Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန် ဗြိတိန်နိုင်ငံသို့ တရားဝင် ချစ်ကြည် လည်ပတ်ရေး ခရီးစဉ် စတင်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား ကြိုဆိုရန်အတွက် ဗြိတိန်နိုင်ငံ ဘာမင်ဟမ် နန်းတော်ရှေ့တွင် ကြိုတင်ပြင်ဆင်မှု များ ပြုလုပ်ထားသည်ကို မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဗြိတိန်နိုင်ငံ ဘုရင်မ အဲလိဇဘတ် ၂ ၏ ဖိတ်ကြားချက်ဖြင့် ဗြိတိန် နိုင်ငံ တရားဝင် ချစ်ကြည် လည်ပတ်ရေး ခရီးစဉ် သွားရောက်ရန် ယနေ့ (တနင်္လာနေ့) နေ့လည်ပိုင်းတွင် ပေကျင်းမြို့မှ စတင် ထွက်ခွာ သွားကြောင်း သိရသည်။

အဆိုပါ ချစ်ကြည်ရေး ခရီးစဉ်သည် အောက်တိုဘာလ ၁၉ ရက်မှ ၂၃ အထိ ဖြစ်ပြီး တရုတ်နိုင်ငံ သမ္မတအဖြစ် ဗြိတိန်နိုင်ငံ သို့ ၁၀ နှစ်အတွင်း ပထမဆုံး အကြိမ် သွားရောက်ခြင်းလည်း ဖြစ်သည်။တရုတ်နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ၏ ပြောကြားချက် အရ ဗြိတိန်နိုင်ငံ ဘုရင်မသည် သမ္မတရှီအား ကြိုဆိုခြင်း အခမ်းအနား ပြုလုပ် မည်ဖြစ်ပြီး အလွတ်သဘော နေ့လည်စာ နှင့် တရားဝင် ညစာစားပွဲ အခမ်းအနားတို့သို့ ဖိတ်ကြားမည်ဖြစ်သည်။

လန်ဒန်မြို့တော်ဝန် တည်ခင်း ဧည့်ခံမည့် ဂုဏ်ပြု ဧည့်ခံ ပွဲတွင် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း နှင့်အတူတွဲလျက် မိန့်ခွန်း ပြောကြားရန်လည်း ရှိသည်။

ထို့ပြင် မန်ချက်စတာမြို့တွင် တရုတ်နိုင်ငံ သမ္မတသည် ဂုဏ်ပြု ဧည့်ခံပွဲတစ်ရပ် တက်ရောက်ရန် ရှိသလို သုတေသန စီမံကိန်းများနှင့် ဌာနေ စီးပွားရေး လုပ်ငန်းများသို့ သွားရောက် လည်ပတ်ရန်ရှိသည်။

ရှီ နှင့် အတူ ဇနီး ဖျိန်လိယွမ်၊ တရုတ် ကွန်မြူနစ်ပါတီ (CPC ) ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် မူဝါဒ သုတေသနရုံး၏ ညွှန်ကြားရေးမှူး ဝမ်ဟူနင်း၊ CPC ဗဟိုကော်မတီ ၏ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အတွင်းရေးမှူးရုံး အဖွဲ့ဝင် နှင့် အထွေထွေရုံး ညွှန်ကြား ရေးမှူး လီကျန်းရှု၊ နိုင်ငံတော် ကောင်စီဝင် ရန်ကျဲ့ချီ တို့ လိုက်ပါသွားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.