Politics, Law & Military
တရုတ်နိုင်ငံ နှင့် အီးယူ နိုင်ငံများအကြား ပြည်သူအချင်းချင်း အပြန်အလှန်ဆက်ဆံရေးတိုးမြှင့်ရန် ကတိပြု

ပေကျင်း ၊အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ နှင့် အီးယူအဖွဲ့ဝင်နိုင်ငံများမှ ပြည်သူများအကြား အပြန်အလှန် ဆက်ဆံရေးတိုးမြှင့်သွားရန် နှင့် အပြန်အလှန်ဆွေးနွေးမှုများ တွန်းအားပေးသွားရန် တရုတ်နိုင်ငံဒုတိယဝန်ကြီးချုပ် လျူယန်ဒေါင်း(Liu Yandong) ကအောက်တိုဘာလ ၁ဝရက်တွင်ပြောကြားလိုက်သည်။
EU (ဥရောပသမဂ္ဂ) မှကြီးမှူးကျင်းပသည့် တရုတ်-အီးယူ အဆင့်မြင့် ပြည်သူအချင်းချင်းအကြားဆွေးနွေးပွဲဥက္ကဋ္ဌ Tibor Navracsics နှင့် အီးယူ၏ ပညာရေး ၊ ယဉ်ကျေးမှု ၊ လူငယ် နှင့် အားကစားဆိုင်ရာ ကော်မရှင်နာမင်းကြီး တို့နှင့် တွေ့ဆုံစဉ် လျူက အထက်ပါအတိုင်းမှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ နှင့် အီးယူအဖွဲ့ဝင်နိုင်ငံများ၏ ပြည်သူအချင်းချင်းကြား အပြန်အလှန်ဆက်ဆံမှုသည် အလွန်အရေးကြီးကြောင်း နှင့် တရုတ်-အီးယူ ပြည်သူအချင်းချင်းကြား လုပ်ထုံးလုပ်နည်းဆိုင်ရာ ဆွေးနွေးပွဲ သုံးကြိမ်ပြုလုပ်အပြီးတွင် အောင်မြင်မှုများစွာရရှိခဲ့ကြောင်း လျူက ဆိုသည်။
တရုတ်-အီးယူ ဆက်ဆံရေးတိုးတက်ခိုင်မာစေရန်အတွက် အီးယူအဖွဲ့ဝင်နိုင်ငံများမှ ပြည်သူများအနေဖြင့် တရုတ်နိုင်ငံပြည်သူများနှင့် အပြန်အလှန်ဆက်ဆံရေးကို ဆက်လက်တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Navracsics က ဆိုသည်။ (Xinhua)