရီရာ့ဒ်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အရှေ့အလယ်ပိုင်း ခရီးစဉ် ၏ ပထမဆုံးရက် ဖြစ်သည့် ဇန်နဝါရီလ ၁၉ ရက်ကို ဆော်ဒီအာရေဗျနိုင်ငံ နှင့် ဒေသတွင်း ခေါင်းဆောင်များ နှင့် ကျယ်ပြန့်သော အထွေထွေ သဘော တူညီချက်များ အား ဆွေးနွေးကာ နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ခြင်းဖြင့် စတင် ခဲ့ကြောင်း သိရသည်။

ယခု ခရီးစဉ်သည် ၂၀၁၆ ခုနှစ် အတွင်း ရှီ၏ ပထမဆုံး နိုင်ငံခြား ခရီးစဉ် ဖြစ်ကာ ဇန်နဝါရီလ ၁၉ ရက် မှ ၂၃ ရက် အထိ ကြာမြင့်မည် ဖြစ်ပြီး ရှီသည် ၅ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်အတွင်း ဆော်ဒီ အာရေဗျနိုင်ငံမှ အီဂျစ်နိုင်ငံ နှင့် အီရန်နိုင်ငံသို့ ဆက်လက် သွားရောက်မည် ဖြစ်ကြောင်း သိရသည်။ ၎င်းခရီးစဉ်သည် ၇ နှစ်တာ ကာလ အတွင်း ဆော်ဒီ အာရေဗျနိုင်ငံ သို့ တရုတ် နိုင်ငံ သမ္မတ တစ်ယောက် အနေဖြင့် ပထမဆုံး ချစ်ကြည်ရေး ခရီးစဉ် ဖြစ်ကြောင်းလည်း သိရသည်။

တရုတ်နိုင်ငံ နှင့် ဆော်ဒီအာရေဗျနိုင်ငံ တို့သည် လွန်ခဲ့သော၂၆ နှစ် ကတည်းက ခိုင်မာသည့် သံတမန် ဆက်ဆံရေး တည်ရှိခဲ့ပြီး နှစ်ဦးနှစ်ဖက် နိုင်ငံရေး ယုံကြည်မှုများ ဆက်လက် တည်မြဲနေခြင်း နှင့် ကဏ္ဍအသီးသီး ၌ အောင်မြင်စွာ ပူးပေါင်း ဆောင်ရွက်နိုင်မှုတို့ နှင့်အတူ နှစ်နိုင်ငံ ဆက်ဆံရေးသည် ဆပွား တိုးတက် လာခဲ့ကြောင်း ရှီက ချစ်ကြည်ရေးခရီး ရောက်ရှိစဉ် အတွင်း မှတ်ချက်ပေး ပြောကြားခဲ့သည်။

ရှီ သည် ခရီးစဉ် ပထမ ရက်အတွင်း ဆော်ဒီ အာရေဗျနိုင်ငံ ဒုတိယ အိမ်ရှေ့မင်းသား၊ ပင်လယ်ကွေ့ အာရပ် စော်ဘွားများနိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီ (GCC) အကြီးအကဲ များ၊ အစ္စလာမ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်း (OIC) တို့ နှင့် သီးခြားစီ တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.