Connect with us

Politics, Law & Military

တရုတ်-ဗြိတိန် နှစ်နိုင်ငံ ဆက်ဆံရေး အား ရွှေခေတ်ကာလ သို့ ရောက်ရှိအောင် ဆောင်ရွက်နိုင်တော့မည်

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် David Cameron တို့မှ လက်ဆွဲ နှုတ်ဆက် နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် သည် ဗြိတိန် နိုင်ငံ မှ Elizabeth II ဘုရင်မ ၏ ဖိတ်ကြားမှု အရ အောက်တိုဘာ ၁၉ ရက်နေ့ မှ ၂၃ ရက်နေ့ အထိ ဗြိတိန် နိုင်ငံ သို့ ချစ်ကြည်လည်ပတ်ရေး ခရီးစဉ် သွားရောက်မည် ဖြစ်ပြီး ဤသည်မှာ တရုတ် နိုင်ငံ မှ နိုင်ငံတော် ခေါင်းဆောင် တစ်ဦး အနေဖြင့် ဆယ်စုနှစ် တစ်ခု အတွင်း ပထမ ဆုံး အကြိမ် ဗြိတိန် နိုင်ငံ သို့ လည်ပတ်ရေး ခရီးစဉ် သွားရောက်ခြင်း ဖြစ်သည်။ ယခု ခရီးစဉ် မှ နှစ်နိုင်ငံ အနေဖြင့် တရုတ်-ဗြိတိန် နှစ်နိုင်ငံ ဆက်ဆံရေး အား ရွှေခေတ်ကာလ သို့ ရောက်ရှိအောင် ဆောင်ရွက် နိုင်ရန် မျှော်လင့် ထားကြသည်။

ယခု အကြိမ် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ဗြိတိန် နိုင်ငံ သို့ လည်ပတ်ရေး ခရီးစဉ် တွင် လန်ဒန် မြို့ နှင့် မန်ချက်စတာ မြို့ ကိုသွားရောက် လည်ပတ်မည် ဖြစ်ပြီး ထူးခြားသည့် အစီအစဉ် များစွာ နှင့် လည်ပတ်မှု ပုံစံ မှာလည်း ယခင်က ထက်များစွာ ခြားနားမည် ဖြစ်ကြောင်း ၊ စူပါ ချစ်ကြည်ရေး လည်ပတ်မှု ခရီးစဉ် လို့ ခေါ်ဆိုလို့ ရကြောင်း ဗြိတိန် နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး လျိုရှောင်မင် ကပြောကြား ခဲ့သည်။
ထိုပြင် သံအမတ်ကြီး လျိုရှောင်မင် မှ ဗြိတိန် နိုင်ငံ မှ သမ္မတ ရှီကျင့်ဖိန် အား ရိုးရာ ကျင်းပ နေကျ ကြိုဆိုပွဲ ပုံစံဖြင့် ကြီးကျယ်ခမ်းနား စွာ ကျင်းပသွားမည် ဖြစ်ကြောင်း ၊ ဗြိတိန် တော်ဝင်မျိုးနွယ် မိသားစု များမှ သမ္မတ ရှီ နှင့် ဇနီး ကြိုဆိုပွဲ ကို တက်ရောက်ကြမည် ဖြစ်ကြောင်း ၊ ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် မှ လည်း သမ္မတ ရှီ နှင့် အတူတကွ လန်ဒန် မြို့တွင် ပြုလုပ်မည့် ပွဲများကို အတူတကွ လိုက်ပါ တက်ရောက် မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် David Cameron မှ ၂၀၁၅ ခုနှစ်သည် ဗြိတိန်-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး ၏ ရွှေနှစ် ဖြစ်ကြောင်း ကို ထုတ်ပြန်ချက် များတွင် အကြိမ်ကြိမ် ပြောကြား ခဲ့ပြီး လာမည့် အနာဂတ် ၅ နှစ်အတွင်း ဗြိတိန်-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး အား ရွှေခေတ်ကာလ သို့ ရောက်ရှိအောင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
တရုတ် နိုင်ငံ ပြည်သူ့တက္ကသိုလ် နိုင်ငံတကာရေးရာ ဌာန ပါမောက္ခ ဝမ်ရိဝေ မှ ဗြိတိန် နိုင်ငံ သည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ၏ အမြဲတန်း အဖွဲ့ဝင် နိုင်ငံ နှင့် အီးယူ အဖွဲ့အစည်း တွင် အင်အားကြီး နိုင်ငံ ဖြစ်ကြောင်း ၊ တရုတ်-ဗြိတိန် နှစ်နိုင်ငံ ဆက်ဆံရေး သည် အပြန်အလှန် အကျိုးပြုသည့် ပမာဏ ထက် မဟာဗျူဟာ ဆက်ဆံရေး နှင့် အပြည်ပြည်ဆိုင်ရာ သောက်ရောက်မှု ကြီးမား သည့် ပုံစံ သို့ ရောက်ရှိ နေပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
တရုတ် နိုင်ငံ စီးပွားရေး ဝန်ကြီးဌာန အတွင်းရေးမှူး ကျန်ကျိ ၏ ပြောကြားချက်အရ ယခု အကြိမ် သမ္မတ ရှီကျင့်ဖိန် ၏ ဗြိတိန် နိုင်ငံ လည်ပတ်ရေး ခရီးစဉ်တွင် ကုန်သွယ်မှု ကဏ္ဍ၌ အောင်မြင်မှု များစွာ ရရှိနိုင်မည် ဖြစ်ကြောင်း ၊ ထို့ပြင် အစိုးရ ခြင်း သဘောတူညီမှု များ ၊ ငွေကြေးဆိုင်ရာ နှင့် စီးပွားရေး လုပ်ငန်း ဆိုင်ရာ စသည့် ကဏ္ဍ အသီးသီး တွင် ပူးပေါင်းဆောင်ရွက်မှု များလည်း ရရှိ နိုင်မည် ဖြစ်ကြောင်း ၊ တရုတ်-ဗြိတိန် နှစ်နိုင်ငံ မှ အမြန်ရထားလမ်း ၊ နျူစွမ်းအင် လျှပ်စစ်ဓာတ်အား ပေးစက်ရုံ ၊ ငွေကြေးဆိုင်ရာ စီမံကိန်း စသည် တို့တွင် နှစ်နိုင်ငံ အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု များအား တွန်းအားပေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
လက်တလော နှစ်ပိုင်းတွင် တရုတ်-ဗြိတိန် နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သည် အဆက်မပြတ် တိုးမြင့်လာ ခဲ့ပြီး ၂၀၁၄ ခုနှစ် တွင် တရုတ်-ဗြိတိန် နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏ မှာ ၈၀.၈ ဘီလီယံ ရှိခဲ့သည်။ ဤ ပမာဏ မှာ ယခင် နှစ်ထက် ၁၅.၃ ရာခိုင်နှုန်း မြင့်တက် ခဲ့ခြင်း ဖြစ်ပြီး ၅ နှစ်အတွင်း တစ်ဆ ပိုမို မြင့်တက် ရန် ဆောင်ရွက်ရန် ရည်မှန်းချက် အား အကောင်အထည် ဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယခု နှစ် မတ်လ တွင်လည်း ဗြိတိန် တော်ဝင် မင်းသား William မှ ရှန်ဟိုင်း မြို့ကို လာရောက် ခဲ့ပြီး ဗြိတိန် ယဉ်ကျေးမှု ပွဲတော် အား လာရောက် ဖွင့်လှစ်ပေး ခဲ့သည်။ ဤပွဲ မှ တစ်ဆင့် ဗြိတိန် နိုင်ငံ ၏ ဖက်ရှင် ၊ နည်းပညာ ၊ ဂီတ နှင့် ပညာရေး စသည့် နယ်ပယ် များတွင် တီထွင် ဆန်းသစ် သည့် အိုင်ဒီယာ များကို သိရှိ နိုင်ခဲ့ရပြီး ဗြိတိန် နိုင်ငံ မှ တရုတ် နိုင်ငံ ရှိ ဈေးကွက် ကိုလည်း တိုးချဲရန် တွန်းအား ပေးနိုင်ခဲ့သည်။ ထို့ပြင် နှစ်နိုင်ငံ ယဉ်ကျေးမှု ဆိုင်ရာ လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု အတွက်လည်း တိုးချဲဆောင်ရွက် ပေးနိုင်ခဲ့သည်။
တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ဗြိတိန် နိုင်ငံ လည်ပတ်ရေး ခရီးစဉ် တွင် ယဉ်ကျေးမှု ဆိုင်ရာ ပွဲများကိုလည်း တက်ရောက် သွားမည် ဖြစ်ကြောင်း သိရှိခဲ့ရပြီး ရည်ရွယ်ချက် မှာ နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်မှု နှင့် ပြည်သူလူထု အကြား ချစ်ကြည်ရေး အတွက် ကောင်းမွန်သည့် အခြေခံ များ တည်ဆောက်ရန် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117