Connect with us

Politics, Law & Military

တရုတ်နိုင်ငံ နှင့် အရှေ့တောင် အာရှနိုင်ငံများ ပူးပေါင်း၍ အကြမ်းဖက် နှိမ်နင်းရေး တိုးမြှင့် လုပ်ဆောင်မည်

တရုတ် - အာဆီယံ အကြမ်းဖက် နှိမ်နင်းရေး ဆွေးနွေးပွဲသို့တက်ရောက်လာကြသော ဧည့်သည်တော်များအားတွေ့ရစဉ် ( ဆင်ဟွာ )

ပေကျင်း ၊ ဧပြီ ၈ ရက် ( ဆင်ဟွာ )

တရုတ် နိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများ ပူးပေါင်း၍ အကြမ်းဖက် နှိမ်နင်းရေးနှင့် လုံခြုံရေးဆိုင်ရာ လုပ်ငန်းများကို တိုးမြှင့် လုပ်ဆောင်ကြရန် သဘောတူညီကြောင်း တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ဧပြီလ ၇ ရက်က ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ဆုံးဖြတ်ခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲတွင် နှစ်ဖက် ခေါင်းဆောင်များသည် တစ်နိုင်ငံချင်းစီ အလိုက် နှင့် နိုင်ငံအားလုံး ပူးပေါင်းပြီး အကြမ်းဖက် နှိမ်နင်းရေး လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်သွားကြရန် တရုတ်နိုင်ငံ ကွန်မြူ နစ်ပါတီ နိုင်ငံရေး နှင့် ဥပဒေရေးရာ ကော်မရှင် အကြီးအကဲ Meng Jianzhu က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။ တရုတ်နိုင်ငံ နှင့် အရှေ့တောင် အာရှ နိုင်ငံများသည် ပထဝီဝင် အနေအထားရ နီးစပ်ကြောင်း ၊ ယဉ်ကျေးမှုအရလည်း ဆက်နွယ်မှု ရှိကြောင်း နှင့် အရှေ့တောင်အာရှ နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံ၏ အကြမ်းဖက် တိုက်ဖျက်ရေး လုပ်ငန်းစဉ်ကို ထောက်ခံ အားပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

ထို့ပြင် ၂ဝ၁၄ ခုနှစ် မေလက ကျင်းပခဲ့သည့် CICA ညီလာခံတွင် တရုတ် နိုင်ငံသမ္မတ ရှီကျင့်ဖိန် အဆိုပြုထားသည့် အာရှနိုင်ငံများ စဉ်ဆက်မပြတ် လုံခြုံရေး ၊ ပူးပေါင်းဆောင်ရွက်ရေး နှင့် အားလုံး ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ရေး ဆိုင်ရာ အဆိုပြုချက်များကို လက်တွေ့အကောင်အထည် ဖော်နိုင်ရန် တရုတ်နိုင်ငံ အနေဖြင့် အသင့်ရှိနေပြီ ဟူ၍လည်း Meng ပြောကြားခဲ့သည်။

ပေကျင်း ညီလာခံသို့တက်ရောက်လာကြသည့် အရှေ့တောင် အာရှ နိုင်ငံများမှ အစိုးရ အရာရှိကြီးများသည် Meng ၏ ပြောဆိုချက်အပေါ် သဘောတူညီကြပြီး အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး အတွက် တရုတ်နိုင်ငံနှင့် သတင်းအချက်အလက်ဖလှယ်ရေး နှင့် ထိရောက်သော အရေးယူမှုများ ပူးပေါင်းဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ကမ္ဘောဒီးယား ပြည်သူ့ရေးရာ လုံခြုံရေးဝန်ကြီး Guo Shengkun လည်း တက်ရောက်ခဲ့ပြီး တရုတ်နှင့်ကမ္ဘောဒီးယား နှစ်နိုင်ငံကြား ဆိုက်ဘာ မှုခင်းများ ၊ လူကုန်ကူးမှုများ နှင့် ဆက်သွယ်ရေး ဆိုင်ရာ သတင်းအချက်အလက် လိမ်လည်မှုများကို ပူးပေါင်း တိုက်ဖျက်သွားကြရန် သဘော တူညီခဲ့ကြောင်း သိရသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.