Connect with us

Politics, Law & Military

တရုတ်နိုင်ငံနှင့်နိုင်ဂျီးရီးယားနိုင်ငံတို့ပူးပေါင်ဆောင်ရွက်မှုမြှင့်တင်မည်

တရုတ်ဝန်ကြီးချုပ် လီခဲ့ချန်နှင့် နိုင်ဂျီးရီးယား သမ္မတ ဘူဟာရီတို့အားဧပြီလ ၁၃ ရက်က ပေကျင်းမြို့၌တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း(ဧပြီလ ၁၄ ရက်)

တရုတ်နိုင်ငံအစိုးရအနေဖြင့်အာဖရိကဒေသ၏စီးပွားရေး၌ပါဝင်ပူးပေါင်းဆောင်ရွက်ရေးနှင့်ကမ္ဘာ့စီးပွားနာလန်ထူရေးနှင့်တိုးတက်ရေးတို့အတွက်အာဖရိက၏စီးပွားရေးအင်အားအကြီးဆုံးနိုင်ဂျီးရီးယားနှင့်လက်တွဲဆောင်ရွက်သွားရန်ဆန္ဒရှိကြောင်းတရုတိဝန်ကြီးချုပ်လီခဲ့ချန် က ဧပြီလ ၁၃ ရက်ကပြောကြားခဲ့သည်။တရုတ်နိုင်ငံသို့ရောက်ရှိနေသောနိုင်ဂျီးရီးယား သမ္မတမူဟမ်မာဒူ ဘူဟာရီ နှင့်တွေ့ဆုံရာတွင် လ ီ ကနှစ်နိုင်ငံအကြားအပြန် အလှန်အကျိုးရှိစေမည့်ပူးပေါင်းဆောင်ရွက်ရေးအလားအလာကြီးမားစွာရှိကြောင်းပြောခဲ့သည်။

နိုင်ဂျီးရီးယားနိုင်ငံနှင့်ဆက်ဆံမှုတိုးမြင့်လာစေရေးအတွက် နိုင်ဂျီးရီးယားနိုင်ငံ၏အခြေခံအဆောက်အအုံစီမံကိန်းများတိုးတက်ရေးတရုတ်နိုင်ငံကဦးတည်ဆောင်ရွက်
ခြင်းဖြင့်နိုင်ဂျီးရီးယားနိုင်ငံ၏ထုတ်လုပ်မှုစွမ်းအားတိုးတက်လာစေရေးအကူအညီပေးသွားမည်ဟုဝန်ကြီးချုပ်လီခဲ့ချန်ကပြောခဲ့သည်။၎င်းက တရုတ်ကုမ္မဏီများ နိုင်ဂျီးရီးယား
နိုင်ငံတွင်ရင်းနှီးမြှုပ်နှံရေးအားပေးသွားမည်ဖြစ်သလို နိုင်ဂျီးရီးယား ိုင်ငံကလည်းတရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုများအတွက် ကောင်းမွန်သည့်ကာကွယ်ထောက်ပံ့မှုများပေးသွား
ရန်တောင်းဆိုခဲ့သည်။ နိုင်ဂျီးရီးယားနိုင်ငံသမ္မတ ဘူဟာရီ ကလည်းနိုင်ဂျီးရီးယားနိုင်င၏ဖွံံ့ဖြိုးတိုးတက် မှုအတွက်တရုတ်နိုင်ငံ၏ရေရှည်ထောက်ပံ့ကူညီမှုကိုကျေးဇူးတင်ကြောင်းပြောခဲ့သည်။နိုင်ဂျီုရီးယားအစိုးရအနေဖြင့်နိုင်ငံ၏ ကမ်းရိုးတန်းဒေသရထားလမ်း၊ကားလမ်းများနှင့်ရေ
အားလျှပ်စစ်စက်ရုံများတည်ဆောက်ရေး၊စိုက်ပျိုးရေး၊စက်မှုနှင့်သတ္တုတွင်းကဏ္ဍတို့တွင်တရုတ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်သွားရန်လိုလားကြောင်း၎င်းကပြောခဲ့သည်။
ဘူဟာရီသည်တရုတ်သမ္မတရှီကျင့်ဖိန်၏ဖိတ်ကြားချက်အရ ပေကျင်းမြို့သို့ ဧပြီလ ၁၁ ရက်မှ ၁၅ ရက်အထိတရားဝင်အလည်အပတ်ရောက်ရှိနေခြင်းဖြစ်သည်။
(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.