Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ဒုတိယ သမ္မတ နှင့် ထိုင်းနိုင်ငံ မင်းသမီးတို့တွေ့ဆုံ

တရုတ်နိုင်ငံ ဒုတိယ သမ္မတ နှင့် ထိုင်းနိုင်ငံ မင်းသမီးတို့တွေ့ဆုံ နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယ သမ္မတ လီယွမ်ချောင် နှင့် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ထိုင်းနိုင်ငံ မင်းသမီး မဟာ ချက်ကရီ သီရိဒုံ (Maha Chakri Sirindhorn) တို့သည် ဧပြီလ ၅ ရက်တွင် တွေ့ဆုံခဲ့ကြပြီး ကုန်သွယ်ရေး၊ မီးရထားလမ်း နှင့် ယဉ်ကျေးမှု ဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို ပြုလုပ်ရန် ဆွေးနွေးခဲ့ကြသည်။

လီက နှစ်နိုင်ငံ ဆက်ဆံရေးသည် ၂၀၁၅ ခုနှစ်တွင် ကျရောက်ခဲ့သည့် နှစ် ၄၀ မြောက် သံတမန် ဆက်ဆံမှု အထိမ်းအမှတ်ပွဲ ကျင်းပပြီး ကတည်းက တိုးတက်မှု အသစ်များ ရှိလာခဲ့ကြောင်း၊ တရုတ်-ထိုင်း နှစ်နိုင်ငံ ရင်းနှီးချစ်ကြည်မှု ပိုမိုမြှင့်တင်ရာတွင် အရေးကြီးသော အခန်းကဏ္ဍ မှ ပါဝင် သည့် ထိုင်းသမီးနှင့် ထိုင်းနိုင်ငံ တော်ဝင်မိသားစု တို့ကို လည်း လှိုက်လှဲစွာ ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။

၎င်းက ဆက်၍ နှစ်နိုင်ငံသည် ကုန်သွယ်ရေး၊ မီးရထားလမ်း နှင့် ယဉ်ကျေးမှု ဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု များအား လေးနက်စွာ ဆောင်ရွက် သွားရန် နှင့် နှစ်နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက် ပူးပေါင်း ဆောင်ရွက်မှု များကိုလည်း မြှင့်တင်သွားနိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

ထိုင်းမင်းသမီးက ၎င်းအနေဖြင့် ကဏ္ဍ အသီးသီးတွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု နှင့် ဖလှယ်မှု များကို ဆက်လက် ထောက်ပံ့သွားမည်ဖြစ်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးတက်အောင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.