Connect with us

Politics, Law & Military

တရုတ် ဝန်ကြီးချုပ် လီခဲ့ချန် မကာအို ရောက်ရှိ

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်အား တွေ့ရစဉ် (ဆင်ဟွာ)

မကာအို၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် မကာအို အထူး အုပ်ချုပ်ခွင့်ရ ဒေသ (SAR) သို့ သုံးရက်ကြာ ခရီးစဉ်အဖြစ် အောက်တိုဘာလ ၁၀ ရက်က ရောက်ရှိခဲ့ကြောင်း သိရသည်။

လီသည် မကာအို အထူး အုပ်ချုပ်ခွင့်ရ ဒေသ အမှုဆောင် အကြီးအကဲ ချွေ့စိုင်အွန် (Chui Sai On) နှင့် လည်းကောင်း၊ အခြား မကာအို တာဝန်ရှိသူများနှင့် လည်းကောင်း တွေ့ဆုံမည်ဖြစ်သည်။ထို့ပြင် ဝန်ကြီးချုပ်သည် တရုတ်နှင့် ပေါ်တူဂီ စကားပြော နိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ငါးကြိမ်မြောက် ဝန်ကြီးများ အစည်းအဝေး ဖွင့်ပွဲသို့ တက်ရောက်မည် ဖြစ်သည်။ယင်း အစည်းအဝေး၌ လီသည် မိန့်ခွန်း ပြောကြားရန်ရှိပြီး ညီလာခံ တက်ရောက်လာသည့် နိုင်ငံ့ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117