Politics, Law & Military
တရုတ်နိုင်ငံ ရဲတပ်ဖွဲ့က အလိုရှိဆုံး တရားခံများ စာရင်းအား ထုတ်ပြန်
ပေကျင်း၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)
အများပြည်သူ လုံခြုံရေး ဝန်ကြီးဋ္ဌာနက ဧပြီလ ၁၀ ရက်တွင် ဆက်သွယ်ရေးနှင့် အင်တာနက် အသုံးပြု၍ ကြီးမားသည့် လိမ်လည်မှုများ ပြုလုပ်ခဲ့သည့် တရားခံပြေး ၁၀ ဦး ၏ စာရင်းအား ၎င်းတို့၏ တည်နေရာအား သိရှိနိုင် ရန်အတွက် ပြည်သူလူ ထုထံ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါ တရားခံစာရင်းတွင် ၎င်းတို့ အမည်၊ လိင်၊ မွေးနေ့၊ အိမ်လိပ်စာနှင့် ID နံပါတ်များကို ဖော်ပြထားပြီး ၎င်းတို့သည် မွေးသက္ကရာဇ် ၁၉၇၁ ခုနှစ်မှ ၁၉၈၉ ခုနှစ် အတွင်း ဖြစ်ကြကာ တရားခံ အများစုသည် နိုင်ငံ၏ တောင်ပိုင်းနှင့် အရှေ့ပိုင်း ဒေသများမှ ဖြစ်ကြောင်း သိရသည်။
သို့သော် ဝန်ကြီးဋ္ဌာနက တရားခံများ ကျူးလွန်ခဲ့သည့် ပြစ်မှု အမျိုးအစားနှင့် ပြစ်မှု အရေအတွက်ကို ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။ ဝန်ကြီးဋ္ဌာနက အဆိုပါ တရားခံ များအား ဖမ်းဆီးနိုင်သည် အထိ သတင်းပေးနိုင်သည့် တစ်ဦးတစ်ယောက် (သို့) အဖွဲ့အား တရားခံ တစ်ဦးစီ အတွက် တရုတ်ယွမ် ၅၀,၀၀၀ (အမေရိကန် ဒေါ်လာ ၇,၇၃၅) ဆုကြေး ငွေချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)