Connect with us

Politics, Law & Military

တရုတ်-UK ဆက်ဆံရေးတွင် ဗြိတိန် တော်ဝင်မိသားစုက အထောက်အပံ့ ဖြစ်စေကြောင်း ရှီကျင့်ဖိန် ပြော

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ဗြိတိန်တော်ဝင်မင်းသား အင်ဒရူးတို့နှစ်ဦး တရုတ်နိုင်ငံ ၊ ပေကျင်းမြို့တော် ၌ တွေ့ဆုံကြစဉ် ( ဆင်ဟွာ )

ပေကျင်း ၊ ဧပြီ ၆ ရက် ( ဆင်ဟွာ )

ဗြိတိန် တော်ဝင်မိသားစု အနေဖြင့် တရုတ်ပြည်သူ နှင့် ဗြိတိန် ပြည်သူများကြား အပြန်အလှန် နားလည်မှု တည်ဆောက်ရေးတွင် တွန်းအားပေးနိုင်ရန် အရေးပါသော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်နေမည်ဟု ယုံကြည်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ၂၀၁၆ ခုနှစ် ၊ ဧပြီလ ၅ ရက်တွင် ပြောဆိုလိုက်သည်။

တရုတ်နိုင်ငံသို့ချစ်ကြည်ရေး အလည်အပတ်ခရီးစဉ် ရောက်ရှိနေသည့် ဗြိတိန် တော်ဝင်မင်းသား အင်ဒရူး နှင့် မြို့တော် ပေကျင်းရှိ ဂရိတ်ဟော ခန်းမတွင် တွေ့ဆုံစဉ် တရုတ် နိုင်ငံ သမ္မတ က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် သမ္မတရှီက ၂ဝ၁၅ ခုနှစ် အောက်တိုဘာလ အတွင်း ဗြိတိန် သို့အလည်အပတ် ခရီး သွားရောက်စဉ် ဗြိတိသျှ ဘုရင်မကြီး အဲလ်လီဇဘတ် ၂ နှင့် တွေ့ဆုံခွင့်ရခဲ့ရာ အောင်မြင်သည့် ခရီးစဉ်တစ်ခု ဖြစ်ခဲ့ကြောင်း ဖြည့်စွက် ပြောကြားသည်။ တရုတ်-UK နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေးတွင် တော်ဝင် မိသားစုက ကာလရှည် ပါဝင်ခဲ့ခြင်းကို ချီးကျူး ဂုဏ်ပြုကြောင်း သမ္မတရှီက ဆိုသည်။

တရုတ်နိုင်ငံသည် ဗြိတိန်နိုင်ငံနှင့် ချစ်ကြည် ရင်းနှီးစွာ ကူးလူး ဆက်ဆံသွားရန်နှင့် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများကို အဆင့်မြှင့်တင် သွားရန် ဆန္ဒရှိနေပြီး ယခုနှစ်မှ အစပြု၍ တရုတ်-UK ဆက်ဆံရေးတွင် ရွှေရောင်ခေတ် တစ်ခုကို အစပြုလိုက်ခြင်း ဖြစ်သည်ဟုလည်း တရုတ်နိုင်ငံ သမ္မတက ဆိုပါသည်။

ထို့ပြင် နှစ်နိုင်ငံ ပြည်သူများအတွက် ဘုံအကျိုးစီးပွား ဖြစ်ထွန်းစေနိုင်မည့် ပူးပေါင်း ဆောင်ရွက်ရေး အတွက် အနာဂတ်တွင် နှစ်နိုင်ငံ ဆက်ဆံရေးအဆင့်ကို တိုးမြှင့်သွားသင့်သည်ဟုလည်း ၎င်းက ဆိုသည်။ တရုတ်နိုင်ငံ နှင့် ဗြိတိန်နိုင်ငံတို့သည် ယဉ်ကျေးမှု သမိုင်း အစဉ်အလာ ကြီးမားသည့် နိုင်ငံများ ဖြစ်ကြကြောင်း နှင့် နှစ်နိုင်ငံ ပြည်သူများအကြား ယဉ်ကျေးမှု ဖလှယ်ခြင်း ဆိုင်ရာ ကိစ္စရပ်များကိုလည်း တိုးမြှင့် လုပ်ဆောင်သွားရန် လိုအပ်ကြောင်း သမ္မတရှီက ထပ်မံပြောကြားခဲ့သည်။

အလားတူ ဗြိတိန် တော်ဝင်မင်းသား ၊ ယောက်မြို့စားကြီး မင်းသား အင်ဒရူးက နှစ်နိုင်ငံပြည်သူများ အကြား အပြန်အလှန် ကူးလူး ဆက်ဆံရေး တိုးမြှင့်သွားရန် ဆန္ဒရှိပါကြောင်းနှင့် တရုတ်-UK ဆက်ဆံရေး ရွှေရောင်ခေတ် သည် အမှန်တကယ် ထွန်းတောက်လာတော့မည် ဖြစ်ကြောင်း မှတ်ချက်ပြု ပြောကြားခဲ့သည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.